အာဆီယံရုပ်သေးပွဲတော်သို့ တက်ရောက်ရန်အတွက် ထွေးဦးမြန်မာရုပ်သေးအဖွဲ့သည် နိုဝင်ဘာလ ၅ ရက်နေ့တွင် စင်ကာပူနိုင်ငံသို့ စတင်ထွက်ခွာရန်စီစဉ်ထားသည်ဟု သတင်း ရရှိသည်။အဆိုပါ ဖျော်ဖြေပွဲကို စင်ကာပူ နိုင်ငံ Goodmans Art Center ၌ နိုဝင်ဘာလ ၇ ရက်နေ့တွင် စတင်ပြု လုပ်မည်ဖြစ်ပြီး မြန်မာရုပ်သေး အဖွဲ့နှင့် ဆိုင်းအဖွဲ့များ၏ ဖျော်ဖြေမှု ကိုနိုဝင်ဘာလ ၇ ရက်၊ ၉ ရက်နှင့် ၁၀ ရက်နေ့များတွင် ပြုလုပ်ရန်စီစဉ် ထားသည်ဟု သိရှိရသည်။
''အာဆီယံရုပ်သေးပွဲတော်မှာ မြန်မာရုပ်သေးအဖွဲ့ကို
လာရောက်ဖျော် ဖြေဖို့ဖိတ်ကြားလာတဲ့အတွက် ကျွန် တော်တို့အဖွဲ့အနေနဲ့ သွားရောက် ဖျော်ဖြေဖြစ်မှာပါ။ ထူးခြားမှုအနေနဲ့ တော့ ထွေးဦးမြန်မာရုပ်သေးအဖွဲ့နဲ့ အတူ ဆိုင်းဆရာကြီးစိန်မွတ္တားက ပါဝင်တီးခတ်ပေးမှာပါ။ မြန်မာ့ရိုးရာ ဆိုင်းလက်သံကို မြန်မာရုပ်သေးကပြ မှုနဲ့တင်ဆက်သွားမှာပါ'' ဟု ထွေးဦး မြန်မာရုပ်သေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြခဲ့သည်။
ထွေးဦးမြန်မာရုပ်သေးအဖွဲ့ နှင့်ဆိုင်းဆရာအကယ်ဒမီစိန်မွတ္တား တို့ပြည်ပတွင် ပထမဆုံးအကြိမ် ပူးပေါင်း တီးခတ်ခြင်းဖြစ်ပြီး ရာမ ဇာတ်တော်အတွင်းမှသမင်လိုက်ခန်း၊ မင်းသားနှင့် မင်းသမီးတို့၏ စုံတွဲ အက၊ ဦးရွှေရိုးနှင့်ဒေါ်မိုးအက၊ မြင်း၊ နဂါးအကများကို ရုပ်သေးရုပ်များ ဖြင့်တင်ဆက်ကပြသွားမည်ဟု သိရ သည်။
Eleven Media Group

No comments:
Post a Comment