တက္ကသိုလ်စိန်တင်။ ““ဖတ်ရပါတယ်ဗျာ၊ ဒီမိုကရေစီအရေးကို ကိုယ်အားရှိသမျှ ဥာဏ်အားရှိသမျှ ရွက်ဆောင်ခဲ့ပြီး၊အကျဉ်း ထောင်ထဲမှာ ကာလရှည်ကြာ ပင်ပန်း နွမ်းနယ်စွာ၊ဒုက္ခခံခဲ့ရရှာတဲ့ စာရေးဆရာ သတင်းစာဆရာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အရွေးချယ်ခံ၊လွှတ်တော်ကိုယ် စားလှယ်(ဟောင်း) ဆရာမောင်ဝံသရဲ့
ကျန်းမာရေးအခြေအနေကို ဒေါ်အောင် ဆန်းစုကြည်သွားရောက်မေးမြန်း အား ပေးစကားပြောခဲ့တယ်တဲ့””
သမိုင်းသုတေသီ။ ““ဒီလို၊ဒေါ်အောင်ဆန်း စုကြည်နဲ့ ဆရာမောင်ဝံသတို့ တွေ့ဆုံခဲ့ စဉ် မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေး အခြေအနေကို ဆွေးနွေးကြရင်း ဒေါ် အောင်ဆန်းစုကြည်က ပြောဆိုခဲ့ရာမှာ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေသည် ဒီမိုကရေစီရရှိခြင်း မရှိသေးကြောင်း တရားရုံးများသို့ သွားရောက်လေ့လာသည့် အခါ ပြည်သူများမှာ မပြောရဲ မဆိုရဲဖြစ် ကာ ကြောက်ရွံ့နေသေးကြောင်း၊ အခြေခံ ဥပဒေပြင်ရန်၊အရေးကြီးကြောင်း၊ အခြေ ဥပဒေပြင်ပြီးမှသာ ဒီမိုကရေစီသို့ရောက် ရှိမှာဖြစ်ကြောင်း၊ အခြေခံဥပဒေပြင်ရန် ပြည်သူလူထု၏အားသည် အဓိကအကျ ဆုံးဖြစ်ကြောင်း၊ ပြောဆိုခဲ့ကြောင်း၊ ပြည်သူ့ ခေတ်ဂျာနယ် (၁.၁၁.၂၀၁၂)နေ့ထုတ် မှာ သတင်းရေးထားတယ်။
တက္ကသိုလ်စိန်တင်။ ““ဒီသတင်းလည်း ဖတ် ပြီးပါပြီ””
သမိုင်းသုတေသီ။ ““ဒီလိုဆိုရင်ဗျာ။မြန်မာ နိုင်ငံက (၅၇)သန်းရှိတဲ့ ပြည်သူတွေ၊ မျှော်လင့်စောင့်စား အားထားနေကြသော ဒီမိုကရေစီခရီးပန်းတိုင်ရောက်ဘို့ အတော်ကြီးကို ခရီးဝေးနေသေးတယ်ပေါ့ နော်””
တက္ကသိုလ်စိန်တင်။ ““ဒီမှာ၊သမိုင်းသုတေ သီရေ၊ဒီမိုကရေစီခရီးပန်းတိုင်ကို လှမ်း ကိုင်ဖို့ ဝေးတယ်၊ နီးတယ်နဲ့ပြည်သူတွေ ပြောမနေစေချင်ဘူး။ အရေးကြီးတာက ကိုယ့်ခေါင်းဆောင်နောက်မှာ ညီညာစွာ ရှိနေဖို့ပဲ””
