၂၀၁၂၊ အောက်တိုဘာလ ၂၁ ရက်မှ ၃၀ ရက်နေ့အထိ ရခိုင်ပြည်နယ်၌ဖြစ်ပွားခဲ့သော ပဋိပက္ခများ
နှင့်ပတ်သက်၍ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်အချို့နှင့် ပြည်သူ့လွှတ်တော် တရား
ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့က
သဘောထားထုတ်ပြန်ချက်တစ်ရပ်ကို နိုဝင်ဘာလ ၇ ရက် ညနေပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက် ညနေ ပိုင်းတွင် နေပြည်တော်၊ စည်ပင်ဧည့်ရိပ်သာ၌
ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်အချို့တို့ ညှိနှိုင်းဆွေးနွေးခဲ့ကြ
အပြီး နှစ်ရက်အကြာတွင် ဤသို့ထုတ်ပြန်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခနှင့်စပ်လျဉ်း၍ တိုင်းရင်းသား ကိုယ်စားလှယ်အချို့နှင့်
တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်
တို့၏
သဘောထားထုတ်ပြန်ချက် (၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်) ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ
၂၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ရခိုင်ပြည် နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများတွင် သေဆုံးသူ
၈၉ ဦး၊ ဒဏ်ရာရသူ ၁၃၆ ဦး၊ မီးလောင်သည့်အိမ် ၅,၃၅၁ နှင့် လူဦးရေ ၃၂,၂၃၁ ဦးတို့ အိုးမဲ့အိမ်မဲ့
ဖြစ်ပေါ်ခဲ့ ကြောင်း၊ သာမန်ဆူပူလှုပ်ရှားမှုဖြစ်စဉ်များမှ လက်နက်ကိုင် အကြမ်းဖက်မှု အခြေအနေသို့
ကူးပြောင်းတော့မည်တို့ကို နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် သိရှိရပါသည်။
ပြည်ထောင်စုဖွား တိုင်းရင်းသားများ စိတ်မချမ်းမြေ့ဖြစ်ကြရပါသည်။ နိုင်ငံတော်၏ နိုင်ငံရေးဦးတည်
ချက်တစ်ရပ်ဖြစ်သည့် နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး
တို့အတွက် ပဋိပက္ခများ ဖြစ်ပွားနေသော၊ ပဋိပက္ခများ ဖြစ်နိုင်ခြေရှိသော ဒေသများတွင် လုံခြုံရေး
လိုအပ်ချက်အရ တပ်ဖွဲ့ဝင်များ အင်အားတိုးမြှင့်ခြင်း၊ လုံခြုံရေးအစီအစဉ်များ အဆင့်တိုးမြှင့်ခြင်း
တို့ကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရန် လိုအပ်ပါသည်။
ယခုဖြစ်ပွားနေသောပဋိပက္ခသည် ရခိုင်ပြည်နယ်အရေး သက်သက်မဟုတ်ဘဲ ပြည်ထောင်စုအရေး
ဖြစ်သောကြောင့် တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေးကော်မတီမှ ၂၆-၁၀-၂၀၁၂ နေ့
တွင် ပြည်သူ့လွှတ်တော်သို့ အရေးတကြီး အဆိုတင်သွင်း ဆွေးနွေးခဲ့ပြီး ဖြစ်ပါသည်။
လူများစုနှင့် လူနည်းစုဟူ၍လည်း ကောင်း၊ လူမျိုးရေးနှင့် ဘာသာရေးကို အခြေခံ၍လည်းကောင်း
ခွဲခြားဆက်ဆံ ခြင်းမပြုဘဲ လူသားအားလုံးက လူ့အခွင့် အရေးများကို လေးစားလိုက်နာကြရန်
တာဝန်ရှိပါသည်။ ဤအရေးကိစ္စသည် နက်ရှိုင်းကျယ်ပြန့်ပြီး နူးညံ့သိမ်မွေ့ သဖြင့် နှစ်ဦးနှစ်ဖက်
ကျေနပ်လက်ခံနိုင်သည့် အကောင်းဆုံးရလဒ်တစ်ခုကို ငြိမ်းချမ်းစွာ ညှိနှိုင်းအဖြေရှာကြရပါမည်။
