အောင်သူရ၊ ပြည်သိမ်း
ပြည်တွင်းသို့တင်သွင်းနေသော ဓာတ်မြေသြဇာများနှင့် ပိုးသတ်ဆေးများကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ပူးပေါင်း၍ စစ်ဆေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတောင်သူလယ်သမားအသင်း(ယာယီ)ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းကပြောသည်။
“စိုက်ပျိုးရေးမှာ စက်တွေရှိတယ်။ ဒါပေမဲ့ စစ်တဲ့နေရာမှာ လိုအပ်တဲ့ဆေးတွေမရှိဘူး။ ဒါတွေကိုဖြည့်ပြီး ကျွန်တော်တို့လူတွေနဲ့ မူဆယ်မှာ နိုဝင်ဘာလလောက်မှာ စစစ်ဖို့ စီစဉ်ထားပါတယ်”ဟု ဒေါက်တာထွန်းဝင်းကပြောသည်။
မြန်မာနိုင်ငံသို့ တင်သွင်းနေသော
ဓာတ်မြေသြဇာနှင့် ပိုးသတ်ဈေးတို့မှာ တရုတ်နိုင်ငံမှ အများဆုံးဖြစ်ပြီး အများစုမှာ အရည်အသွေးညံ့ခြင်း၊ အတုများထုတ်လုပ်နေခြင်းကြောင့် တောင်သူများ အသုံးပြုရာတွင် များစွာနစ်နာလျက်ရှိသည်။
ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများကို တောင်သူများ ၀ယ်ယူသုံးစွဲရာတွင် ဈေးကြီးသည့်အပြင် အရည်အသွေးညံ့၍ စိုက်ပျိုးရေးမဖြစ်ထွန်းဘဲ နှစ်ခါနာအဖြစ်မျိုး အများဆုံးကြုံတွေ့နေကြရသည်။
“အခု မြေဆီ(ဓာတ်မြေသြဇာ)တွေသုံးရတာ အဆင်မပြေဘူး။ ဈေးကများပြီး အထွက်ကတိုးမလာဘူး။ ပြီးတော့ မြေဆီသုံးတဲ့မြေက မြေခံလည်းပျက်တယ်။ လယ်သမားတွေက ကုမ္ပဏီတွေလိမ်သမျှ ခံနေရတာ”ဟု ဘိုကလေးမြို့မှ တောင်သူကြီးဦးတင်ဦးကပြောသည်။
ပြီးခဲ့သည့်နှစ်က စိုက်ပျိုးသော ပဲခင်းများ စိုက်ပျိုးရာတွင် ပိုးကျခဲ့သော်လည်း ပြည်တွင်းတွင် ရောင်းချနေသော ပိုးသတ်ဆေးများ အသုံးပြုရာ၌ ပိုးမသေ၍ ထိုင်းနိုင်ငံမှ ၀ယ်ယူသုံးစွဲခဲ့ရကြောင်း ပဲခူးတိုင်းအရှေ့ပိုင်းမှ တောင်သူများကပြောသည်။
ပြည်ပမှ တင်သွင်းလာသော ဓာတ်မြေသြဇာများမှာ အတုရှိနေသကဲ့သို့ ပြည်တွင်းမှ ထုတ်လုပ်ရောင်းချနေသော ဓာတ်မြေသြဇာများမှာလည်း အရည်အသွေးမပြည့်မီကြောင်း တောင်သူအများစုကပြောဆိုကြသည်။
7Day News

No comments:
Post a Comment