ဒီဘလောက်သည် သတင်းဝါသနာရှင်များ တစ်နေရာတည်းတွင် သတင်းများ စုံလင်စွာ ဖတ်ရှုနိုင်ရန်အတွက် ၀ါသနာ အလျောက် လွှင့်တင်ထားသော ဘလောက်ဖြစ်ပါတယ်ခင်ဗျာ။သတင်းဌာနကြီးများ၏ မူရင်းသတင်းများကိုလည်း ခရတ်ဒစ် ပေးသွားမှာဖြစ်ပါတယ်။
Sunday, November 4, 2012
စိတ်ကျန်းမာရေးဆေးရုံကြီး(ရန်ကုန်)မှ မြို့နယ်သုံးခုသို့ ကွင်းဆင်းကုသပေးမည်
စိတ်ကျန်းမာရေးဆေးရုံကြီး (ရန်ကုန်)မှ မြို့နယ်သုံးခုသို့ ကွင်းဆင်းကုသမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှည်းကူးမြို့နယ်နှင့် ကျောက်တန်းမြို့နယ်သို့လည်ကောင်း၊ ဧရာဝတီ တိုင်းဒေသကြီး ညောင်တုန်းမြို့နယ်သို့လည်းကောင်း ကွင်းဆင်းကုသပေးမည်ဖြစ်ပြီး လှည်းကူးမြို့နယ်၌ နိုဝင်ဘာလ ၇ ရက်နေ့မှစတင်ကာ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် သက်ဆိုင်ရာအဆင့်ဆင့်ညှိနှိုင်းမှုများပြုလုပ်ကာ သွားရောက်ကုသပေး မည်ဖြစ်ကြောင်း သိရသည်။
''ဆေးရုံမှာ လူနာတဖြည်းဖြည်းများလာတယ်။ နောက်ပြီး ဆေးရုံကအခက်အခဲအမျိုးမျိုးကြောင့်
လာရောက်ဆေးကုသမှု မခံယူနိုင်တဲ့သူတွေကို အိမ်တိုင်ရာရောက်ကုသပေးချင်လို့ အခုလိုစီစဉ်ဖြစ်တာပါ။ အထက်ကစီမံကိန်းချပေးလို့ မဟုတ်ပါဘူး။ကိုယ့်အစီအစဉ်နဲ့ ကိုယ့်စရိတ်နဲ့ကိုယ် သွားရောက်ကုသတာပါ။ တကယ်လို့ အလှူရှင်တွေအထောက်အပံ့တွေရလာမယ်ဆိုရင်တော့ ဒီထက်ပိုပြီး နေရာများများကိုသွားရောက် ကုသနိုင်မှာပါ''ဟု စိတ်ကျန်းမာရေးဆေးရုံကြီး(ရန်ကုန်)မှ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်စိုးက ပြောပါသည်။
စိတ်ကျန်းမာရေးဆေးရုံ(ရန်ကုန်)၌ ၂၀၀၉ ခုနှစ်တွင် ပြင်ပလူနာ ၁၀၇၅၇ ဦး၊ အတွင်းလူနာ ၆၀၆၀၊ ၂၀၁၀ ခုနှစ်တွင် ပြင်ပလူနာ ၁၂၁၁၇ ဦး၊ အတွင်းလူနာ ၆၃၇၆ ဦး၊ ၂၀၁၁ ခုနှစ်တွင် ပြင်ပလူနာ ၁၄၆၅၀ ဦး၊ အတွင်းလူနာ ၇၄၆၇ ဦး၊ ၂၀၁၂ ခုနှစ်ဇန်န၀ါရီမှ ဇွန်လအထိ ပြင်ပလူနာ ၈၅၇၆ ဦး၊ အတွင်းလူနာ ၄၁၈၀ ဦးတက်ရောက် ဆေးကုသမှုခံယူခဲ့ကြောင်းနှင့် ယခုလက်ရှိတွင် လည်း အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူသူ ၁၀၀၀ ကျော်ရှိကြောင်း သိရသည်။
Eleven Media Group
Labels:
ကျန်းမာရေး
Subscribe to:
Post Comments (Atom)

No comments:
Post a Comment