Sunday, November 11, 2012

အမရပူရမြို့မှ ပုထိုးတော်ကြီး စိန်ဖူးမြေခဲ့ကြောင်းထပ်မံသိရှိရသည်။”၆.၆ ဆိုတာမြေပြင်ရွေ့ပြတ်မှု(surface rupture )ဖြစ်နိုင်သည့်ပမာဏဖြစ်သည်၊နောက်ဆုံးဖြစ်ခဲ့ သော၁၉၅၆ စစ်ကိုင်း ငလျင်နှင့် ၁၉၉၁ တကောင်းငလျင်တို့နှင့်နှိုင်းယှဉ်လျှင် နှစ် ၆၀ အတွင်း ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သဖြင့် Main Shock လည်းဖြစ်နိုင်သလို စစ်ကိုင်း fault က 7-7.5ဖြစ်နိုင်တာမို့သတိထားနေတာအကောင်းဆုံးဖြစ်မည်။၁၉၂၉-၁၉၃၁ အတွင်း Sagaing fault segment ၅ ခုလောက် (ပဲခူး၊တကောင်း၊ဖြူး၊ဆွာ၊တောင်ငူ)တို့မှာတစ်လှည့်စီ လှုပ်ခတ်ခဲ့ခြင်းများဖြစ်ပေါ်ခဲ့ဘူးတာမို့ ဒီမျည်းကြောင်းပေါ်ကတစ်ခြားနေရာတွေမှာလည်း နှစ်ပိုင်းအတွင်း သတိရှိထားသင့်ကြောင်း ဦးသူရထွန်း (မြန်မာနိုင်ငံ မြေငလျင် အသင်း)အတွင်းရေးမှုးမှပြောကြားခဲ့သည်။ယခုလှုပ်ခတ်ခဲ့သောမြေငလျှင်ကြောင့် အမရပူရ မြို့နယ်ရှိ ရွှေလင်းပင်ဘုရား ထီးတော်ယိုင်နဲ့သွားသည်.။.စဉ့်ကူမြို့နယ် ကန်တော်ကျေးရွာအနီး ရွှေတွင်းတွင် ရွှေလုပ်သား ၁၁ ဦးပိတ်မိနေပြီး ယင်းနေရာတစ်ဝိုက်တွင် ငလျင်အသေးစားများဆက်လက်လှုပ်ခတ်နေကြောင်းသိရသည်။ ဥယျာဉ်မှုး