ဤပဋိပက္ခဖြစ်စဉ်နှင့်စပ်လျဉ်း၍ ပြည်ထောင်စုဖွား ဌာနေ တိုင်းရင်းသားရခိုင်လူမျိုးများ၏ စိုးရိမ်ပူပန်
ကြောင့်ကြမှုများကို အသိအမှတ်ပြုရမည်ဖြစ်ပါသည်။
ထို့ပြင် နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေသော၊ အားပေးကူညီနေသော လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်း
များ၊ အကြမ်းဖက်သူများ၊ ဥပဒေချိုးဖောက်သူများ၊ လူ့အခွင့်အရေးချိုးဖောက်ခြင်းများနှင့် စပ်လျဉ်း၍
တရားဥပဒေနှင့်အညီ ထိထိရောက်ရောက် မှန်မှန်ကန်ကန် စစ်ဆေးအရေးယူခြင်း၊ စီရင်ဆုံးဖြတ်ခြင်း
တို့ကို ပွင့်လင်းမြင်သာစွာ ပြည်သူလူထုအား အသိပေးရပါမည်။
တစ်ဖန် တည်ဆဲဥပဒေဖြစ်သော ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့် ပတ်သက်၍လည်းကောင်း၊
ရခိုင်ပြည်နယ် အရေးကိစ္စနှင့် စပ်လျဉ်း၍လည်း ကောင်း နိုင်ငံတော်အစိုးရ၏တိကျပြတ်သားသည့်
မူဝါဒကို ထင်သာမြင်သာရှိ အောင် ပြည်သူလူထုထံ ချပြရမည်ဖြစ်ပါသည်။
နိုင်ငံသားဖြစ်မှုကိစ္စနှင့် ရခိုင်ပြည်နယ်အရေးကိစ္စတို့အား နိုင်ငံတော်အစိုးရက မည်သို့မည်ပုံကိုင်
တွယ်မည်ကို ပြည်သူလူထုအား ရှင်းရှင်းလင်းလင်း အသိပေးသင့်ပါသည်။
လူသားချင်း စာနာမှုအထောက်အကူများကို လိုအပ်သူများအားလုံးအတွက် နှစ်ဦးနှစ်ဖက်လက်ခံ
နိုင်သောနည်းဖြင့် အမြန်ဆုံး စီစဉ် ပေးရန် လိုအပ်ပါသည်။
နယ်စပ်လုံခြုံရေးနှင့် လူဝင်မှုကြီးကြပ်ရေးကိစ္စတို့တွင်လည်း နယ်နိမိတ်ချင်းထိစပ်နေသည့် နှစ်နိုင်ငံ
စလုံး၏ အစိုးရများတွင် တာဝန်ကိုယ်စီရှိကြပါသည်။
တစ်နိုင်ငံတည်းပေါ်တွင်သာ တာဝန်ရှိခြင်းမဟုတ်ပါ။ နှစ်နိုင်ငံစလုံးက ဥပဒေနှင့်အညီတာဝန်ယူခြင်း၊
တာဝန်ခံခြင်း တို့ ရှိရပါမည်။
နယ်စပ်ဖြတ်ကျော်မှုများ ကို စနစ်တကျဖြင့် လုံလုံခြုံခြုံရှိအောင် နှစ်နိုင်ငံစလုံးက ကာကွယ်ကြရန်
အထူး လိုအပ်ပါသည်။
သို့ပါ၍ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ထောင်စုအရေးအတွက် အထက်ဖော်ပြပါချက်ချင်းလက်ငင်း
လက်တွေ့ကျကျ လုပ်ကိုင်ဆောင်ရွက်မည့်ကိစ္စရပ်များကို ပြည်ထောင်စုရဲ့ အနာဂတ်ကို ရှေးရှုပြီး
အလျင်အမြန်ဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်တွင် ပြုလုပ်သော တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်
အချို့နှင့် တရား ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်
တို့၏ ညှိနှိုင်းဆွေးနွေး သဘောတူညီချက်အရ။
"ရခိုင်ပြည်နယ်အရေးဟာ တစ်ပြည်လုံးနဲ့ဆိုင်တဲ့အရေးဆိုတော့ တိုင်းရင်းသားတွေလည်း အားလုံး
ပါဝင် ဆွေးနွေးသင့်တယ် ထင်လို့ပါ။ အားလုံးကနေပြီးတော့ (ဒီကိစ္စကို) ကိုယ့်နိုင်ငံရဲ့ပြဿနာတွေ
ကို ညီညီညွတ်ညွတ်နဲ့ ရင်ဆိုင်ဖြေရှင်းတဲ့ စိတ်ဓာတ်မျိုးမွေးမြူရမယ်လို့ အန်တီတို့ ယုံကြည်လို့
