“မြို့ပေါ်လျှပ်စစ်မီးပေးနေတဲ့ မီးစက်ကြီးလေးလုံးရှိပါတယ်။ အဲဒီ လေးလုံးနဲ့ ရပ်ကွက် ၃ ခုကိုဖြန့် ဝေပေးနေတဲ့ အထဲမှာအဆိုးဆုံး က ဈေးဟောင်းပိုင်းရပ်ကွက်မီးစက် ဖြစ်ပါတယ်။ အဲဒီမီးစက်ကို ရေခဲ စက်နဲ့ ပူးတွဲထားပါတယ်။ ရေခဲစက် ဟာလွန်ခဲ့တဲ့တစ်လလောက်က ညဥ့် ၁ ချက်တီးလောက်မှာ အမို နီးယားဂတ်စ်အိုးပေါက်ကွဲသွားပါ တယ်။ အခုဂတ်အိုးသစ်လည်းမ ရောက်၊ ရေခဲစက်လည်းမလည် ပတ်နိုင်၊ ကျွန်မတို့လည်း မီမရဖြစ် နေပါတယ်”ဟု မင်းပြားမြို့ခံအမျိုး သမီးတစ်ဦးကပြောသည်။
အဆိုပါမီးစက်အား ရေခဲစက် ဖြင့်တွဲထားသဖြင့် ပြည်သူများ အနေဖြင့် လျှပ်စစ်မီးရရှသည့် အချိန်ကလည်း အချိန်မှန်မရရှိ ခြင်း၊ ရရှိလာသည့် မီးအားမှာလည်း အတက်အကျအကြိမ်ရေများစွာ ဖြစ်ခြင်း၊ မီးအားအတက်အကျ ကြောင့် မီးလုံး၊ မီးချောင်းများအပါ အ၀င်ရုပ်မြင်သံကြားစက်များမကြာ ခဏပျက်စီးခြင်းများကိုလည်း ကြုံတွေ့ကြရသည်ဟုဆိုသည်။ တစ်ခြားလျှပ်စစ်မီးကို အားကိုးပြီး အလုပ်လုပ်နေကြသော အသေး စားစက်မှု၊ လက်မှုလုပ်ငန်းများ လည်း ထိခိုက်မှုရှိနေပြီး အသေး စားလက်မှုလုပ်ငန်းပိုင်များမှာလည်း ဒုက္ခမျိုးစုံနှင့် ကြုံတွေ့နေရသည် ဟု ဒေသခံများက ပြောဆိုသည်။ လက်ရှိသည်ပတ်နေသည့် တခြား မီးစက်များမှာလည်း ပြည်သူများ မီးရရှိရေးထက်ရေခဲစက်များကိုသာ ဦးစားပေးမီးဖြန့်ဖြူးပေးဝေးနေသဖြင့် မင်းပြားပြည်သူလူထုတို့မှာ မီး အမှောင်မိုက်ထဲတွင် ကျရောက် နေကြရသည်မှာ အလွန်ကြာခဲ့ပြီ ဖြစ်သည်ဟုဆိုသည်။
ယခုကဲ့သို့ပြည်သူများမီးမရ ဘဲဖြစ်နေချိန်တွင် မီတာကိုစောင့် ရှောက်ခနှင့် တစ်ခြားအခွန်များ ကို လစဉ်ပေးဆောင်နေကြရပြီး လျှပ်စစ်မီးအခွန်ဆောင်လျှင်လည်း ကျသင့်ငွေတန်ဖိုးထက်ငွေ ၂၀၀၀ ကျပ် အပိုတောင်းကောက်စားနေ ကြသည်ဟု သိရသည်။ ရခိုင်ပြည် နယ်တွင် လျှပ်စစ်မီးကြောင့်ပြည် သူများ လျှပ်စစ်မီးပုံမှတ်မရရှိခြင်း၊ မီတာခဈေးအလွန်မြင့်မားခြင်းတို့ ကြောင့် အခက်ကြုံနေရသော်လည်း ယခုအချိန်ထိအစိုးရမှ ရခိုင်ပြည် နယ်လျှပ်စစ်မီးပေးဝေးရေးနှင့် ပတ်သက်ပြီး အလေးအနက်ထား စဉ်းစားဆောင်ရွက်ခြင်းမရှိသေး ကြောင်း သတင်းရရှိသည်။
ကိုသူတော်(ရခိုင်)
Hot News
No comments:
Post a Comment