အောင်ဘာလေထီလက်မှတ် ပေါက်မပေါက် စစ်ဆေးနိုင်သော Myanmar Lottery အမည်ရ
မိုဘိုင်းဆော့ဖ်ဝဲတစ်ခုအား မုံရွာမြို့ရှိ i-Campus ကွန်ပျူတာသင်တန်းမှ
အခမဲ့ဖြန့်ချိလိုက်ကြောင်း သိရသည်။
အဆိုပါ ဆော့ဖ်ဝဲကို မည်သည့် Android Smart Phone တွင်မဆို
အသုံးပြုနိုင်ပြီး အသုံးပြုရန်အတွက်မူ အင်တာနက်ချိတ်ဆက်ရန် လိုအပ်ကြောင်း
သိရသည်။ အသုံးပြုသူများမှ ထည့်သွင်းစစ်ဆေးသည့် နံပါတ်များကို www.myanmarelottery.com
မှအချက်အလက်များဖြင့် တိုက်ဆိုင်စစ်ဆေးပေးခြင်းဖြစ်ပြီး (၂၇၄)
ကြိမ်မှစတင်ကာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိကံစမ်းထားသော
ထီလက်မှတ်များအတွက်မူ ထီဖွင့်သည့်နေ့တွင် တိုက်စစ်နိုင်မည်ဖြစ်ကြောင်း
သိရသည်။ အသုံးပြုလိုသူများအနေဖြင့် http://www.mediafire.com/?dsrddoxlwf7wwxl နှင့် http:// myanmarplay.com/?p=2854 တို့မှ Download ဆွဲယူ အသုံးပြုနိုင်ကြောင်းသိရသည်။
No comments:
Post a Comment