သမိုင်းသုတေသီ။ ““တက္ကသိုလ်စိန်တင် ပြောတဲ့ သဘောကို ပြည်သူလူထုက အမြဲ၊စောကြော ဆန်းစစ်၊နားလည်ဘို့ လို အပ်လှပါတယ်ဗျာ။ ဒါနဲ့စကားမစပ်၊ သတင်းစာဆရာ မောင်ဝံသရဲ့ ကျန်းမာ ရေးအခြေအနေက ဘယ်လိုနေသလဲ။ တက္ကသိုလ်စိန်တင်ရော ဆရာမောင်ဝံသ ရဲ့ ကျန်းမာရေးအခြေအနေသတင်း သွား ပြီး မေးမြန်းခဲ့သေးလား””
တက္ကသိုလ်စိန်တင်။ ““ဆရာမောင်ဝံသထံ မရောက်သေးပါဘူး။ဒီလိုပါဗျာ၊မကျန်း မာဖြစ်နေတဲ့ လူမမာတစ်ဦးထံကို ခင်မင် ရင်းနှီးလို့ သတင်းသွားမေးတဲ့အခါ ခင်များမှာ လွန်စွာအလုပ်ရှုပ်ကြမယ်။ လူမမာကျန်းမာဖို့ ဂရုစိုက်ရတာက တစ် ဖက်၊ဧည့်သည်ကို ဧည့်ခံပြောဆိုရတာ က တစ်ဖက်၊တော်တော်ကလေး အခက် အခဲတွေ့တတ်ကြတယ်။ ဒါကြောင့် ကိုယ့် ရဲဘော်၊ဆရာမောင်ဝံသ ကျန်းမာချမ်းသာ ပြီး မြန်မာပြည်ဒီမိုကရေစီရေးကို ဆက် လက်ကြိုးပမ်းအောင်ပွဲခံပါရစေလို့ အိမ် က ဗုဒ်္ဓမြတ်စွာဘုရားထံ အောင်သပြေ ပန်းကပ်လှူပြီးတော့ နေ့စဉ် မေတ္တာပို့ ဆုမြတ်ပန်ချွေလျက်ပါ။””
သမိုင်းသုတေသီ။ ““ဆရာမောင်ဝံသက သေမိန့်ကျရောဂါတစ်ခုလို့ နားလည်ထား ကြတဲ့ ကင်ဆာရောဂါနဲ့ စစ်ပွဲဆင်နွှဲနေ ရတယ်လို့ ပြောချင်လွန်းလို့ ဆောင်းပါး မှာ ရေးသားခဲ့တာကို စာရေးဆရာ ကိုစိန်တင် ဘာပြောချင်သလဲ””
တက္ကသိုလ်စိန်တင်။ ““ပြောချင်တာရှိပါ တယ်။ ဒီစာမျက်နှာပေါ်ကပဲ တင်ပြလိုက် ပါရစေ။ကင်ဆာရောဂါကြောင့် တိမ်းပါး ကွယ်လွန်နိုင်တယ်ဆိုတာ အားလုံးသိရှိ ပြီးသားပါပဲ။ဒါပေမယ့် ၁၉၈၆ခုနှစ်မှာ လည်ချောင်းကင်ဆာရောဂါခံစားခဲ့ရတဲ့ ရုပ်ရှင်မင်းသမီး၊အကယ်ဒမီ ခင်ယုမေ ဟာ ကင်ဆာရောဂါဝေဒနာကို ဓာတ် ကင်ကုထုံးနဲ့ကုသခဲ့ပြီး ယနေ့တိုင်အသက် အရွယ် ရှစ်ဆယ်တန်းမှာ ကျန်းမာနေ လျက်ပါ။အလားတူ ကျောင်းအုပ်ဆရာ မကြီး ဒေါ်တင်အေးဆင့် (M,E.d) နဲ့ ပါမောက္ခ ဒေါ်အမာကြည် (ပညာရေး တက္ကသိုလ်)တို့ဟာ ကင်ဆာရောဂါနဲ့ ရင် ဆိုင်ယှဉ်ပြိုင် အနိုင်ယူပြီး ဒီကနေ့ကျန်း မာကြတော့ ချမ်းသာစွာရှိနေကြပါတယ်။ တစ်ခုပြောချင်တာက ကင်ဆာရောဂါ ဟာ သေမိန့်ရောဂါခေါ်ဆိုနိုင်သော်လည်း ချွင်းချက်နဲ့သာလျှင် ခေါ်ဆိုနိုင်ပါလိမ့် မယ်။ ကင်ဆာရောဂါကို ဓာတ်ကင်ကုသ ပြီး ကျန်းမာပျော်ရွှင်စွာ ရောဂါပျောက် ကင်းခဲ့တာ မြန်မာရော၊ကမ်္ဘာမှာပါများစွာ ရှိတယ်””
