“ကျွန်တော်တို့ လူကြီးမင်းဖုန်း ဆိုင်တွေမှာ ပြုလုပ်ခဲ့တဲ့မဟာလျှော့ ဈေးအစီအစဉ်ကို ၀ယ်ယူအားပေး ကြတဲ့ Customers မိဘပြည်သူ တွေကိုကျေးဇူးလည်းတင်ပါတယ်။ နောက်တစ်ခုက၀ယ်ယူသူတွေ အရမ်းကိုများလာတဲ့အတွက် အချင်းချင်းထိခိုက်ဒဏ်ရာရရှိပြီး မလိုလားအပ်တဲ့ပြဿနာတွေဖြစ် လာတာကြောင့် ကျွန်တော်တို့ရဲ့ အစီအစဉ်ကို
ရပ်ဆိုင်းလိုက်ရတဲ့ အတွက် အလွန်ဝမ်းနည်းစွာဖြင့် တောင်းပန်အပ်ပါတယ်။ နောက် တစ်ခုက ဒီပြီခဲ့တဲ့မဟာလျှော့ဈေး အစီအစဉ်ကိုတော့ ကျွန်တော်တို့ လုံးဝရပ်ဆိုင်းလိုက်ပါပြီ။ ဒါပေမဲ့ ရပ်ဆိုင်းတယ်ဆိုတာက မိဘပြည် သူတွေအုံအုံကြွကြွဖြစ်သွားတဲ့ အစီအစဉ်ကိုပါ။ လုံးဝယတိပြတ် ဖြတ်လိုက်တာမျိုး ဒီဟာကိုမပေး ချင်တော့ဘူးဆိုပြီး ပြောတဲ့စကား မျိုးလည်းမဟုတ်ပါဘူး။ အခုပြီးခဲ့ တဲ့ပုံစံနဲ့ကတော့ တော်တော်လေး ကိုခက်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့တခြားအစီအစဉ်တစ် ခုအနေနဲ့ လူတွေလဲစိတ်ဝင်စားပြီး ယုံယုံကြည်ကြည်နဲ့ စည်းစနစ်ကျ တဲ့ ပုံစံမျိုးကိုပြန်ပြီးလုပ်ပေး သွားမှာပါ။ လသာမှာ တိုကင်ရ ထားပြီးသား လူတွေကိုလည်း နောက်တစ်မျိုးနဲ့ ဘယ်လိုလုပ်ပေး ရင်ကောင်းမလဲဆိုပြီစီစဉ်နေပါ တယ်။ ၀ယ်မှပေးသလိုမဟုတ်ဘဲ လူတိုင်းကိုတန်းတူပေးနိုင်မဲ့ ပုံစံ မျိုးကိုလည်း စီစဉ်ထားပါတယ်”ဟု လူကြီးမင်းဖုန်းဆိုင်မှတာဝန်ရှိသူများ က စာနယ်ဇင်းရှင်းလင်းပွဲ၌ပြော ကြားခဲ့သည်။
လွန်ခဲ့သော မဟာဈေးရောင်း ပွဲတော်ကြီးမှာ မိဘပြည်သူအချို့ ထင်မြင်သကဲ့သို့လိမ်လည်ခြင်း မဟုတ်ကြောင်း နေပြည်တော်နှင့် တော်ကြီးတွင် သက်သေပြသွား ကြောင်း ရန်ကုန်၌ ဤကဲ့သို့အဖြစ် အပျက်ဖြစ်ပေါ်ရသည့်အတွက် လူကြီးမင်းဖုန်းဆိုင်များအား ယာယီပိတ်ထားရပါကြောင်းနှင့် ဆိုင်ပြန်ဖွင့်သည့်အချိန်၌ မိမိတို့၏ ၀န်ဆောင်မှုနှင့် ကိုယ်ရည်ကိုယ်သွေး များကို သေသေချာချာအားဖြည့် ပြီး အားသစ်လောင်း၍ အရင် ထက်ပိုမိုအားစိုက်ထုတ်ရန် ကြိုး စားသွားမည်ဖြစ်ကြောင်း ဆက် လက်ပြောကြားခဲ့သည်။
ညီညီအောင်
Hot News

No comments:
Post a Comment