ယနေ့ကမ္ဘာကြီးက ရွာကြီးတစ်ရွာ ပမာဖြစ်သွားပြီ။ကမ္ဘာတစ်ဝှန်းဆက်သွယ်  မှုကလည်း၊တဖြည်းဖြည်းပိုမိုကျယ်ပြန့်  လာကြသည်။
တိုးတက်ပြောင်းလဲလာသော လူ့ လောက၀န်းကျင်တွင် ဘယ်နေရာကိုသွား သွား၊ဆေးလိပ်သောက်ခြင်း၊စီးကရက် သောက်ခြင်းကိုမြင်တွေ့ကြရသည်။လူ့ မြင်ကွင်းဝယ်ဥမမယ်၊စာမမြောက်ဆယ် ကျော်သက်အရွယ်၊ငယ်ငယ်ရွယ်ရွယ်
ကလေးများပင် ဆေးလိပ်သောက်တတ်ကြ သည်။လမ်းဆုံလမ်းခွ လူစည်ကားရာနေရာ၊ရုပ်ရှင်၊ဇာတ်ပွဲ၊သဘင်များ၊ဂီတဖျော် ဖြေပွဲများ၌ပင်မိသားစုဝင်ငွေရရေးအတွက်
  ဆေးလိပ်ဗန်းကလေးမျာကို ကိုယ်စီကိုင် ဆောင်၍ ဆေးလိပ်ရောင်းချနေကြသော  လူငယ်များ၏ ၀မ်းဆာရှာဖွေ မှုကိုမြင်ရ တိုင်း၊စိတ်မကောင်းပါ။မိသားစုဝင်ငွေ လုပ်ငန်းတစ်ခုအနေဖြင့်၊ ဆေးလိပ်ရောင်း  ချရာမှ၊၀ယ်ယူသူကိုမီးခြစ်ခြစ်ပေးရာမှ၊  မီးညှိပေးရာမှ သူတို့လေးတွေဆေးလိပ်  သောက်တတ်ကြပေမည်။
ဆေးလိပ်သောက်သူ၊ဆေးလိပ်စွဲသူ တစ်ဦးအနေဖြင့် မိမိတစ်နေ့တာ သောက် သုံးမှုကို ““တစ်လိပ်ကိုဘယ်လောက်၊ ဆယ်လိပ်ကိုဘယ်လောက်”” ဆိုသည်ကို   ဂဏန်းသင်္ချာကိန်းဂဏန်းဖြင့်တွက်စစ်  ၍ရပါသည်။ဤသို့ သင်္ချာနည်းကိန်းဂဏန်း များဖြင့် တွက်ချက်၍မရနိုင်သော ကုန် ကျစရိတ်များရှိပါသေးသည်။
မိမိခံတွင်းတွင် အရသာရှိသည်ဟူ  ၍ပဲဖြစ်ဖြစ်၊စိတ်ကိုရွှင်လန်းတက်ကြွမှုရ နိုင်မည်ထင်၍ သောက်သည်ပဲဖြစ်ဖြစ်၊  စိတ်ခံစားမှုလျော့ပါးစေသည်ဟူ၍၊မြင် သဖြင့်သောက်သည်ပဲဖြစ်ဖြစ်၊စီးကရက်  ဆေးလိပ်ကိုလက်ကြားညှပ်ထားရခြင်း  ကို ဂုဏ်ယူဟန်လုပ်ဟိတ်ထုတ်သည်ပဲ ဖြစ်ဖြစ်၊ဘေးထွက်ဆိုးကျိုးအရဆေးလိပ်   ငွေ့က လူ့ခန္ဓာကိုယ်အဆုတ်ထဲသို့ဝင် သည်။ အဆုတ်မှတစ်ဆင့်သွေးကြောထဲ သို့ ၀င်သည်။နောက် လူ့ခန္ဓာကိုယ်အနှံ့   ပျံ့နှံ့သွားစေသည်။
ဆေးလိပ်၏ ဖွဲ့စည်းမှုတွင်နီကိုတင်း၊   ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့၊ကင်ဆာ  ဖြစ်စေသောဓာတ်ငွေ့များဖြင့် ဖွဲ့စည်း ထားသည်။အသက်ရှူလမ်းကြောင်းမှတစ် ဆင့်အဆုတ်ကိုတိုက်ရိုက်ထိခိုက်စေသည်။
အသက်ရှူလမ်းကြောင်းရောဂါ၊လေ  ရှူပြွန်ရောင်ရောဂါ၊အဆုတ်ကင်ဆာ၊နှလုံး သွေးကြောကျဉ်းရောဂါ၊သွေးကြောပိတ်   ရောဂါ၊အစာအိမ်၊အူသိမ်ရောဂါ၊ကိုယ်ဝန် ပျက်ကျရောဂါ၊ပန်ကရိယ၊သားအိမ်ခေါင်း  ကင်ဆာ——အို–စုံလို့–စုံလို့–ရောဂါ မျိုးစုံက ဆွေမျိုးအုပ်စုဖွဲ့၍၀င်ရောက်နှိပ် စက်ကြပါလိမ့်မည်။
