အသက် ၁၂ နှစ်အရွယ် မြေးဖြစ်သူကို အဖွားနှင့် အပေါင်းအပါနှစ်ဦးတို့မှ
ငွေကြေးရယူကာ ပြည့်တန်ဆာအဖြစ် ပြုလုပ်စေခိုင်းမှုကြောင့် မိခင်ဖြစ်သူမှ
ရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း သိရှိရသည်။
အဖွားဖြစ်သူက သုနန္ဒာလမ်း သွယ် ဇ/
ရပ်ကွက်မြောက်ဥက္ကလာပမြို့နယ်တွင်နေထိုင်သူ အမျိုးသမီးတစ်ဦး၏
ဆက်သွယ်ပေးမှုဖြင့် တာမွေမြို့နယ်တွင် ဖွင့်လှစ်ထားသော အလှပြင်ဆိုင်မှ
အမျိုးသမီးတစ်ဦးထံမှ ငွေကျပ် ၂၇၅,၀၀၀ ကို ရယူခဲ့ကြောင်း သိရှိရသည်။
အောက်တိုဘာလ ၂၇ ရက်နေ့ ညနေပိုင်းတွင် အဖွားဖြစ်သူက
အလှပြင်ဆိုင်ပိုင်ရှင်ဖြစ်သူ ဒေါ်နန်းဦးနှင့်
မြေးဖြစ်သူကိုအတူထည့်ပေးလိုက်ရာ တာမွေမြို့နယ် နတ်မောက်ရပ်ကွက်
ဖိုးစိန်လမ်းရှိ ..... ဟိုတယ် အခန်းအမှတ် ၄၀၈ တွင် တည်းခိုနေသူ
အမျိုးသားတစ်ဦးထံမှ ငွေကျပ် ၅၀၀,၀၀၀ ဖြင့် ပြည့်တန်ဆာလုပ်ကိုင်ရန်
အပ်နှံခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ငွေကြေးရယူပြီး အရွယ်မရောက်သေးသူအား
ပြည့်တန်ဆာအဖြစ်ခိုင်းစေခဲ့သည့်အတွက် အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် ၁၁
နာရီတွင် အသက် ၁၂ နှစ်အရွယ် မိန်းကလေး၏မိခင်ဖြစ်သူက တာမွေမြို့နယ်
ရဲစခန်းသို့ ဖုန်းဆက်တိုင်ကြားသဖြင့် သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ အရွယ်မရောက်သေးသူကလေးသူငယ်အား ပြည့်တန်ဆာကိစ္စအလို့ငှာ
ငွေကြေးရယူပြီး စေခိုင်းသူများအား တာမွေမြို့နယ်ရဲစခန်း (ပ)၁၂၆၉/ ၂၀၁၂
ပုဒ်မ ၃၇၂ ဖြင့် အမှုဖွင့်ပြီးကျူးလွန်သူများကို
ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့မှ ဖမ်းဆီးစစ်ဆေးလျက် ရှိရာတွင်
ယခင်က ပြစ်မှုကျူးလွန်ဖူးခြင်းရှိ၊ မရှိကိုလည်း စစ်ဆေးလျက်ရှိကြောင်း
တာမွေမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
Eleven Media Group
No comments:
Post a Comment