ယင်းကိစ္စနဲ့ပတ်သက်၍တစ် ချိန်က ဥပဒေလုပ်ထုံးလုပ်နည်း နဲ့ အညီ စစ်ဆေးခြင်းမပြုဘဲ တိုက် ရိုက်ထုတ်ပယ် အပြစ်ပေးခံခဲ့ရ သော သူများအနက် မကွေးတိုင်း ဒေသကြီး မြေစာရင်းဦးစီးဌာနမှူး ဦးအောင်ဝင်း၏ သူကိုယ်တိုင် မည်သည့်အကြောင်းကြောင့်မှန်း မသိပါဘဲ ထုတ်ပယ်ခံလိုက်ရ ကြောင်း တင်ပြလာပါသည်။
ကျွန်တော့်ကို (၃-၆-၂၀၁၁) နေ့မှာ အလုပ်ထုတ်ပြီး ပင်စင်ပေး လိုက်ပါတယ်။ ကျွန်တော်က မကွေးတိုင်း ညွှန်ကြားရေးမှူး စ,ဖြစ်ကာစ ၂၀၁၁ ဇန်န၀ါရီလ ထဲမှာ ကြေးတိုင်နဲ့ မြေစာရင်း ဦးစီးဌာနမှ အရာထမ်းများအ တွက်မြေလွတ်မြေရိုင်းများလျှောက် ထားပေးဖို့အတွက် အမှုတွဲ (၇)တွဲ ပြုစုပေးပါ။ ညွှန်ကြားလာတယ်။ ညွှန်ကြားတာက ညွှန်ကြားရေးမှူး (မြေယာ)ကပါ။ ကျွန်တော်က လည်း မိမိအထက်က လူကြီးက ညွှန်ကြားလို့ ဥပဒေလုပ်ထုံးလုပ် နည်းများနဲ့အညီ ပြုစုပြီးရုံးချုပ်ကို တင်ပြခဲ့ပါတယ်။ ရုံးချုပ်က စိစစ် ပြီးတော့ မြေလွတ်မြေလတ်နှင့် မြေ၀ိုင်းများ စီမံခန့်ခွဲရေးဗဟိုအဖွဲ့ ကနေ ခွင့်ပြုထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်ပြီးတော့ ကျွန်တော်တို့ ရုံးကို လုပ်ပိုင်ခွင့်အမိန့်တွေပို့ပါ တယ်။ ဒီအမိန့်စာကို အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင် စီကို ကျွန်တော်ပို့ပေးပါသေး တယ်။ မြေလွတ်မြေရိုင်း စီမံခန့်ခွဲ ရေးဗဟိုအဖွဲ့ကနေခွင့်ပြုစာကို တိုင်းဝန်ကြီးချုပ်ဆီတင်တဲ့အခါ တိုင်းဝန်ကြီးချုပ်က (စာထဲမှာ (တယက)ရဲ့ ခွင့်ပြုချက်မပါလို့) အမိန့်စာဖတ်ပြီး သူ့ရဲ့ခွင့်ပြုချက် မရဘဲနဲ့ တင်ရမလားဆိုပြီး ကျွန် တော့်ကို အရေးယူပါတယ်။ စုံ စမ်းစစ်ဆေးမှုလည်း မပြုဘဲ ကျွန် တော့်ကို အရေးယူပါတယ်။ စုံစမ်း စစ်ဆေးမှုလည်း မပြုဘဲ ပင်စင် ပေးဖို့ အမိန့်ကျလာတယ်။ ဒီအ ထဲမှာ ခွင့်ပြုခဲ့တာလည်းလယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန် ကြီးဌာန၀န်ကြီး မြေလွတ် မြေ လတ် နှင့် မြေရိုင်းများစီမံခန့်ခွဲ ရေးဗဟိုဥက္ကဋ္ဌ ဦးဌေးဦးရဲ့အတည် ပြုချက်နဲ့ပဲ မြေလွတ်မြေရိုင်း ဗဟို အဖွဲ့ကလည်း ခွင့်ပြုခဲ့တာ။ ကျွန် တော်တို့က ကြားထဲကနေပြီး ခံနေရတယ်။ ရုံးချုပ်က မင်းအ လုပ်ထုပ်ခံရရင် မြေပါလည်းဆုံး သားလုံးဆုံးဖြစ်မယ်။ အထုတ်ခံရ ရင် သိက္ခာလည်းကျမယ်။ ပင်စင် တင်လိုက်။ ပင်စင်မတင်ချင်ပေမဲ့ လည်း တင်လိုက်ရတယ်။ မိမိအ ထက် အကြီးအကဲ ညွှန်ကြားရေး မှူးရဲ့ ညွှန်ကြားချက်နဲ့ပဲ လိုက်နာ ဆောင်ရွက်ခဲ့ပါတယ်။ အခုကျွန် တော့်မှာ တိုင်းဝန်ကြီးချုပ်ရဲ့ အထင်မှား စိတ်ဆိုးပြီး တိုင်ကြား မှုကြောင့် ပြည်ထောင်စုဝန်ကြီး က အရေးယူအပြစ်ပေး လိုက်တယ်ဗျာ။ အရေးယူ အပြစ် ပေးရမှာလည်း ဘယ်ဥပဒေလုပ် ထုံးလုပ်နည်းနဲ့အညီ လုပ်သည် မသိ စစ်ဆေးခြင်းမရှိဘဲ တိုက် ရိုက်ထုပ်ပယ်တာကို ခံလိုက်ရ တာ။ ဥပဒေနဲ့အညီ လုပ်မယ်ဆို ရင် ပြည်ထောင်စု မြန်မာနိုင်ငံ သားဘယ်သူမဆို မြေလွတ်မြေ ရိုင်း၊ လုပ်ပိုင်ခွင့် လျှောက်ထားမှု ရှိပါက လုပ်ထုံးလုပ်နည်း ညွှန် ကြားချက်နဲ့အညီ လျှောက်ထား ခွင့်ရှိတယ်။ လုပ်ပိုင်ခွင့်ရှိတယ်။ ဒါက ဥပဒေအရ အခုကိစ္စက ကျွန်တော်က ကြားခံ၊ ကြားခံခံ မခံခံ စုံစမ်းစစ်ဆေးမှုတွေ လုပ် သင့်တယ်။ ခုနက ပြောတဲ့ဥပဒေ တွေကို ကြည့်သင့်တယ်ဗျာ။ ကျွန် တော်တို့လိုပါပဲ ထုချေဖြေရှင်းခွင့် မရဘဲ နစ်နာသူတွေအနေနဲ့ တစ် နင့်တစ်ပိုးရှိပါတယ်။ အခု ကျွန် တော်တို့နဲ့ပတ်သက်တဲ့ အဆိုကို သဘောမတူသူမရှိလို့ လက်ခံ ဆွေးနွေးရန် သဘောတူလိုက်တဲ့ အတွက် ကျွန်တော်တို့အတွက် ရောင်နီသန်းလာပြီလို့ပဲ ပြောချင် ပါတယ် ဟု တိုက်ရိုက်အထုတ် ပယ်ခံခဲ့သည့် ဒုတိယ ညွှန်ကြား ရေးမှူး ဦးအောင်ဝင်းက ပြောပါ သည်။
စိုးဝင်းနိုင်
Hot News

No comments:
Post a Comment