ဗြိတိန်နာမည်ကြီး ပေါ့အဆိုတော် တစ်ဦးဖြစ်သူ Sir Cliff Richard သည်
အောက်တိုဘာ နောက်ဆုံးပတ်တွင် မြန်မာနိုင်ငံသို့ရောက်ရှိကာ
ရန်ကုန်၊မန္တလေး၊ပုဂံ နှင့် အင်းလေးဒေသများသို့ လည်ပတ်လျက်ရှိကြောင်း
သိရှိရသည်။
Sir Cliff Richard သည် မန္တလေးမှပုဂံသို့ Road to Mandalay
အပျော်စီးသင်္ဘောဖြင့် အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်း၌ရောက်ရှိခဲ့ပြီးနောက်
ပုဂံတွင်လည်ပတ်ကာ နောက်တစ်နေ့တွင် အင်းလေးသို့ ဆက်လက်ထွက်ခွာသွားကြောင်း
သိရသည်။
ရှေးဟောင်းယဉ်ကျေးမှု ပုဂံနယ်မြေကို နှစ်သက်သဘောကျကြောင်း Sir Cliff
Richard က ပုဂံ-ညောင်ဦးလေဆိပ်တွင် ပြောပါသည်.။၎င်းသည် ယခုအခါ အသက် ( ၇၂
)နှစ်ရှိပြီဖြစ်ကြောင်းလည်း သိရသည်။ Wired for Sound,Me and My Shadows,
Bold as Brass,Cliff Sings စသည့်သီချင်း အယ်လ်ဘမ်များဖြင့်
ကျော်ကြားခဲ့သူဖြစ်ပြီး၊ ၁၉၈၀ ခုနှစ်တွင် ဘုရင်မကြီးမှချီးမြှင့်သော O.B.E
ဆုကို ရရှိခဲ့ကြောင်းသိရသည်။ Sir Cliff Richard သည် အဆိုတော်
ဂီတပညာရှင်တစ်ဦးဖြစ် သည့်အပြင် ပရဟိတလုပ်ငန်းများ
လုပ်ဆောင်နေသူတစ်ဦးဖြစ်ကြောင်းလည်း သိရသည်။

No comments:
Post a Comment