ဈေးကွက်အတွင်းတွင် ရောင်းချပေးလျက်ရှိသော တစ်ခါသုံး One Time Prepaid
ကတ်များတွင် ငွေထပ်မံဖြည့်ပေါင်း အသုံးပြုနိုင်သော်လည်း ယင်းကဲ့သို့
ဖြည့်သွင်းခြင်းအား ဂရုစိုက်ပြုလုပ်သင့်ကြောင်း သိရသည်။ ပြည်တွင်းသို့
အလည်အပတ် လာရောက်လျက်ရှိသော ပြည်ပနိုင်ငံသားများနှင့် အချိန်ပိုင်းအနေဖြင့်
ဖုန်းငှားရမ်းလိုသူများ
အသုံးပြုနိုင်စေရန်အတွက် တစ်ခါသုံး ဂျီအက်စ်အမ်ကတ်များအား
ရောင်းချပေးလျက်ရှိပြီး အဆိုပါ တစ်ခါသုံးကတ်များအတွင်း
ငွေထပ်မံဖြည့်ပေါင်းအသုံးပြုနိုင်ကြောင်း သိရသည်။ ယင်းနှင့်
ပတ်သက်၍ အဆိုပါ
တစ်ခါသုံးကတ်များ ရောင်းချပေးလျက်ရှိသော မိုဘိုင်းဖုန်း
အရောင်းဆိုင်တစ်ခုမှ ပြောပြရာတွင် “တစ်ခါသုံး ဂျီအက်စ်အမ်ကတ်တွေမှာ
ငွေထပ်ပေါင်းပြီး ဖြည့်လို့ရတာ တွေ့ရပါတယ်။ ငွေထပ်ပေါင်းပြီး
ဖြည့်တဲ့နေရာမှာတော့ ပြည်တွင်းသုံး Top Up ကတ်တွေကို ဖြည့်လို့မရပါဘူး။
တစ်ခါသုံးကတ်တွေထဲကို ဖြည့်တဲ့အခါမှာ FEC Top Up ကတ်တွေကိုပဲ
ဖြည့်လို့ရပါတယ်။ တစ်ခါသုံးလိုင်းကတ်က FEC 20 ပါ။ နောက်ထပ်
ထပ်ဖြည့်မယ်ဆိုရင် FEC 10 တန်၊ FEC 20 တန်ကတ်တွေကို ထပ်ဖြည့်လို့ရပါတယ်။
ဒီလိုငွေဖြည့်နိုင်တဲ့အတွက် အသုံးပြုတဲ့သူတွေအနေနဲ့လည်း အဆင်ပြေပါတယ်။
ဘာကြောင့်လဲဆိုတော့ ဖုန်းလိုင်းကတ်မှာ FEC 20 ဖိုးပါဝင်ပါတယ်။ ဒါပေမဲ့ ဒါက
ဖုန်းပြောနှုန်း များသွားတဲ့အခါမှာ တစ်ခါတလေ တစ်ပတ်လောက်နဲ့
ကုန်သွားတာမျိုးလည်း ရှိပါတယ်။ အချို့တွေဆို နှစ်ရက်သုံးရက်လောက်နဲ့
ကုန်သွားပြီး နောက်ထပ်ကတ်အသစ်၊ နံပါတ်အသစ်ကို ထပ်ပြီး ၀ယ်သုံးရတာမျိုး
ရှိပါတယ်။ ခုလိုမျိုး ငွေထပ်ဖြည့်လို့ရတော့ ကတ်ထဲမှာ
ငွေကုန်ခါနီးပြီဆိုရင်တောင် ကတ်အသစ်၊ နံပါတ်အသစ်ကို
ထပ်အသုံးပြုဖို့မလိုအပ်ဘဲ ပိုက်ဆံထပ်ဖြည့်ပြီး အသုံးပြုလို့ရတဲ့အတွက်
အဆင်ပြေပါတယ်။ ဒါပေမဲ့ ကတ်ရဲ့သက်တမ်းကုန်ရင်တော့ ပိတ်သွားမှာပါ”
ဟုပြောပြခဲ့သည်။ ထိုသို့ ငွေထပ်ပေါင်းဖြည့်စွက်ခြင်းမှာ တစ်ခါသုံးကတ်အတွက်
သတ်မှတ်ပေးထားသော သက်တမ်း ၁ လအတွင်းတွင်သာ ဖြည့်သွင်းနိုင်မည်ဖြစ်ပြီး
အဆိုပါ တစ်ခါသုံးကတ်များမှာ သတ်မှတ်ချိန် ၁ လပြည့်ပါက ဖုန်းအတွင်း၌
ငွေလက်ကျန်ရှိနေသည့်တိုင် လိုင်းပိတ်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ ငွေထပ်ပေါင်း ဖြည့်သွင်းရာတွင်လည်း ငွေအနည်းငယ်ကိုသာ
စမ်းသပ်ဖြည့်သွင်းသင့်ပြီး တစ်ချိန်တည်း ငွေအမြောက်အမြား ဖြည့်သွင်းခြင်း
မပြုလုပ်သင့်ကြောင်း သိရသည်။ အဆိုပါ ငွေထပ်မံဖြည့် သွင်းခြင်းနှင့်ပတ်သက်၍
မြန်မာ့ဆက်သွယ်ရေးသို့ ဆက်သွယ်မေးမြန်းရာတွင် ငွေဖြည့်သွင်းနိုင်ခြင်း
ကိစ္စရပ်အတွက် အတည်ပြုပြောကြားခြင်း မရှိခဲ့ပေ။
Internet Journal
ကိုသက်
No comments:
Post a Comment