ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်နေသော အကြမ်းဖက်မူများကြောင့် ဒဏ်ရာရရှိသည့်
ရခိုင်တိုင်းရင်းသားငါးဦး ရန်ကုန်မြို့သို့လာရောက်
ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
အောက်တိုဘာလအတွင်း ရခိုင်ပြည်
နယ်တွင် ထပ်မံဖြစ်ပွားခဲ့သောအကြမ်းဖက်မူများကြောင့် အောက်တိုဘာလ ၂၄ ရက်
နေ့တွင် မြောက်ဦးမြို့နယ် လွန်းတောင်ကျေးရွာမှ ဦးစိန်သာအောင်၊ အသက်
(၆၀)နှစ်သည် ကျောကုန်းတွင်လှံဖြင့် အထိုးခံရသော ဒဏ်ရာနှင့် အခြားဒဏ်
ရာများစွာတို့ဖြင့်လည်းကောင်း၊ အောက်တိုဘာလ ၂၇ ရက်နေ့တွင်
ကျောက်တော်မြို့နယ်၊ ရွှေပြည်ကျေးရွာမှ ဦးသန်းရွှေမောင်သည်
လက်မောင်းသေနတ်ကျည်ထိဒဏ်ရာဖြင့်လည်းကောင်း ရန်ကုန်ဆေးရုံကြီး၌ အရေးပေါ်လူနာ
အဖြစ် ဆေးကုသမှုခံယူနေကြောင်း သိရသည်။
ထို့ပြင် ထပ်မံရောက်ရှိလာသည့်
မြေပုံမြို့နယ် အုန်းတောကျေးရွာမှ ကိုစောဝင်းဇော်၊ ဂေါက်ဖြူကျေးရွာမှ
ကိုကျော်မင်းထွန်း၊ ပဲကောက် ကျေးရွာမှ ကိုမောင်မောင်တို့သုံးဦးသည် ဂျင်ဂလိ
ထိမှန်မှုကြောင့် မျက်လုံးဒဏ်ရာများဖြင့် အောက်တိုဘာလ ၃၀ ရက်နေ့တွင်
ရန်ကုန်မြို့သို့ရောက်ရှိကာ မျက်စိဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်းသိရသည်။
''
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့မှာ မြေပုံမြို့က တရုတ်တန်းဈေးနဲ့
တောင်ပေါ်ရပ်ကွက်တွေမှာ ဘင်္ဂါလီတွေက ကိုယ့်အိမ်ကိုမီးရှို့ကြပြီး
ထွက်ပြေးကြတယ်။ကျွန်တော်တို့က ဘေးအိမ်တွေကို မီးကူးမှာစိုးတဲ့အတွက်
မီးသွားတားတာကို သူတို့က ဂျင်ဂလိတွေ၊ ခဲတပ်ထားတဲ့
လေးခွတွေနဲ့ပစ်တယ်။ကျွန်တော်တို့ သုံးယောက်လုံး မျက်လုံးကိုထိခဲ့တာပါ။
ဟိုမှာကမျက်စိဆရာဝန်မရှိတော့ ဒီကိုလာကုရတာပါ'' ဟု မြေပုံမြို့နယ်
အုန်းတောကျေးရွာမှ ကိုစောဝင်းဇော်က ပြောပါသည်။
ထို့ပြင်
ပဲကောက်ကျေးရွာမှ ကိုမောင်မောင်ကလည်း '' ကျွန်တော်က
ညာဘက်မျက်လုံးကိုထိတာပါ။ ၉၀ ရာခိုင်နှုန်းလောက်ကပြန်ကောင်းဖို့
မသေချာဘူးလို့ ဆရာဝန်က ပြောတယ်။အခုလည်း မျက်လုံးက
မမြင်ရဘူး။မြေပုံမြို့မှာလည်း မီးလောင်ဒဏ်ရာရတဲ့သူ တွေ၊
ဓားခုတ်ဒဏ်ရာရတဲ့သူတွေ အများ ကြီးရှိနေသေးတယ် '' ဟု ပြောပါသည်။
လက်ရှိတွင်
အဆိုပါသုံးဦးသည် ရန်ကုန်မြို့ရှိ မြေပုံမြို့နယ်အသင်းတွင်
နေထိုင်လျက်ရှိပြီး ရခိုင်အမျိုးသားကွန် ရက်မှ
တာဝန်ယူဆေးကုသပေးလျက်ရှိကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment