Sunday, November 4, 2012

ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် ဌာနအဖွဲ့အစည်းများ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် အကုန်၌ ကျပ်ရှစ်ဘီလျံကျော် လိုငွေပြ

ပြည်နယ်နှင့် တိုင်းဒေသကြီး အဆင့်ဌာန အဖွဲ့အစည်းများတွင် ၂၀၁၂- ၂၀၁၃ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်အကုန်၌ လိုငွေ ရှစ်ဘီလျံကျော်ရှိကြောင်း နိုဝင်ဘာလ ၁ ရက်နေ့က ပြည်ထောင်စု လွှတ်တော်သို့ ရှင်းလင်းတင်ပြသည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ပထမ သုံးလပတ် (ဧပြီ၊မေ၊ဇွန်) အတွက် ပြည်ထောင်စု ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဆောင်ရွက်ချက်အစီရင်ခံစာအရ သိရသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီး အဆင့် ဌာနအဖွဲ့အစည်းများ၏ ရငွေပိုင်းတွင် မူလလျာထားချက် စုစုပေါင်းရငွေ ကျပ် ၈၃၂၁၃၅ ဒသမ ၃၅၄ သန်း အနက် ကျပ် ၆၅၈၁၉ ဒသမ ၉၁၀ သန်းရရှိသည့် အတွက် မူလလျာထားချက်အပေ
ါ် အကောင်အထည်ဖော်နိုင်မှုမှာ ၇ ဒသမ ၉၁ ရာခိုင်နှုန်းဖြစ်ကြောင်း၊ သုံးငွေအပိုင်းတွင် မူလလျာထားချက် စုစုပေါင်း ငွေကျပ် ၈၃၂၁၃၅ ဒသမ ၃၅၄ သန်းအနက် ၇၄၁၃၇ ဒသမ ၄၇၃ သန်းသုံးစွဲသည့်အတွက် ၈ ဒသမ ၉၁ ရာခိုင်နှုန်းဖြစ်ကြောင်းနှင့် သုံးလပတ်အကုန်၌ လိုငွေမှာ ရှစ် ဘီလျံကျော် ဖြစ်ကြောင်း သိရှိရ သည်။
ထို့အပြင် ပြည်နယ်နှင့် တိုင်း ဒေသကြီးများအတွက် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်း မူလခွင့်ပြုငွေဖြင့် မလုံလောက်သဖြင့် သာမန်အသုံးစရိတ် ကျပ် ၆၉၆၉၁ သန်း၊ ငွေလုံးငွေရင်း အသုံးစရိတ် ကျပ် ၁၂၈၅၃၁ သန်း၊ ကြွေးမြီ အသုံးစရိတ်ကျပ် ခုနစ်သန်း စုစုပေါင်း ကျပ် ၁၉၈၂၂၉ သန်းကို ဖြည့်စွက်ငွေအဖြစ် ထပ်မံတောင်းခံထား ကြောင်းလည်း၂၀၁၂-၂၀၁၃ ဘဏ္ဍာ ရေးနှစ် ပြည်ထောင်စု နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေ ကြမ်းတွင် ဖော်ပြထားချက်အရ သိ ရသည်။
ထိုသို့ တောင်းခံရခြင်းမှာ လစာစရိတ်ချီးမြှင့်ငွေ၊ ခရီးစရိတ်၊ ဓာတ်ဆီ၊ စက်ဆီ၊ ပြင်ဆင်ထိန်းသိမ်းစရိတ်များ အတွက် ဖြစ်ပြီး ငွေ လုံးငွေရင်းအသုံးစရိတ်မှာ ရုံးနှင့် ၀န်ထမ်းအိမ်ရာများ ဆောက်လုပ်ခြင်း၊ လမ်း၊ အုတ်၊ ရေမြောင်း၊ မြေထိမ်း နံရံပြုလုပ်ခြင်း၊ ခုံးကျော်တံတားများ ဆောက်ခြင်း၊ မီးသတ်ကား၊ မြေတူးစက်၊ အမှိုက်သိမ်းယာဉ်နှင့် လမ်းကြိတ်စက်များ ၀ယ်ယူရန်အတွက် ဖြစ်ကြောင်း အဆိုပါဥပဒေကြမ်း အရ သိရသည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် အတွက်လိုငွေကျပ် ၄၄၆၆၆၄ သန်း အနက် ပြည်ထောင်စုဘဏ္ဍာရန်ပုံ ငွေမှကျပ် ၄၃၇၀၃၇ သန်းထောက်ပံ့ပေးရန်နှင့် ကျပ် ၉၆၂၇ သန်းကို ငွေထုတ်ချေးရန် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြထားပြီး ၂၀၁၂ -၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် မူလခန့်မှန်းခြေတွင် ထောက်ပံ့ငွေ ကျပ် ၃၁၄၂၂၄ သန်းနှင့်ချေးငွေ ကျပ် ၄၀၆၃၇ သန်း လျာထားပြီး ဖြစ်သဖြင့် ထောက်ပံ့ငွေ ကျပ် ၁၂၂၈၁၃ သန်းကို ဖြည့်စွက်ခွင့်ပြုကို ပေးရမည်ဖြစ်ကြောင်းလည်း  ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု နောက်ထပ် ဘဏ္ဍာငွေခွဲ ဝေသုံးစွဲရေးဥပဒေကြမ်းတွင် ဖော်ပြထားချက်အရ သိရသည်။

Eleven Media Group

No comments:

Post a Comment