သမိုင်းသုတေသီ။ ““ကင်ဆာရောဂါကို ကုသပေးနေတဲ့ တချို့တချို့ဆရာဝန်ကြီး များ စကားအပြောအဆို လောကြီးကြ တယ်””
တက္ကသိုလ်စိန်တင်။ ““သိပ်မှန်တဲ့ စကား ပါ။ကင်ဆာရောဂါဝေဒနာရှင် တစ်ဦး ဖြစ်တဲ့ ဦးဇော်ဝင်းကို ခွဲစိပ်ကုသမယ့် အထူးကုဆရာဝန်ကြီးက ဦးဇော်ဝင်းကို ခွဲစိပ်ခန်းထဲ မသွင်းမီမှာ (၆)လမှ (၁)နှစ် အထိပဲ နေရလိမ့်မယ်ပြောခဲ့သတဲ့။ ယခု ဦးဇော်ဝင်းကို ခွဲစိပ်ကုသပြီးတာ (၂)နှစ် ခွဲရှိပြီ။ကျန်းမာလျက်ပါပဲတဲ့””
သမိုင်းသုတေသီ။ ““ဒါနဲ့မေးရဦးမယ်။ဟို တစ်ပက် တနင်္ဂနွေနေ့က တက္ကသိုလ်စိန်တင် သေကောင်ပေါင်းလဲ ဝေဒနာခံ စားရလို့ ညကြီးမင်းကြီး ဆရာဝန်အမြန် ခေါ်လိုက်ရတယ်ဆို””ဘာဖြစ်တာလဲ။ အသောက်လွန်သွားတဲ့ စာရေးဆရာများ သွားလို့လား””
တက္ကသိုလ်စိန်တင်။ ““သူများအထင်ကြီး အောင် မပြောပါနဲ့ဗျာ။တက္ကသိုလ်စိန်တင် ဆိုတဲ့ စာရေးဆရာလူညံ့ဟာ အရက်ဆို လို့ တစ်စက်မျှ လျှာပေါ်မတင်ဖူးသူပါ။ အဲဒီနေ့က ဖြစ်တာဒီလိုပါ””
တက္ကသိုလ်စိန်တင့်။ ထိုနေ့ကတက္ကသိုလ်စိန်တင် နှင့်စိမ့်(ပညာရေး)တို့သည် ဒဂုံဆိပ်ကမ်း မြို့နယ်ရှိ ညီမလေးတို့မိသားစုထံရောက် သည်။ သွေးတိုး၊နှလုံး၊ဆီးချို၊သွေးချို၊အ စာအိမ်ရောဂါမရှိသော (ဒါက ကိုယ့်ကို ကိုယ် ထင်နေတာ။တစ်ကြိမ်တစ်ခါမျှ ဆေးစစ်ခြင်း မပြုဘူး။) ကိုစိန်တင်သည် နှမလေးအိမ်၌ အုန်းနို့ခေါက်ဆွဲ နှစ်ပွဲ တိတိစားပြီး ကားမောင်း၍မြောက်ဒဂုံ အိမ်ပြန်လာသည်။အိမ်ရောက်လျှင် ခြံထဲ က အုန်းပင်မော့ကြည့်၍ အုန်းသီးတစ် ခိုင်ချပြီး အုန်းရည်သောက်၊အုန်းသီးစား သည်။နောက်တော့ ညနေထမင်း၊တစ်ပွဲ ငါးပတ်မွှေဟင်းဖြင့် ဗိုက်တင်းအောင်စား လိုက်သည်။
ညစာထမင်းစားပြီးလျှင် နံနက်က ဓာတ်ချုပ်သဖြင့် BPI ထုတ်သော MOM၀မ်းနှုတ်ဆေး(၁၀)လုံးသောက်သည်။ နောက်တစ်နာရီအကြာတွင် အသက် ရှုကျပ်၊ရင်ခေါင်းက မခံမရပ်နိုင်အောင် တင်းလာပြီး အောင်မယ်လေး အနေရ ကျပ်လိုက်တာ အမေရေ၊အမေရေ အော် နေမိသည်။
မကြာမီ သန့်စင်ခန်းထဲဝင်ပြီး လက် ဆေးကန်မှာ အာခေါင်ထဲလက်ထိုး၍ တဝေါ့ဝေါ့အန်ပစ်လိုက်သည်။ စားထား သော အစားအစာတွေအားလုံးနီးပါး အန်ပြီးသော်လည်း ရင်ဘတ်ကြီးတင်း နေသော ဝေဒနာက မသက်သာ အော် ဟစ်ကာနေရသည်။ စိမ့်(ပညာရေး)က ဆိုက်ကားတစ်စီးခေါ်၍ တက္ကသိုလ်စိန်တင်ကို ဆိုက်ကားပေါ်တင်ကာ အိမ်အနီး ဒေါက်တာကျော်ဆွေ၏ မင်္ဂလာသုခဆေး ခန်းလိုက်ပို့တော့ ညဥ့်(၈)နာရီထိုးပြီ။ မင်္ဂလာသုခဆေးခန်း ပိတ်သွား၍ တအင်းအင်း၊တအဲအဲ ကယ်ပါ၊ယူပါ ညည်းညူ ရင်း အိမ်ပြန်လာသည်။ထိုစဉ် နှမလေး ခင်စန်းလှ၏ သမီး ခင်ထားအေးက ဦးနု ရေး တာတေစနေသား စာအုပ်ကောင်း လှကြောင်း ဖုန်းနှင့်ခေါ်ပြောစဉ် ““နင်တို့ အဘ ကိုစိန်တင် ဒီလိုဒီလိုဖြစ်လို့ ဒုက္ခ ရောက်နေတယ်”” စိမ့်က ပြောလိုက်သည်။
နောက်တစ်နာရီအကြာ ခင်ထားအေး နှင့် သူ့အစ်ကို ရဲသန့်ဇင်တို့ ဒေါက်တာ ပြည့်ဖြိုးအောင် ကို မြောက်ဒဂုံ ကုန်ပဒေ သာမှတ်တိုင် သီရိစံဆေးခန်းမှာ ၀င်ခေါ် ပြီး ရောက်လာကြသည်။ ဒဂုံဆိပ်ကမ်း မြို့နယ်မှ ညီမလေးနှင့်သူ့သမီးကြီးလည်း ကားတစ်စီးဖြင့် အူယားဖားယား ပြေးလာ ကြ၏။ ရုပ်ရည်ဖြောင့်ဖြောင့် စကားရည် မွန်သူ ဆရာဝန်ဒေါက်တာပြည့်ဖြိုးအောင် ဆေးထိုး၊ဆေးတိုက်၊ကုသပေး၍ အိပ် ပျော်သွားသည်။ အသက်(၇၀)တန်း၊အဖိုး အိုမဖြစ်တဖြစ် စာရေးဆရာ သံချောင်း တို့အဖေ ကံကောင်းလို့မသေတဲ့ ဇာတ် လမ်း က ပြခဲ့ပါသဗျာ””
သမိုင်းသုတေသီ။ ““တက္ကသိုလ်စိန်တင်၊ဒီမိုကရေစီကိုသွားနေတဲ့ရှည်လျား တဲ့ခရီး ကျန်း မာဘို့ အရေးကြီးပေသဗျ””
တက္ကသိုလ်စိန်တင်။ ““မှန်ပါပေသဗျာ””
တက္ကသိုလ်စိန်တင်
Hot News

No comments:
Post a Comment