Thursday, November 1, 2012

ဂျပန်ကလပ် အိုဆာကာနှင့် မိတ်ဖက်ပြုရေး ရန်ကုန်အသင်း ဆွေးနွေး

  ဂျပန်ပြည်တွင်း အမြင့်ဆုံး အမှတ်ပေး ပြိုင်ပွဲဖြစ်သည့် ဂျေလိဂ် ပထမတန်းတွင် ၀င်ရောက် ယှဉ်ပြိုင်နေသည့် ကလပ်အသင်း Ceroza Osaka အသင်းမှ ဥက္ကဋ္ဌ မာဆာအို အိုကာနိုနှင့် အဖွဲ့ဝင်များသည် ပြီးခဲ့သည့် အောက်တိုဘာလ (၂၈)ရက်နေ့က ရန်ကုန်ယူနိုက်တက် အသင်းသို့ လာရောက်ကာ မိတ်ဖက် အသင်း အဖြစ် လက်တွဲရေး ကိစ္စရပ်များကို ဆွေးနွေးသွားခဲ့သည်။

ဥက္ကဋ္ဌ အိုကာနိုနှင့် အဖွဲ့သည် တနင်္ဂနွေနေ့ နံနက် အစောပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပြီး မွန်းလွဲ ၂း၀၀ နာရီတွင် ရန်ကုန် ယူနိုက်တက် အသင်း ရှိရာသို့ လာရောက်ပြီး မိတ်ဖက် ပြုရေးအတွက် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ အိုဆာကာ အသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ကို ရန်ကုန်ယူနိုက်တက် အသင်း CEO ဦးမင်းဆွေဦး၊ အထွေထွေ အတွင်းရေးမှူး ဦးဇွဲလှိုင်မှီတို့က လက်ခံ တွေ့ဆုံခဲ့ပြီး အသင်း၏ ကိုယ်ကာယ လေ့ကျင့်ခန်း၊ ရေကူးကန်နှင့် ကစားသမားများ၏ နားနေခန်းများကိုပါ လိုက်လံ ပြသခဲ့သည်။

အိုဆာကာ အသင်း ဥက္ကဋ္ဌနှင့် အဖွဲ့သည် ရန်ကုန် အလယ်တန်း ကစားသမား ကြည်လင်းကို ကောင်းစွာ သိရှိသူများ ဖြစ်ပြီး ရန်ကုန်အသင်း၏ လူငယ် စီမံကိန်းကိုလည်း ချီးကျူး ပြောဆိုခဲ့သည်။

ပရီးမီယားလိဂ် ကလပ် မန်ယူရောက် ဂျပန် အလယ်တန်းလူ ရှင်ဂျီကာဂါဝါ ၏ ငယ်ကလပ် အသင်းဖြစ်သော အိုဆာကာ အသင်းနှင့် ယခုလို ရင်းနှီးစွာ တွေ့ဆုံ ဆွေးနွေးခွင့် ရသည့်အတွက် ၀မ်းမြောက် ဂုဏ်ယူကြောင်း၊ အနာဂါတ်တွင် အသင်း နှစ်သင်း လက်တွဲကာ ဘောလုံး အားကစား ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များကို ပူးတွဲ လုပ်ဆောင် သွားရန် မျှော်လင့် ထားကြောင်း ရန်ကုန်အသင်း CEO ဦးမင်းဆွေဦးက ပြောကြားသည်။
 
 

No comments:

Post a Comment