ဒီဘလောက်သည် သတင်းဝါသနာရှင်များ တစ်နေရာတည်းတွင် သတင်းများ စုံလင်စွာ ဖတ်ရှုနိုင်ရန်အတွက် ၀ါသနာ အလျောက် လွှင့်တင်ထားသော ဘလောက်ဖြစ်ပါတယ်ခင်ဗျာ။သတင်းဌာနကြီးများ၏ မူရင်းသတင်းများကိုလည်း ခရတ်ဒစ် ပေးသွားမှာဖြစ်ပါတယ်။
Friday, November 2, 2012
၆ မြို့နယ်ရှိ လယ်ဧက ၄၀,၀၀၀ ကျော် ရေနစ်မြုပ်ဆုံးရှုံးခြင်းက ရေထွက်ပေါက်ကြောင့် ဟုဆို
ဧရာဝတီတိုင်းဒေသကြီး ကျုံ ပျော်မြို့နယ်အတွင်းရှိ ကျေးရွာအုပ် စုများတွင် ကောသလိုင်ချောင်း ရေ နုတ်ပေါက်များ သဘာဝအတိုင်း စီး ဆင်းနိုင်ခြင်းမရှိသည့်အတွက် မိုးစ ပါး စိုက်ပျိုးလယ်ဧက ၄၀,၀၀၀ ခန့် နစ်မြုပ်လျှက်ရှိကြောင်း သိရသည်။
အဆိုပါရေကြီးနစ်မြုပ်ရာ ကျုံ ပျော်မြို့နယ် ရေစခန်းတိုက်နယ်ရှိ အုပ်စု ၁၈ အုပ်စုမှ လယ်ယာမြေ များ ၁၀,၀၀၀ ကျော်ခန့် လက်ရှိတွင် နစ်မြုပ်လျှက်ရှိပြီး အဆိုပါရေများ သည် ဟင်္သာတမြို့နယ်၊ ဇလွန်မြို့ နယ်၊ ကျုံပျော်မြို့နယ်၊ ဓနုဖြူမြို့ နယ်တို့မှ ရေများစုဝေးရာ အရပ်ဒေ သဖြစ်ပြီး ပန်းတနော်မြို့နယ်ဘက် ခြမ်းမှတဆင့် မြစ်ပေါက်သို့ ရေပို ထုတ်ရမည်ဖြစ်သည်။
“ကောသလိုင် တာတမံဖို့တဲ့အ တွက် ၆ မြို့နယ်လောက် ထိခိုက်နစ် နာမှုရှိပါတယ်။ ဓနုဖြူ၊ ဇလွန်၊ ဟ င်္သာတ၊ ကျုံပျော်၊ ကျောင်းကုန်းအ ရှေ့ခြမ်း ပန်းတနော်အနောက်ခြမ်း အထိ ရေနစ်မြုပ် လယ်ဧက ၄၀,၀၀၀ ကျော်လောက်ရှိပါတယ်။ ရေစခန်းတိုက်နယ်မှာ ၁၈
အုပ်စုရှိ တာ ၁၄ အုပ်စုနစ်မြုပ်ပါတယ်။ ဓ နော် အုပ်စုမှာ ဧက ၅၀၀ ကျော် လောက် နစ်မြုပ်ပါတယ်။ မိုကြိုကျဲ ခင်းနဲ့ ကောက်သက်ရအောင် စိုက် တာတောင် မရဘူး။ ရေက တစ်ည ကို တစ်ပေကျော်လောက်တက်နေ တော့ ကျွန်တော်တို့မှာ တော်တော် ဒုက္ခရောက်ပါတယ်”ဟု ဓနော်အုပ်စု သရက်ကုန်းရွာ တောင်သူဦးအောင် ထွန်းကပြောသည်။
