ဆန်ဒီ (Sandy) အမည်ရှိ အပူပိုင်းဟာရီကိန်းမုန်တိုင်းသည် အောက်တိုဘာ ၂၉ ရက်က
နယူးယောက်မြို့မှ မိုင် ၄၀၀ ခန့် အကွာ၊ ကိတ်ဟက်တာရက်စ်မြို့ မှ
အရှေ့တောင်ဘက်မိုင် ၂၆၀ အကွာပင်လယ်ပြင်ကို ဗဟိုပြုလျက် တစ်နာရီကို ၁၀
မိုင်နှုန်းဖြင့် အမေရိကန်ပြည်ထောင်စုသို့ဦးတည် ရွေ့လျားလျက်ရှိပြီး
အမေရိကန် အရှေ့ပိုင်းကမ်းခြေဒေသများကို လေတိုက်နှုန်း တစ်နာရီ မိုင် ၁၃၀
နှုန်းဖြင့် ၀င်ရောက်တိုက်ခိုက် လျက်ရှိကြောင်း သိရသည်။
အဆိုပါမုန်တိုင်းကြောင့် မြောက်ကာရိုလိုင်းနားနှင့် ဗာဂျီး
နီးယားပြည်နယ်တစ်လျှောက် စတုန်ရန်းမိုင် ၇၀၀ အတွင်းမုန်တိုင်း
ဒဏ်ပြင်းထန်စွာခံရဖွယ်ရှိကြောင်း သတိပေးအမိန့်ထုတ်ပြန်ထားသည်။
အဆိုပါမုန်တိုင်းကြောင့် အမေရိကန်အရှေ့ပိုင်းကမ်းရိုးတန်း ဒေသများတွင်
ရေလွှမ်းမိုးမှုနှင့် ကြီးမားသည့်ပျက်စီးဆုံးရှုံးမှုများ ဖြစ်နိုင်သဖြင့်
ကမ်းရိုးတန်းနေပြည် သူများဘေးကင်းရာသို့ရွှေ့ပြောင်း နေထိုင်ကြရန်
အမေရိကန်ပြည် ထောင်စုမိုးလေ၀သဌာနမှ ကြိုတင် သတိပေးအမိန့်ထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် နယူးယောက်မြို့ရှိ ခရီးသွားလုပ်ငန်းများအားလုံးကို
ရပ်ဆိုင်းထားပြီး၊ လေယာဉ်ခရီးစဉ် များအားလုံးကိုလည်း ယာယီဖျက်
သိမ်းထားသည်။ အောက်တိုဘာ ၂၉ ရက်မှစ၍ နယူးယောက်မြို့ရှိ
ကမ္ဘာ့ကုလသမဂ္ဂရုံးကိုလည်း ပိတ် ထားပြီး အရေးကြီးအစည်းအဝေး များကိုလည်း
ရွှေ့ဆိုင်းထားရသည်။ အဆိုပါမုန်တိုင်းကြောင့်လာမည့် နိုဝင်ဘာ ၆ ရက်တွင်
ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲမဲဆွယ်စည်း ရုံးမှုများကိုလည်း ဖျက်သိမ်းထား
ကြောင်း သိရသည်။ အမေရိကန်နိုင်ငံသို့ ၀င်ရောက်တိုက်ခတ်ခဲ့သော Sandy
ဟာရီကိန်းမုန်တိုင်းကြောင့် အမေရိ ကန်တွင် သေဆုံးသူ ၂၆ ဦးခန့် ရှိခဲ့ပြီ
မုန်တိုင်းဖြတ်သန်းခဲ့ရာ ကာရေဘီယံဒေသ တွင်လဲ သေဆုံးသူ ၆၇ ဦးခန့်
ရှိခဲ့ပြီး အမေရိကန်နိုင်ငံ၏ ပြည်နယ် ၁၅ ခုမှ လူဦးရေ၇သန်းခွဲကျော်မှာ
လျှပ်စစ်မီးပြတ်တောက်မှုနဲ့ ကြုံတွေ့နေရကာ မြေအောက်၇ထားလမ်းများလဲ
ပြတ်တောက်သွားပြီးရေလွှမ်းနေကာ လေကြောင်းလိုင်းပေါင်း ၅၀၀၀ ခန့်မှာ
ခရီးစဉ်များ ရပ်ဆိုင်းသွားကြောင်း သိရသည်။ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ၂၀
ဘီလီယံကျော်ခန့် ရှိနိုင်ကြောင်းခန့်မှန်းချက်များထွက်ပေါ်လျှက်ရှိသည်။
သေဆုံးသူများမှာ ယာဉ်တိုက်မှုများ ၊ သစ်ပင်ပြိုလဲမှုများ ၊
နေအိမ်ပြိုလဲခြင်းများကြောင့် သေဆုံးခြင်းများဖြစ်ကြောင်း
သိရသည်။ယခုထပ်မံရရှိသောသတင်းများအရ သေဆုံးသူအရေအတွက်မှ
၂၉ဦးသို့တိုးမြင့်သွားကြောင်းသိရသည်။
Hot News
No comments:
Post a Comment