အခုလို ရခိုင်ပြည်နယ်အရေးကို ဆွေးနွေးခဲ့ကြတာပါ" ဟု နိုဝင်ဘာလ ၆ ရက်နေ့တွင် ၎င်းက
မြန်မာတိုင်း(မ်)ကို ဖြေကြားခဲ့သည်။
ရခိုင်ပြည်နယ်၏ လက်ရှိအခြေအနေအရ စစ်အုပ်ချုပ်ရေးပုံစံမျိုး ဖြစ်လာနိုင်မလားဟူသော အမေးကို
မူ၎င်းက "အခြေအနေပေါ် မူတည်တာပေါ့။ ဘာပဲ ပြောပြော သာမန်မဟုတ်တဲ့ ထူးခြားတဲ့ အခြေ
အနေမျိုးမှာ (စစ်အုပ်ချုပ်ရေးပုံစံမျိုးက) လို ကောင်းလိုနိုင်ပါတယ်။ ဒါပေမယ့် အမြန်ဆုံးပြန်ပြီး
သာမန်အခြေအနေကိုရောက်အောင်လုပ်ဖို့ လိုပါတယ်။ အခုလိုထူးခြားတဲ့ အခြေအနေမျိုးမှာ တခြား
အဖွဲ့အစည်းတွေရဲ့ အကူအညီကို တောင်းရာတာကလည်း သိပ်ပြီးတော့ မထူးခြားပါဘူး။ အရေး
ကြီးတာက တော့ အမြန်ဆုံး သာမန်အခြေအနေမျိုး ကို ပြန်ရောက်သွားဖို့ လုပ်ရမှာပါ"ဟု ဖြေကြား
သည်။
အဓိကအကျဆုံးအချက်မှာ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပင်ဖြစ်သည်ဟု ၎င်းက ဆက်လက်
ပြောကြားသည်။
"ရခိုင်ပြည်နယ်ကိစ္စက လွယ်လွယ်ကူကူ ပြီးမယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီ ပြဿနာတွေကို
လွယ်လွယ်ကူကူ ဖြေရှင်းလို့မရဘူးလေ။ ဒါကြောင့် အန်တီ အမြဲပြောတာပေါ့၊ ပထမဦးဆုံးက
တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးကို ဂရုစိုက်ရမယ်လို့။ လူတွေက လုံလုံခြုံခြုံနဲ့ မနေနိုင်ရင်
(ပြဿနာတွေကို) ဘယ်လိုလုပ် အေးအေးဆေးဆေး စဉ်းစားနိုင်မလဲ။ တရားဥပဒေစိုးမိုးရေးဆိုတာ
တကယ်တော့ တရားရုံးတွေကတစ်ဆင့်သွားရမှာပေါ့။ ဒါနဲ့ပတ်သက်လို့ အဓိကကတော့ ရဲပေါ့နော်။
အဓိကတာဝန်ရှိတာက အစိုးရရဲ့တာဝန်ပဲ"ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ထောင်စုအရေးအတွက် ယခုသဘောထားထုတ်ပြန်ချက်တွင်
ပါဝင်သည့် ချက်ချင်းလက်ငင်း လက်တွေ့ကျကျ လုပ်ကိုင်ဆောင်ရွက်နိုင်မည့်ကိစ္စများကို
ပြည်ထောင်စု၏အနာဂတ်ကို ရှေးရှုပြီးအလျင်အမြန် ဆောင်ရွက်ကြရန်လည်း အဆိုပါသဘောထား
ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
အထူးသဖြင့် ပဋိပက္ခဖြစ်နိုင်ခြေရှိ သောဒေသများ၌ လုံခြုံရေးအင်အား တိုးမြှင့်ခြင်း၊ လုံခြုံရေးအစီ
အစဉ်များ တိုးမြှင့်ခြင်းတို့ကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရေး၊ ဤပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်
၍ ပြည်ထောင်စုဖွားဌာနေ တိုင်းရင်းသား ရခိုင်လူမျိုးများ၏ စိုးရိမ် ပူပန်ကြောင့်ကြမှုများကို အသိ
အမှတ်ပြုရေး၊ ပဋိပက္ခ၏နောက်ကွယ်မှ ကြိုးကိုင်နေသော၊ အားပေးကူညီနေသော၊ ပုဂ္ဂိုလ်၊ အဖွဲ့
အစည်းများ၊ အကြမ်းဖက်သူ၊ ဥပဒေ ချိုးဖောက်သူများအား ဥပဒေနှင့်အညီ ထိထိရောက်ရောက်
မှန်မှန်ကန်ကန် စစ်ဆေးအရေးယူခြင်းတို့ကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရေး၊ နယ်စပ်ဖြတ်ကျော်
မှုများကို စနစ်တကျ ကာကွယ်ရေး... စသည်တို့လည်း ပါဝင်ကြောင်း တွေ့ရသည်။
No comments:
Post a Comment