Monday, November 5, 2012

ပြည်နယ်/တိုင်းဒေသကြီးလွှတ်တော် အားနည်းချက်များ မပျောက် ရန် လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ကြောင်း ဦးသိန်းညွှန့် ပြောကြား

ပြည်နယ်/တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး၌အား နည်းချက်များရှိနေသော်လည်း ယင်းအားနည်းချက်များ မပျောက် ရန်မှာ ပြည်နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် လွှတ်တော်မှ ပြဋ္ဌာန်း ထားသော ဥပဒေများနှင့်နည်း ဥပဒေများအား ထဲထဲဝင်ဝင် လေ့ လာကာ ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချမှုများနှင့် သက်ဆိုင်နေ ကြောင်း ဦးသိန်းညွန့်၏ ပြော ကြားချက်အရ သိရသည်။
““ဒီလိုတိုင်းဒေသကြီးလွှတ် တော်အစည်းအဝေးမှာ အား နည်းချက်တစ်ချို့ရှိတယ်ဆိုတာ တွေကတော့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေက သူတို့တိုင်းဒေသကြီးလွှတ်တော် မှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေကို သေသေချာ ချာ
လေ့လာထားပြီး အသုံးချမှု အပေါ် မူတည်ပါတယ်။ ကိုယ် မေးတဲ့မေးခွန်းကို လိုရင်းမရောက် ပြန်ဖြေနေရင်နည်းဥပဒေမှာပါတဲ့ ဆက်စပ်ရှင်းလင်းတဲ့မေးခွန်းအရေး ကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တွေ၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ အသုံးချဖို့လိုပါတယ်။ ကျွန်တော်ပြောချင်တာက ဘယ်  လွှတ်တော်ပဲဖြစ်ဖြစ်၊ လွှတ်တော် ကိုယ်စားလှယ်တွေအားလုံးက လွှတ်တော်ဥပဒေတွေ၊ နည်းဥပဒေ တွေကို ထဲထဲဝင်ဝင် လေ့လာ ထားပြီးတော့ ကျွမ်းကျွမ်းကျင် ကျင်အသုံးချဖို့ လိုပါတယ်။ ဒီလို မှ မဟုတ်ရင်တော့ တိုင်းဒေသကြီး လွှတ်တော်မှ မဟုတ်ဘူး။ ကျန်တဲ့ လွှတ်တော်တွေမှာလည်း ပြောဖို့ ဆိုဖို့ အားနည်းမှာပေါ့””ဟု ပြည် သူ့လွှတ်တော်ကိုယ်သားလှယ် ဦး သိန်းညွန့်၏ ပြောကြားချက်အရ သိရသည်။
တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့်နည်း ဥပဒေများအား လေ့လာထားပြီး ပိုင်နိုင်စွာ အသုံးချမှုမရှိပါက ပြည်နယ်/တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်များအားလုံး အနေဖြင့်လည်း ဥပဒေ၊ နည်း ဥပဒေများကို ထဲထဲဝင်ဝင် လေ့ လာထားခြင်းနှင့်ပိုင်နိုင်စွာ အသုံး ချခြင်းမရှိပါက ကျန်ရှိသော အခြားလွှတ်တော်များ၌ပင် အား နည်းချက်များပေါ်လာနိုင်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။


ညီညီအောင်
Hot News  

No comments:

Post a Comment