ဆေးလိပ်သောက်သော ကိုယ်ဝန် ဆောင်မိခင်သည်၊မိမိရင်သွေးငယ်၊မျိုး ဆက်သစ်များကိုပါ ဆိုးကျိုး၊ဆိုးမွေ၊ဘေး ထွက်ဆိုးကျိုးများကို တစ်သက်လုံးခံစား စေသည်။
ဆေးပေါ့လိပ်၊ဆေးလိပ်၊စီးကရက်တို့  ၏ ကုန်ကျစရိတ်ထက်မှန်းဆတွက်ဆ၍    မရနိုင်သော ဆုံးရှုံးမှုများကား၊အပေါင်း နှင့်အသင်းနှင့်ဝင်ရောက်နှိပ်စက်ကြပါ သည်။ ဆွေနှင့်မျိုးနှင့်လက်တွဲခေါ်၍ခန္ဓာ ကိုယ်ကိုဖိကြထောင်းကြပါသည်။
နိုင်ငံတော်၏ကျန်းမာရေးမျက်နှာ စာဝယ်(၁၉၉၅)ခုနှစ် ကမ်္ဘာ့ဆေးလိပ်မ သောက်ရေးနေ့ ဆောင်ပုဒ်တစ်ခုကိုပြေး  ၍အမှတ်ရမိသည်။
““သင်ထင်သည်ထက်ဆုံးရှုံးမှာ ဆေး လိပ်သောက်ခြင်းပါ”””Tobacco Costs More Than You Think”
စီးကရက်တစ်လိပ်၏ အန္တရာယ်က အန္တရာယ်ပေါင်း(၄၀၀၀)ကျော်အထိအား နှင့်အင်နှင့်ဘေးထွက်ဆိုးကျိုးမျာပေးနေ ပြီဖြစ်၍၊အပြစ်မဲ့သောကမ္ဘာ့ လူဦးရေ ငါးသန်းကျော်စီးကရက်ကြောင့် ရခဲလှ သော လူ့ဘ၀ကြီးကို လက်ကလေးဝှေ့ ရမ်းခြင်းပင်မပြုနိုင်ဘဲ သေဆုံးသွားကြရ  ပြီကော။
ခေတ်ကြီးတိုးတက်မှု သိပ္ပံနည်းပညာ ဖွံ့ဖြိုးသော ကာလ၀ယ်စီးကရက်ဆေးလိပ်  တွင် လူ့စိတ်ကို စွဲလမ်းစေသော နီကိုတင်း ဓာတ်ပါဝင်မှုနှင့်အန္တရာယ်ရှိ၊ဓာတုပစ္စည်း   (၄၀၀၀)ကျော်ပါဝင်နေမှုပင်မသိလိုက်ဘဲ၊   အရွယ်မရောက်မီ သေဆုံးကုန်ကြပါပြီ။
ဆေးလိပ်သောက်ခြင်းကြောင့်၊ လူ သားအကျိုးပြုလုပ်ငန်းများပြုလုပ်ခွင့်မရ ဘဲ၊နှစ်စဉ် ကမ္ဘာ့လူဦးရေငါးသန်း၊နှစ်စဉ်  သေဆုံးကုန်ကြပါပြီ။
ယနေ့ ကမ်္ဘာမှာဆေးလိပ်သောက် သုံးသူ ၁ဒဿမ ၃ဘီလီယံအထိ ကိန်း ဂဏန်များတိုးမြှင့်လာသည်။မြန်မာနိုင်ငံ   တွင်လည်း အသက်(၁၃)နှစ် အရွယ်လူ့  ဘ၀အကြောင်း ဂဃနဏ မသိသူပင် ဆေးလိပ်ကိုလက်မှာညှပ်၍ ဟန်လုပ်ချင် ကြသည်။
မိဘအုပ်ထိန်းသူဆရာ/မများက အချိန်နှင့်တစ်ပြေးညီ၊မိမိတို့ဝန်းကျင်မှ လောကလူသားမျိုးဆက်သစ် ကလေးများ ၏ အနာဂတ်ဘ၀ရှေ့ရေးကိုငှဲ့ညှာသော အားဖြင့် နီကိုတင်း၏ သားကောင်များ  မဖြစ်ရလေအောင် ယနေ့ပင်တားဆီး ပိတ်ပင်သင့်ပါကြောင်းတိုက်တွန်းရလိုပါ ၏။


ရွှေလင်းပြည့်စုံ
Hot News  

No comments:

Post a Comment