ယခုရက်ပိုင်းအတွင်း စက်မှုဇုန်များ၌ ဆန္ဒပြမှုများ
ဆက်တိုက်ပြန်လည်ဖြစ်ပွားလျက်ရှိကြောင်း သိရပြီး အများစုမှာ လုပ်ခလစာ
အပြည့်အ၀ မပေးခြင်းနှင့် အလုပ်သမားများအား ထုတ်ပယ်ခြင်းတို့ကြောင့်
ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
အောက်တိုဘာလ ၂၃ ရက်နေ့တွင် ရွှေပြည်သာစက်မှုဇုန်၊ တောင်ဒဂုံ
စက်မှုဇုန်နှင့် ဒဂုံဆိပ်ကမ်းစက်မှုဇုန် တို့မှ စက်ရုံ ၁၂ ရုံခန့် ဆန္ဒပြ
တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလမှစ၍ ဇူလိုင်လအထိ ဆန္ဒထုတ်ဖော်ခဲ့ခြင်းမှာ အခြေခံလစာ၊
ထောက်ပံ့မှုစရိတ် တို့ကြောင့်ဖြစ်ပြီး ဇူလိုင်လနောက်ပိုင်းတွင်
ထုတ်ဖော်ခဲ့သော စက်ရုံအလုပ်ရုံများ ဆန္ဒပြခြင်းတို့မှာ အခြေခံလစာထက်
အလုပ်ရှင်ဘက်မှ ညှိနှိုင်းစာချုပ် ဖောက်ဖျက်မှုနှင့် အလုပ်သမားသမဂ္ဂ
ဖွဲ့စည်းမှုများအား တားဆီးပိတ်ပင်မှုများ၊ အလုပ်သမား သမဂ္ဂအဖွဲ့တွင်
ပါဝင်သူများအား အလုပ်မှ ထုတ်ပယ်ခြင်းရှိသောကြောင့် ဟု သိရသည်။
No comments:
Post a Comment