မြန်မာနိုင်ငံတွင် လိုအပ် လျက်ရှိသော ဟိုတယ်ဇုန်များ အား
တစ်ဖက်တစ်လမ်းမှ ဖြည့် ဆည်းရန်အတွက် ရန်ကုန်တိုင်း ဒေသကြီး
ကွမ်းခြံကုန်းမြို့နယ် လက်ခုပ်ကုန်းကျေးရွာအနီးတွင် ဟိုတယ်ဇုန်အသစ်တစ်ခု
ထပ်မံ တည်ဆောက်သွားရန် စီစဉ်နေ ကြောင်း ၂၀၁၂ ခုနှစ် အောက် တိုဘာလ ၃၀
ရက်နေ့တွင် ပြု လုပ်ခဲ့သော သတင်းစာရှင်းလင်း ပွဲမှ သိရသည်။အဆိုပါ
ဟိုတယ်ဇုန်အား ကွမ်းခြံကုန်းမြို့နယ် လက်ခုပ်ကုန်းအနီး မင်းသမီးကျွန်းတွင်
တည်ဆောက်သွားမည်ဖြစ်ကြောင်း နေရှင်နယ်ကုမ္ပလီမိတက်မှ တာဝန်ရှိသူဦးဌေးအောင်က
ပြော ကြားခဲ့သည်။
““အရင်က လက်ခုပ်ကုန်း ကျေးရွာနားမှာ ဟိုတယ်တစ်ခု ရှိခဲ့ပေမဲ့ နာဂစ်ကြောင့်
အဲဒီ ဟိုတယ်ဟာ နားခဲ့ရတယ်။ ဒါနဲ့ ပတ်သက်ပြီး အောက်တိုဘာလ ၁ ရက်နေ့က
ဟိုတယ်နှင့် ခရီး သွားလာရေးဝန်ကြီးဌာနက ဒီနား လိုက်ရတဲ့ဟိုတယ်ကို လေလံတင်
တယ်။ အစ်ကိုတို့ကုမ္ပဏီက သိန်း ၂၀၀ နဲ့ လေလံအောင်တယ်။ အခု
အရင်ဟိုတယ်အဟောင်းကို လည်း ပြင်ပြီးတော့ ဟိုတယ် ဆောက်မယ်။ နောက်ထပ် ဒီ
ဟိုတယ်နဲ့ အနီးဆုံးမှာရှိတဲ့ မင်း သမီးကျွန်းမှာလည်း ဟိုတယ်ဇုန်
ဆောက်ဖို့စီစဉ်ထားတယ်။ ဒါပေမဲ့ အခု ရန်ကုန်တိုင်းဝန်ကြီးချုပ်
ဦးမြင့်ဆွေကို ဒါနဲ့ပတ်သက်ပြီး တော့တင်ပြထားတယ်။ တကယ်လို့
ခွင့်ပြုတယ်ဆိုရင် တစ်ကျွန်းနဲ့ တစ်ကျွန်း သွားလို့ရတဲ့ ကြိုးတံ
တားကြီးတွေကို တည်ဆောက်ပြီး နိုင်ငံတကာအဆင့်မီတဲ့ ဟိုတယ်ဇုန်တစ်ခု
တည်ဆောက်သွား မယ်””ဟု ပြောကြားသွားသည်။
ရန်ကုန်မြို့နှင့် (၃၆)မိုင် အကွာရှိ ကွမ်းခြံကုန်းမြို့နယ်၏
လမ်းပန်းဆက်သွယ်ရေးသည် အလွန်အင်မတန်ကြမ်းတမ်းပြီး အဆိုပါနေရာသို့
ခရီးသွားဧည့် သည်များ ယခင်ကမှ ယခုအထိ သွားရောက်ရန် အခက်အခဲရှိနေ ပြီး
၎င်းင်းနေရာသို့ သွားရောက်ရန် အတွက် ဒလဘက်ကမ်းမှ ကွမ်း ခြံကုန်းမြို့နယ်အထိ
လမ်းပန်း ဆက်သွယ်ရေးအား ပြန်လည် ပြင်ဆင်ပေးရန်လည်း ရန်ကုန်
တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေက နှုတ်ဖြင့် ပြောကြားခဲ့ကြောင်း သိရသည်။
Hot News
ဖြိုးအောင်

No comments:
Post a Comment