ကမ္ဘာ့မြောက်ဘက်ခြမ်းဒေသများအပါအ၀င် ဥရောပနိုင်ငံနှင့် အခြားနိုင်ငံဒေသများရှိ ဆောင်းခိုငှက်များ မြန်မာနိုင်ငံအနှံအပြားသို့ အောက်တိုဘာလလယ်မှစတင်ကာ ၀င်ရောက်လာကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံသို့ဝင်ရောက်လာ သည့် ဆောင်းခိုငှက်များသည်ရုရှားနိုင်ငံရှိ ဆိုက်ဘေးရီးယားဒေသ၊ အာဖရိကဒေသ၊ဥရောပ၊တိဗက်၊အိန္ဒိယနှင့်မွန်ဂိုလီးယားဒေသများမှ တောငန်းခေါင်းကြား၊တောငန်း၊ မောက်တင်၊အောင်ယော် အစရှိသည့်တို့မှ ၀င်ရောက်လာကြောင်း သိရှိရသည်။
''ကမ္ဘာ့မြောက်ဘက်ခြမ်းဆိုတော့ ဆောင်းဝင်တော့ နေ့တာအရမ်းတိုတယ်။သူတို့ဒေသတွေမှာ ငှက်ကောင်ရေများလာတဲ့အတွက်
အစာရေစာရှာဖို့ ခက်ခဲလာတာတွေကြောင့် အခြားဒေသနိုင်ငံတွေကိုဝင် ရောက်လာတာဖြစ်ပါတယ်''ဟု မြန်မာငှက်ဝါသနာရှင်အသင်းမှ အတွင်းရေးမှူးဦးသက်ဇော်နိုင်က ပြောပြပါသည်။
ထို့အပြင် မြန်မာနိုင်ငံအနှံ့အပြားသို့ ၀င်ရောက်လာသောဆောင်းခိုငှက်များသည် အင်းတော်ကြီးကန်၊ ဧရာဝတီမြစ်ဝှမ်းတစ်လျောက်၊ မြစ်ကြီးနားဒေသရှိ ဆင်ဘိုကြွားဒေသနှင့် ရေတိမ်ဒေသများတွင် အများဆုံးတွေ့ရှိနိုင်ကြောင်း သိရှိရပါသည်။
ထို့အပြင် မန္တလေးတိုင်းဒေသကြီးရှိ မန္တလေးမြို့အနောက်တောင်ဘက် ကိုးမိုင်သုံးဖာလုံအကွာ၊ ပင် လယ်ရေမျက်နှာပြင်အမြင့် ၈၉ မီတာ၊ ကန်အရှည် ၂ ဒသမ ၃ ကီလိုမီတာ၊ အကျယ် ၃ ဒသမ ၁ ကီလိုမီတာရှိပြီး ရေတိမ်၍ကုန်းတွင်းရေတိမ်ဒေသ သဘာဝအင်းဖြစ်သော ပလိပ်အင်းထဲသို့ ကမ္ဘာ့မြောက်ဘက်ခြမ်းဒေသများမှ ရှားပါးဆောင်းခိုငှက်မျိုး စိတ်များ ၀င်ရောက်လာပြီး ရေဘဲနီဟုခေါ်သည့် ဥရောပဒေသမှ ရှားပါးငှက်မျိုးစိတ်များလည်း ၀င်ရောက်လာကြောင်း သိရှိရသည်။
Eleven Media Group
No comments:
Post a Comment