မန်ချက်စတာ ယူနိုက်တက် အသင်းသည် အသင်း၏ ကွင်းလယ် အင်အား ဖြည့်တင်းရန် အတွက်
ဂျာမန်ကလပ် လေဗာကူဆင် အသင်း၏ လူငယ် ကွင်းလယ် ကစားသမား လားစ် ဘန်ဒါ အား
ခေါ်ယူရန် ကြံရွယ်နေကြောင်း သိရသည်။ အသက် ၂၃ နှစ် အရွယ် ဂျာမနီ လက်ရွေးစင်
ကစားသမားလေးသည် ၂၀၀၉ ခုနှစ်ကတည်းက လေဗာကူဆင် အသင်းအတွက် ပါဝင်ကစားပေးထားကာ
၇၈ ပွဲတွင် ၈ ဂိုး သွင်းယူပေးထားသူ ဖြစ်သည်။ ဒါ့အပြင် ဂျာမနီ လက်ရွေးစင်
အတွက် ၁၀ ပွဲပါဝင်ကစားပေးထားကာ ယူရိုပြိုင်ပွဲဝင် ဂျာမနီ အသင်း၌လည်း
ရွေးချယ်ခြင်း ခံခဲ့ရကာ ဒိန်းမတ် နှင့် ပွဲစဉ်တွင် ဂိုး တစ်ဂိုး
သွင်းယူပေးနိုင်ခဲ့သူ ဖြစ်သည်။ ကွင်းလယ်တွင်သာ မက လိုအပ်လျှင် ညာနောက်ခံ
အဖြစ်ပါ ကစားနိုင်သည့် ဘန်ဒါ ၏ ကစားပုံအား မန်ယူ အသင်း၏ ကင်းထောက်များ မှ
အမြဲမပြတ် စောင့်ကြည့်လေ့လာလျှက် ရှိပြီး အသင်းမှ ထွက်ခွာဖွယ် ရှိနေသည့်
ကွင်းလယ် ကစားသမား အန်ဒါဆင် ၏ နေရာကို အစားထိုးရန် ရည်ရွယ်နေခြင်း
ဖြစ်ကြောင်းလည်း သိရသည်။
သရဲနီရွှေမန်းသား
Myanmar Manchester United Fan Club
No comments:
Post a Comment