Windows 8 အသုံးပြု Laptop နှင့် Tablet များ ၂၀၁၂
နိုဝင်ဘာလပထမအပတ်နှင့် ၂၀၁၃ နှစ်ဦးပိုင်းများတွင်
ဝင်ရောက်လာဖွယ်ရှိကြောင်း အဆိုပါပစ္စည်းများကို တင်သွင်းရောင်းချသည့်
ကုမ္ပဏီများမှ တာဝန်ရှိသူများကပြောသည်။
“နိုဝင်ဘာလ ပထမပတ်လောက်ဆိုရင် Windows 8 အသုံးပြု Laptop နဲ့ Tablet တွေ
ဈေးကွက်ထဲကို ၀င်ရောက်ပါပြီ။ Windows 8 အသုံးပြုထားတဲ့ Acer Aspire S7
Ultrabook နဲ့ Acer Iconia W511 Tablet တွေ ၀င်ရောက်မှာပါ။ Acer Aspire S7
Ultrabook မှာ စကရင်က Touch စနစ်ဖြစ်သွားပါတယ်။ စကရင်ကို ၁၈၀ ဒီဂရီအထိ
လှန်ပြီးတော့လည်း ကြည့်လို့ရပါတယ်။ Acer Iconia W511 Tablet ကတော့ Intel
Atom processor ကိုအသုံးပြုထားတဲ့အတွက် Netbook တစ်လုံးကဲ့သို့ မြင့်မားတဲ့
စွမ်းဆောင်ရည်ဖြင့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Tablet အနေနဲ့
အသုံးပြုနိုင်သလို Docking နဲ့ချိတ်ဆက်ပြီးတော့လည်း Netbook တစ်လုံးကဲ့သို့
အသုံးပြုနိုင်မှာ ဖြစ်ပါတယ်” ဟု Acer အမှတ်တံဆိပ် ကွန်ပျူတာများကို
တင်သွင်းရောင်းချသည့် ရွှေလမင်းနဂါး ကုမ္ပဏီလီမိတက်မှ Marketing Manager
ကိုအောင်သူရကပြောသည်။ “၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းလောက်မှာ Windwos 8
အသုံးပြုထားတဲ့ MSI S20 Tablet ကို စတင်တင်သွင်း ဖြန့်ချိမှာပါ။ Tablet က
Keyboard တွဲဖက်ပါဝင်တဲ့ Slide ပုံစံဖြစ်ပါတယ်။ Keyboard
သုံးချင်တဲ့အချိန်မှာ ဆွဲထုတ်အသုံးပြုနိုင်ပြီး မလိုအပ်ဘူးဆိုရင်
ပြန်သိမ်းဆည်းနိုင်မှာ ဖြစ်ပါတယ်။ Tablet မှာ 3rd Gen Ivy bridge processor
အသုံးပြုထားပါတယ်” ဟု MSI အမှတ်တံဆိပ် ကွန်ပျူတာများကို
တင်သွင်းရောင်းချသည့် Royal Smart Co.,Ltd မှ Marketing Manager
ကိုကောင်းမြတ်ထွန်းကပြောသည်။ “ ကျွန်တော်တို့ ASUS အမှတ်တံဆိပ်အနေနဲ့ကတော့
Windows 8 နဲ့ပတ်သက်ပြီး Notebook နဲ့ Tablet ပေါင်းစပ်ထားတဲ့ ပုံစံဖြစ်တဲ့
ASUS Taichi ကိုတင်သွင်းမှာပါ။ သူကတော့ Notebook အဖြစ်လည်း
အသုံးပြုနိုင်သလို Screen ကိုလှန်ပြီးတော့လည်း Tablet အဖြစ်
အသုံးပြုနိုင်မှာဖြစ်ပါတယ်။ နောက်တစ်လလောက်နေရင် မြန်မာပြည်ဈေးကွက်ထဲကို
ဖြန့်ချိနိုင်မယ်လို့ ထင်ပါတယ်” ဟု Golden Power Technology မှ ဒါရိုက်တာ
ကိုသန့်ဇင်ထွေးက ပြောသည်။ Windows 8 မိတ်ဆက်ပွဲကို အောက်တိုဘာလ ၂၆ ရက်နေ့က
ကမ္ဘာအရပ်ရပ်တွင် ကျင်းပပြုလုပ်ခဲ့သလို အဆိုပါနေ့ရက်တွင် Acer မှ Acer
Windows 8 Product Launching ကိုပြုလုပ်ခဲ့သည်။
Internet Journal
No comments:
Post a Comment