Sunday, November 11, 2012

ထပ်မံရရှိသောမြေငလျင် သတင်းများ

အမရပူရမြို့မှ ပုထိုးတော်ကြီး စိန်ဖူးမြေခဲ့ကြောင်းထပ်မံသိရှိရသည်။”၆.၆ ဆိုတာမြေပြင်ရွေ့ပြတ်မှု(surface rupture )ဖြစ်နိုင်သည့်ပမာဏဖြစ်သည်၊နောက်ဆုံးဖြစ်ခဲ့ သော၁၉၅၆ စစ်ကိုင်း ငလျင်နှင့် ၁၉၉၁ တကောင်းငလျင်တို့နှင့်နှိုင်းယှဉ်လျှင် နှစ် ၆၀ အတွင်း ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သဖြင့် Main Shock လည်းဖြစ်နိုင်သလို  စစ်ကိုင်း fault က 7-7.5ဖြစ်နိုင်တာမို့သတိထားနေတာအကောင်းဆုံးဖြစ်မည်။၁၉၂၉-၁၉၃၁ အတွင်း
Sagaing fault segment ၅ ခုလောက် (ပဲခူး၊တကောင်း၊ဖြူး၊ဆွာ၊တောင်ငူ)တို့မှာတစ်လှည့်စီ လှုပ်ခတ်ခဲ့ခြင်းများဖြစ်ပေါ်ခဲ့ဘူးတာမို့ ဒီမျည်းကြောင်းပေါ်ကတစ်ခြားနေရာတွေမှာလည်း နှစ်ပိုင်းအတွင်း သတိရှိထားသင့်ကြောင်း ဦးသူရထွန်း (မြန်မာနိုင်ငံ မြေငလျင် အသင်း)အတွင်းရေးမှုးမှပြောကြားခဲ့သည်။ယခုလှုပ်ခတ်ခဲ့သောမြေငလျှင်ကြောင့် အမရပူရ မြို့နယ်ရှိ ရွှေလင်းပင်ဘုရား ထီးတော်ယိုင်နဲ့သွားသည်.။.စဉ့်ကူမြို့နယ် ကန်တော်ကျေးရွာအနီး ရွှေတွင်းတွင် ရွှေလုပ်သား ၁၁ ဦးပိတ်မိနေပြီး ယင်းနေရာတစ်ဝိုက်တွင် ငလျင်အသေးစားများဆက်လက်လှုပ်ခတ်နေကြောင်းသိရသည်။

ဥယျာဉ်မှုး
Hot News

No comments:

Post a Comment