အာဆင်နယ်
အသင်းရဲ့ နည်းပြဖြစ်တဲ့ အာဆင်ဝင်းဂါးက လာမဲ့စနေနေ့မှာ ကစားမဲ့
မန်ယူအသင်းနဲ့ ပွဲစဉ်မှာ အဝေးကွင်းကို လိုက်ပါအားပေးမဲ့ ပရိတ်သတ်
များအနေနဲ့ ရော်ဘင်ဗန်ပါစီကို လေးစားမှု အပြည့်နဲ့ အားပေးသွားဖို့
တိုက်တွန်းပြောဆို လိုက်ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီကမှ မန်ယူအသင်းကို ပေါင်
၂၄သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဗန်ပါစီဟာ လာမဲ့ စနေနေ့မှာတော့
အသင်းဟောင်းနဲ့ ပထမဆုံးအကြိမ် ပြန်လည်ရင်ဆိုင် ရတော့မှာ ဖြစ်ပါတယ်။ အဆိုပါ
ပွဲစဉ်မှာ အာဆင်နယ် ပရိတ်သတ်များ အနေနဲ့ ဗန်ပါစီကို လှောင်ပြောင်ခြင်း
မပြုလုပ်ကြဖို့ ၀င်းဂါးက တိုက်တွန်းနေတာ ဖြစ်ပါတယ်။
ဝင်းဂါးက ”
သူ့ကို
လေးစားမှု အပြည့်နဲ့ ကြိုဆိုသွားကြမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။
ဘာကြောင့်လဲ ဆိုတော့ သူဟာ ကျွန်တော်တို့ အသင်းအတွက် ရှစ်နှစ်ကြာ ကစားပေး
ခဲ့သူပါ။ သူဟာအသင်းအတွက်လဲ အကောင်းဆုံး စွမ်းဆောင် ပေးခဲ့သူပါ။
သင့်အနေနဲ့လည်း သူ့ကို လေးစားမှု အပြည့်အ၀ ထားရှိဖို့ အလိုရှိ မှာပါပဲ။
ကစားသမား တွေကို ခွဲခြားဆက်ဆံမှုနဲ့ ပတ်သတ်ပြီး ကျွန်တော်တို့
စည်းရုံးလှုံ့ဆော် နေရပါတယ်။ လွန်ခဲ့တဲ့ အပတ်ကလည်း ဖြစ်ပွားခဲ့တဲ့
ဖြစ်စဉ်တွေ ရှိပါတယ်။ ဒါကြောင့် လာမဲ့အပတ်မှာ ဒီလိုမျိုးတွေ မဖြစ်လာဖို့
လုပ်ဆောင် ရမှာပါ။ ပရိတ်သတ် တွေအနေနဲ့ ဘယ်လို တုံ့ပြန်မလဲ ဆိုတာတော့
ကျွန်တော် သေချာ မသိပါဘူး။ ဒါပေမဲ့ ကျွန်တော် မျှော်လင့်ထားတဲ့
ကြိုဆိုမှုမျိုး သူရရှိ လိမ့်မယ်လို့တော့ ကျွန်တော် ထင်ပါတယ် ” လို့ ဆိုခဲ့ပါတယ်။
Myanmar Manchester United Fan Club

No comments:
Post a Comment