Sunday, November 4, 2012

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု နောက်ဆုံးအဆင့် အကဲဖြတ်အဖွဲ့တွင် ရုပ်ရှင်အနုပညာရှင် အတတ်ပညာရှင် ၁၀ ဦးပါဝင် ဒါရိုက်တာ ဦးဝင်းဖေလည်း အကဲဖြတ်အဖွဲ့ အနုပညာရှင်များစာရင်းတွင် ပါဝင်လာ

၀၁၁ ခုနှစ်အတွက် အကောင်းဆုံးမြန်မာ့ရုပ်ရှင်ထူးချွန်ဆု တတိယအဆင့် (နောက်ဆုံးအဆင့်) စိစစ်အကဲ ဖြတ်မှုများကို စတင်ပြုလုပ်လျက်ရှိရာ စုစုပေါင်းအဖွဲ့ဝင် ၁၇ ဦးပါဝင် အကဲဖြတ်လျက်ရှိပြီး ရုပ်ရှင်အနုပညာရှင် အတတ်ပညာရှင် ၁၀ ဦး ပါဝင် စိစစ်လျက်ရှိသည်ဟု သတင်းရရှိသည်။ ထိုသို့ စိစစ်အကဲဖြတ်နေသည့် အနုပညာရှင်များစာရင်းတွင် မကြာသေးမီအချိန်က မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သော ဒါရိုက်တာဦးဝင်းဖေလည်း ပါဝင်ခဲ့ကြောင်း သိရသည်။ ကျန်ရှိသော အကဲဖြတ်အဖွဲ့ဝင် အနုပညာရှင်များမှာ
စာပေပညာရှင် ဦးတင်ခ (တက္ကသိုလ်တင်ခ)၊ ဟင်္သာတမြင့်ငွေ (ဂီတပညာရှင်)၊ ဒါရိုက်တာကြည်စိုးထွန်း (ရုပ်ရှင်အနု ပညာရှင်အတတ်ပညာရှင်)၊ တက္ကသိုလ် ယဉ်ယဉ်လဲ့ (ရုပ်ရှင်ဇာတ်ညွှန်းပညာရှင်)၊ ဦးဆန်နီတင် (ရုပ်ရှင်ဓာတ်ပုံပညာ ရှင်)၊ ဦးဖိုးထောင်(ရုပ်ရှင်အသံပညာရှင်)၊ ဦးလှဆန်းဦး (ရုပ်ရှင်နောက်ခံတေး ဂီတပညာရှင်)၊ ဦးအောင်ကိုလတ် (ရုပ်ရှင်သရုပ်ဆောင်)၊ ဒေါ်မြင့်မြင့်ခင် (ရုပ်ရှင်သရုပ်ဆောင်)တို့ဖြစ်သည်။
“အနုပညာရှင် အတတ်ပညာရှင် အများစု ပါဝင်လာတဲ့အတွက် သက်ဆိုင်ရာ အနုပညာဖန်တီးမှုအလိုက် မတူကွဲပြားတဲ့ အမြင်ကိုယ်စီနဲ့ ဆုံးဖြတ်နိုင်မှာပါ” ဟု မြန်မာ့ရုပ်ရှင်လုပ်ငန်းမှ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းအောင်က ရှင်းပြခဲ့သည်။
“အခုနှစ် အကယ်ဒမီ ရွေးချယ်ရေးအဖွဲ့ကတော့ ပိုပြီးစနစ်ကျသလို ပိုပြီးထင်သာမြင်သာ ရှိတယ်လို့လည်း ထင်ပါတယ်။ ဒီအတွက် ဇာတ်ကားဖန်တီးမှု အရည်အသွေး၊ အနုပညာ အရည်အသွေးတွေ ပိုပြီးမြင့်တက်လာနိုင်ပါတယ်” ဟု သရုပ်ဆောင် နေတိုးက သုံးသပ်ခဲ့ပါသည်။

No comments:

Post a Comment