Friday, November 2, 2012

4K ကို Ultra High Definition ဟုတရားဝင်ခေါ်ဆို

Resolution အလွန်မြင့်မားသည့် display format တစ်ခုဖြစ်သော 4K ကို Ultra High Definition (Ultra HD) အဖြစ် လူသုံးကုန် အီလက်ထရောနစ်အဖွဲ့ (CEA) မှ တရားဝင် သတ်မှတ်ခေါ်ဆိုလိုက်ပြီး အဆိုပါ နည်းပညာအသုံးပြု display များကို လာမည့်နှစ် CES ပြပွဲတွင် မိတ်ဆက်ပြသမည်ဖြစ်ကြောင်း သိရသည်။

ယခင်က 4K ဟုသိခဲ့သည့် ၎င်း display format ကို Ultra HD ဟု ပြောင်းလဲခေါ်ဆိုရမည်ဖြစ်ပြီး အဆိုပါစနစ်တွင် လက်ရှိ 1,920 x 1,080 pixels ထက်
resolution ပိုမိုများပြားသည့် 4,096x 3,072 pixels ကိုအသုံးပြုနိုင်မည်ဖြစ်ကြောင်း CEA မှပြောကြားခဲ့သည်။ Ultra HD format အဖြစ် အဆင့်ပြည့်ဝရန်အတွက် display တစ်ခုသည် ဒေါင်လိုက် 3,840 pixels နှင့်အလျားလိုက် 2,160 pixels စီအနည်းဆုံးရှိရမည်ဖြစ်ပြီး 4K- capable digital input တစ်ခုလိုအပ်သော upconverting ပြုလုပ်ရန်မလိုဘဲ 4K content များကို ကောင်းမွန်စွာ ဖော်ပြနိုင်ရမည်ဖြစ်သည်။ Ultra HD နည်းပညာနှင့် စနစ်များသည် အသုံးပြုသူများ၏ လိုအပ်ချက်ကို အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်သည့် ထုတ်ကုန်များအား ဈေးကွက်အတွင်း ပိုမိုထွက်ပေါ်လာစေမည်ဖြစ်ကြောင်း CEA ၏ အမှုဆောင်အရာရှိချုပ်က ပြောကြားခဲ့သည်။ လက်ရှိဈေးကွက်ထဲတွင် 4K စနစ် အသုံးပြုထားသည့် ထုတ်ကုန်များမှာ အလွန်နည်းပါးနေသေးပြီး Sony VPL-VW1000ES ကဲ့သို့သော ပစ္စည်းအနည်းငယ်သာရှိသည်။ Ultra HD နည်းပညာကို လာမည့် ၂၀၀၃ ခုနှစ်၊ ဇန်န၀ါရီလ ၈ ရက်မှ ၁၁ ရက်အထိ ကျင်းပပြုလုပ်မည့် CES ပြပွဲတွင် ထင်ရှားစွာ တွေ့မြင်ရဖွယ်ရှိကြောင်း ပညာရှင်များက ခန့်မှန်းထားကြသည်။

Internet Journal
ဟေမာ

No comments:

Post a Comment