Sunday, November 11, 2012

လက်ပံတောင်းတောင်စီမံကိန်းဧရိယာအတွင်း မြန်မာများသွားလာခွင့်မရှိခြင်းမှာ တိုင်းပြည်၏အချုပ်အခြာအာဏာနှင့်သက်ဆိုင်နေ

လက်ပံတောင်းတောင်ကြေးနီ  စီမံကိန်းဧရိယာအတွင်းအပါအ၀င် ဖြစ်သော တောင် (၃၃) လုံးရှိရာ  သတ်မှတ်နယ်မြေအတွင်းသို့ လုံခြုံ ရေးအကြောင်းပြ၍ မြန်မာများအား သွားလာခွင့်ပိတ်ပင်ထားခြင်းမှာ  တိုင်းပြည်၏အချုပ်အခြာအာဏာ နှင့် သက်ဆိုင်နေလျက်ရှိပြီး မြန်မာနိုင်ငံသူနိုင်ငံသားများအနေ ဖြင့် အမိမြေအတွင်းတိုင်းတစ်ပါး သားတို့ကြောင့် လွတ်လပ်စွာ သွားလာခွင့်ဆုံးရှုံးရခြင်းမှာ တိုင်း ပြည်၏အချုပ်အခြာအာဏာဆုံး ရှုံးခြင်းပင်ဖြစ်ကြောင်း လက်ပံ တောင်းတောင်ကြေးနီစီမံကိန်း ကိစ္စဦးဆောင်ကူညီနေသူဦးဝင်းချို က ပြောကြားသည်။
“ဒါကျွန်တော်တို့နိုင်ငံ ကျွန်တော်တို့မြေ၊ ကျွန်တော်တို့ အနေနဲ့
လွတ်လပ်စွာသွားလာခွင်၊့ ခြေချခွင့်ရှိရမယ်။ ပြီးတော့ ၀မ်း ရေးအတွက် လွတ်လပ်စွာရှာဖွေ စားသောက်ခွင့်ရရှိမယ်။ ဘာမျှ လုပ်ပိုင်ခွင့်မရှိတာ ကျွန်တော်တို့ မြေရောဟုတ်ရဲ့လား။ သဘာပ ပတ်ဝန်းကျင်ဆိုတာခဏထား။ တိုင်းပြည်ရဲ့အချုပ်အခြာအာဏာ  ထိပါးတဲ့ကိစ္စကိုမှ မကန့်ကွက်ရင် အဲဒီသူက မြန်မာနိုင်ငံသားပီသပါ့   မလား။ အဲဒီလက်ပံတောင်း တောင်စီမံကိန်းနယ်မြေထဲ ဗမာ တွေမ၀င်ရဘူး။ အထဲမှာ အကုန် လုံးတရုတ်စာတွေပဲ။ ဒီတော့ တောင် (၃၃) လုံးဧရိယာထဲမှာ မြန်မာနိုင်ငံသားတော့ ခြေချခွင့်  မရဘူး။ တရုတ်တွေပဲ ခြေချခွင့် ရှိတယ်ဆိုရင် တိုင်းပြည်အချုပ် အခြာအာဏာဆုံးရှုံးသွားတာမဟုတ်   ဘူးလား။ ဒီကိစ္စ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာနဲ့ ပတ်သက် နေတဲ့ အတွက်လုံးဝကန့်ကွက်ပါ တယ်”ဟု ဦးဝင်းချိုမှ ပြောကြား သွားသည်။
မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ် နှံမှုအများဆုံးပြုလုပ်နေသည့် တရုတ်နိုင်ငံအနေဖြင့် မိမိတို့၏ ရင်းနှီးမြှုပ်နှံမှုများ၊ နည်းပညာများ နှင့် သက်ဆိုင်ရာပညာရှင်များအား အကာအကွယ်ပေးရန်အတွက် လုံခြုံရေးပူးပေါင်းဆောင်ရွက်ရန်  အကြောင်းပြချက်ဖြင့် ၀င်ရောက်   ခွင့်ပိတ်ပင်ခြင်းမှာ အချုပ်အခြာ  အာဏာနှင့် သက်ဆိုင်နေ ကြောင်း ယင်းကထပ်မံပြောကြား သည်။


ခန့်ခန့်(ဒဿနိက)
Hot News     

No comments:

Post a Comment