Sunday, November 11, 2012

ဗီလာနဲ့ပွဲမှာ အဝေးကွင်းကို လိုက်ပါ အားပေးခဲ့တဲ့ ပရိတ်သတ် တွေကို ချီးကျူးခဲ့တဲ့ ဆာအဲလက်စ်

မန်ယူနည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်က မနေ့က ဗီလာအသင်းကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ အဝေးကွင်းကို လိုက်ပါအားပေး ခဲ့တဲ့ ပရိတ်သတ်တွေရဲ့ မလျော့သော တခဲနက် အားပေးမှု တွေကလဲ အသင်းရဲ့ နိုင်ပွဲအတွက် အစိတ်အပိုင်း တစ်ခုပါပဲလို့ ဆိုခဲ့ပါတယ်။ ယူနိုက်တက်ဟာ မနေ့က ပွဲစဉ်မှာ မိနစ် 50ထိ တစ်ဖက်အသင်းရဲ့ နှစ်ဂိုးအသာနဲ့ ဦးဆောင်ထားခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။ သို့ပေမဲ့ ၃၁၂၇ယောက်သော အဝေးကွင်း ပရိတ်သတ် တွေဟာ ပြန်လည်အနိုင် ရရှိရမယ် ဆိုတဲ့ ယုံကြည်ချက်နဲ့ တခဲနက် အော်ဟစ်အားပေး ခဲ့ကြပါတယ်။ ယူနိုက်တက်ဖန်တွေရဲ့ ယုံကြည်မှု
အတိုင်းပင် ချီချာရီတိုရဲ့ သွင်းဂိုးတွေနဲ့ ယူနိုက်တက်ဟာ ပွဲအပြီးမှာ အနိုင်ရရှိ ခဲ့ပါတယ်။
ဖာဂူဆန်က ” အသင်းအားပေးသူ တွေကတော့ တကယ်အားရ ကျေနပ်စရာ ပါပဲ။ သူတို့ရဲ့ အားပေးမှုကို သင်တို့ မြင်တွေ့ခဲ့မှာပါ။ တကယ်ပဲ သူတို့ရဲ့ အားပေးမှုက ကြီးကျယ်ခမ်းနား ခဲ့ပါတယ်။ ဒီလိုအားပေး မှုတွေကြောင့်ပဲ ကျွန်တော်တို့ တွန်းအားဖြစ်ခဲ့ ရပါတယ်။ ဒီလိုအားပေးမှု တွေနဲ့ပဲ သူတို့အတွက် တစုံတခု ပြန်လည်လုပ်ပြ ပေးနိုင်ခဲ့တယ် ဆိုတာ သံသယ ရှိစရာ မလိုပါဘူး။ ဒုတိယပိုင်းမှ အသင်းကစားပုံက ပိုမိုကောင်းမွန် လာခဲ့ပြီး အနိုင်ရရှိအောင် စွမ်းဆောင် နိုင်ခဲ့ပါတယ်။ ဒါဟာ ဒီရာသီမှာ ရှစ်ကြိမ်မြောက် ကျွန်တော်တို့ ပြန်လာနိုင် ခဲ့တဲ့ ပွဲပါပဲ။ ဒါကြောင့်မို့ပဲ ကျွန်တော်တို့နဲ့ ရင်ဆိုင်ရမဲ့ အသင်းတိုင်းဟာ ၉၅မိနစ်တိုင်အောင် မလျှော့ပဲ ကစားနေရမယ် ဆိုတာ သူတို့ သိထားပါတယ်။ ” လို့ ဆိုခဲ့ပါတယ်။

Myanmar Manchester United Fan Club

No comments:

Post a Comment