Monday, November 5, 2012

အနာဂတ်ကလေးသူငယ်များအား နေရာလေးပေးပါ

စစ်ကိုင်းတိုင်းဒေသကြီးခင်ဦး မြို့နယ်ရှင်မင်းတွေကျေးရွာအုပ်စု ကလုံကျေးရွာအခြေခံပညာမူလ တန်းကျောင်းပိုင်မြေအပေါ်မြောက်   ကျောင်းမှ သာသနာ့မြေဟု ယူဆကာအုတ်တံတိုင်းခတ်ကာရံ  သည့်အတွက် စာသင်းကျောင်း၏  မြေနေရာမှာ ကျဉ်းကာကလေး များ များပြားလာနေသည်အတွက်  အခက်အခဲဖြစ်လာခဲ့ရကြောင်း သိရှိပါသည်။
အဆိုပါ အ.မ.က (ကလုံ) စာသင်ကျောင်းပိုင်မြေ၏အရှေ့ ဘက်ပိုင်းအား မြောက်ဘက်ရှိ ဘုန်းတော်ကြီးကျောင်း (မြောက် ကျောင်း) မှ ဆရာတော် ဦးသုဇတ (ပျံလွန်တော်မူပြီး)နှင့် အဖွဲ့မှ ၁၉၉၄ ခုနှစ် ခြံစည်းရိုးခတ်ခဲ့ရာ မှ အစပြုပြီး ပိုင်ဆိုင်မှုအငြင်းပွား  ခဲ့ခြင်းပင်ဖြစ်သည်။ မြို့နယ်ငြိမ်ဝပ်  ဖိပြားမှုခေတ် ၁၉၉၅ ခုနှစ်တွင် ဆရာတော်အား သက်ဆိုင်ရာ လူကြီးများမှ ခြံစည်းရိုးခတ်ကာရံ မူအားဖယ်ရှာပေးရန် လျောက်ထား ခဲ့၍ ဆရာတော်မှဖယ်ရှားပေးခဲ့  ဖူးသည်။ ဆရာတော်ပျံလွန်တော် မူပြီးနောက်
ဆက်ခံကျောင်းထိုင် သည် ဆရာတော်မှ (၁၀.၄.၂၀၁၂) ခုနှစ်တွင် အုတ်တံတိုင်းကာရံမှု ဆက်လက်လုပ်ကိုင်နေသည့်အတွက် သက်ဆိုင်ဌာနများနှင့် သာသနာ   အကျိုးဆောင်များအား အကူအညီ   တောင်းခံဖူးပါသည်။ ထိုကြောင့် ခရိုင်ရဲတပ်ဖွဲ့မှူးကြီးက ဆရာတော်  အား အမကကျောင်းမြေဖြစ် ကြောင်း လျှောက်ထားခဲ့သော် လည်း ယနေ့ထိတိုင်အောင်ဖယ် ရှားပေးခြင်းမရှိသေးချေ။ ကျောင်းနေရာ၏ အကျယ်အ၀န်း   သည် ယနေ့ကာလတွင် ကျောင်း  သားဦးရေ အဆမတန်များပြား ကာကျောင်းသူ/သားများနှင့် ဆရာ/မများ၏ စိတ်ပိုင်းဆိုင်ရာ   ရုပ်ပိုင်းဆိုင်ရာအရအခက်အခဲ ပေါင်းစုံကြုံနေရသည်ကို သိမြင် နေသည့်အတွက် ယနေ့နိုင်ငံတော် သမ္မတကြီး၏ ကျေးလက်ဒေသဖွံ့  ဖြိုးမှုကိုပါ ထိခိုက်ပျက်ပြားနေသည့်  အပြင် နိုင်ငံတော်ပညာတတ်လူ သားအရင်းအမြစ်များကိုပါ ထိခိုက်  ပျက်ပြားနေရပါသည်။ ကလေး ငယ်များ၏ စုဝေးဖို့နေနေသာသာ ကျောင်းအိမ်သာများ ဆောက်လုပ်  ရန်ပါမြေနေရာအခက်အခဲဖြစ်နေ ရကြောင်း၊ ဒီအခက်အခဲတွေ ကြောင့် အနာဂတ်ကလေးငယ် များအား ဦးစားပေးပါ။ ကူညီပေး ပါပြောချင်ပါတယ်။ မြောက်ဘက်  ဘုန်းကြီးကျောင်းသည်လည်း ကျယ်ဝန်းစွာရှိနေသည့်အတွက် နောက်ထပ်ကျူးကျော်ထားတဲ့ အမကကျောင်းမြေနေရာလေးပြန် ပြီး ပေးလိုပါတယ်။ ကျောင်း ကော်မတီနှင့် ရပ်မိရပ်ဖများက တောင်းဆိုနေကြကြောင်း သိရှိရ သည်။

စိုးဝင်းနိုင်
Hot News

No comments:

Post a Comment