“ခုလက်ရှိအခြေအနေမှာ ကျုံ ခရင်ချောင်းတစ်ပေါက်ပဲ ရေနုတ် တယ်။ ဗောဓိကွင်းထဲရေနုတ်ဖို့ အ ပေါက်ဟောင်း ကိုးပေါက်ကို နွေမှာ ပိတ်ပြီး မိုးမှာဖွင့်တယ်။ အခုလက်ရှိ မှာ မိုးရောငွေပါအပိတ်ခံလိုက်ရ တယ်။ အဲဒီကိုးပေါက်က ရေနောက် ပေါက်၊ ကောသလိုင်ချောင်းပေါက်၊ ဆချောင်းရွာလယ်ရိုးပေါက်၊ နတ် ချောင်းပေါက်၊ သပြုချောင်းပေါက်၊ မဿမံရေတံတား၊ သရောတနတ် ပေါက်၊ ဇီးပင်ရေတံတား၊ ကျုံသက် ပေါက်တွေပေါ့ဗျာ ရေမြုပ်တာ ငါး ရက်ဆက်တိုက်ဖြစ်ခဲ့တယ်။ လယ် တွေအိမ်တွေမြုပ်တယ်။ ကျောင်း တွေ တစ်လကျော်ပိတ်ရတယ်။ ဒေ သခံလယ်သမားတွေ စီးပွားရေးတွေ အဆင်မပြေတော့ဘူး။ ဘဏ်ချေး ငွေတွေကို မနှစ်ကရှိတဲ့နွားတွေ ရောင်း၊ ရောင်းလို့ရတဲ့ဟာတွေ ရောင်းပြီးဆပ်ရတယ်။ ဒီနှစ်လည်း အရင်နှစ်ကအတိုင်းဆို လယ်လုပ်ဖို့ မလွယ်တော့ဘူး။ အခုတော့ ကျွန် တော်တို့ဘ၀က ဘယ်လိုဖြစ်နေလဲ ဆိုတော့ စပါးစိုက်ပြီး စားစရာဆန်မ ရှိတဲ့ဘ၀တွေဖြစ်နေပြီး ဒါကြောင့် သဘာဝရေထွက်ပေါက် ကိုးပေါက် ကိုဖွင့်ပေးမယ်ဆိုရင် ယခုလယ်နစ် မြုပ်လယ်ဧက ၇၅ ရာနှုန်းထက်မ နည်း ကောင်းနိုင်တဲ့အလားအလာရှိ ပါတယ်”ဟု ဒေသခံ ဆင်ချောင်းရွာ သူတစ်ဦးဖြစ်သူ ဦးမြင့်အေးကရှင်း ပြသည်။
အဆိုပါရေနစ်မြုပ်ခံစားရသော တောင်သူများ၏ဒေသတွင် ကော့ သလိုင်းတမံကို ၁၉၉၅ ခုနှစ်တွင် မိုး ကုတ်၊ ဒီးဒုတ် ရေနက်ကွင်းစီမံကိန်း အရ ဒေသခံတောင်သူများမှပင် လုပ်အားပေးစနစ်ဖြင့်ဖို့ခဲ့ရသည့်တာ ဖြစ်ပြီး ယင်းတာကြောင့် မြို့နယ် ၆ မြို့နယ်ခန့်ရှိ တောင်သူများ နှစ်စဉ် ရေနစ်မြုပ်ခံစားလျှက်ရှိသည်။ ယခု ဖွင့်ထားလျှက်ရှိသော ဂျုံးဂျုံးကျနှင့် အင်းမရေနုတ်ပေါက် ၂ ခုဖွင့်ထား ရုံဖြင့် မလုံလောက်သေးကြောင်း နောက်နောင်များတွင် ရေတံတား များအား သတ်မှတ်ထားသော စည်း ကမ်းများနှင့်အညီ ဆောင်ရွက်ပေး စေလိုကြောင်း ဒေသခံတောင်သူ များဆန်္ဒကိုသိရသည်။
သန့်ဇင်ထွဋ်(ဟင်္သာတ)
The Myanmar Post
Labels:
ပြည်တွင်းသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment