လွှတ်တော်အသီးသီးတွင် ၁၀ လကျော်ခန့် ဆွေးနွေးခဲ့ပြီး ပြည်တွင်း၊ ပြည်ပ စီးပွားရေး လုပ်ငန်းရှင်
များကြား စိတ်ဝင်စားမှုအများဆုံး ဖြစ်ခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်း ကို ပြည်ထောင်စု
လွှတ်တော်တွင် ယခုလ ၁ ရက်က ဆွေးနွေးခဲ့ပြီး သမ္မတဦးသိန်းစိန်က ယခုလ ၂ ရက်က အတည်
ပြု လက်မှတ်ရေးထိုးလိုက်သည်။
"နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ၊ ငွေကြေး မူဝါဒ၊ ရင်းနှီးမြှုပ်နှံမှုမူဝါဒတွေကို နိုင်ငံတကာနဲ့ လိုက်လျော
ညီထွေဖြစ်အောင် ဖြေလျှော့ထားပါ တယ်"ဟု သမ္မတဦးသိန်းစိန်က ယခုလ ၃ ရက်က နော်ဝေနိုင်ငံ
ဝန်ကြီးချုပ် Mr. Jens Stoltenberg နှင့် သမ္မတအိမ်တော်၌ တွေ့ဆုံရာ တွင် ပြောကြားခဲ့သည်ဟု
နိုင်ငံပိုင်သတင်းစာ များတွင် ဖော်ပြပါရှိသည်။
အရေးတကြီးလိုအပ်နေသည်မှာ နိုင်ငံသူ နိုင်ငံသားများ၏ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးပင်ဖြစ်
ပြီး အလုပ်အကိုင်အခွင့်အလမ်းအများအပြားပေးနိုင်သော စက်ရုံ၊ အလုပ်ရုံများ ပေါ် ပေါက်လာရန်
လိုလားသည်ဟုလည်း သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။
စက်တင်ဘာလ ၇ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်၌
နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဥပဒေ
ကြမ်းကို သမ္မတထံပေးပို့ခဲ့ပြီး သမ္မတက ပြင်ဆင်ချက် ၁၁ ချက်ဖြင့် ပြန်လည် ပေးပို့ခဲ့သည်ကို
လွှတ်တော်ကိုယ်စားလှယ် ရှစ်ဦးက ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုလွှတ် တော်တွင် မဲခွဲဆုံးဖြတ်ခဲ့
သည်။
သမ္မတပြင်ဆင်ချက် ၁၁ ချက်အနက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်းပုဒ်မ ၂၄ ၊ ပုဒ်မခွဲ (စ)ပါ
"ပညာရှင်အဆင့် အချိုးခွဲဝေမှုအဖြစ် နိုင်ငံခြားသားဝန်ထမ်းများနည်းတူ မြန်မာနိုင်ငံသားဝန်ထမ်းများ
အား ခန့်ထားရာတွင် လုပ်ခအဆင့်ကို ခွဲခြားမှုမရှိစေရန် အခွင့်အလမ်းများ စီမံဆောင်ရွက်ပေးရမည်"
ဟူသည့်အချက်ကိုသာ ပြည်ထောင်စုလွှတ်တော်၏ မူလအဆိုပြုချက်အတိုင်း သဘောတူခဲ့ပြီး
၁၀ ချက်ကို သမ္မတ၏ မှတ်ချက်အတိုင်း အတည်ပြုခဲ့ကြသည်။
သမ္မတ၏ သဘောထားမှတ်ချက်တွင် နိုင်ငံသားများလုပ်ကိုင်နိုင်သည့် လုပ်ငန်းများနှင့် ပတ်သက်
သည့် အချက်လေးချက်ရှေ့၌ "နည်း ဥပဒေထုတ်ပြန်ထားသော စာသားဖြည့်စွက် ခြင်း ပုဒ်မ ၁၂၊
ပုဒ်မခွဲ (ည)ပါ ပုဒ်မခွဲ (ဈ) အရ စာချုပ်တွင်သတ်မှတ်ထားသော ရင်းနှီးမြှုပ်နှံမှု အချိုးကို ရင်းနှီးမြှပ်နှံ
သူက မြန်မာနိုင်ငံသားများအား ပြန်လည်ရောင်းချပေးရန်" ဟူသည့် အပိုဒ် ကို ပြန်လည်နုတ်ပယ်ခဲ့
သည်။
ထို့ပြင် ပုဒ်မ ၉ ပုဒ်မခွဲ(ခ)ပါ ဖက်စပ် လုပ်ငန်း အဖြစ် ဖွဲ့စည်းပါက နိုင်ငံခြားမတည်ငွေနှင့် နိုင်ငံသား
မတည်ငွေအချိုးကို ဖက်စပ်လုပ်ငန်းပြုလုပ်သည့် နိုင်ငံခြားသားနှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု နှစ်ဖက်
သဘောတူညီချက်အရ သတ်မှတ်နိုင်သည်။
နိုင်ငံခြားသားသည် တားမြစ်သည့်လုပ်ငန်း၊ ကန့်သတ်သည့်လုပ်ငန်းများကို နိုင်ငံသားနှင့် ဖက်စပ်
လုပ်ကိုင်ပါက နိုင်ငံခြားမတည်ငွေရင်း အချိုးကို နည်းဥပဒေဖြင့် ပြဋ္ဌာန်းထားသည့် အချိုးအတိုင်း
အဆိုပြုနိုင်သည်ဟု ပါရှိသည်။
ဥပဒေကြမ်းကော်မတီက ပျော့ပျောင်းမှုနှင့် အများပြည်သူ၏ အကျိုးကိုကြည့်ပြီး လုပ်ဆောင်မှုကို
သဘောကျသည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စု
လွှတ်တော်အပြီးတွင် သတင်း ထောက်အချို့အား ပြောသည်။
"နည်းဥပဒေတွေမှာ အများကြီး စကားပြော ဦးမယ်လေ။ နည်းဥပဒေစောင့်ပြီးမှ ဒီဟာကို ပြောရမှာ
ပေါ့"ဟု ယခု နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေသည် တိုင်းရင်းသားလုပ်ငန်းရှင်မျာအား ကာကွယ်မှုနည်း
ပါသလားဟု သတင်းထောက် များ၏ မေးမြန်းချက်ကို ဖြေကြားသည်။
"နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ လာသင့်တယ်၊ မလာသင့်ဘူးဆိုတာ နည်းဥပဒေကိုကြည့်ပြီး ဆုံးဖြတ်
ကြမှာပါ"ဟု ၎င်းက ပြောသည်။
ဝင်းကိုကိုလတ်
The Myanmar Times
No comments:
Post a Comment