Sunday, November 11, 2012

အိန္ဒိယ ကုမ္ပဏီတစ်ခုလစာမပေး၍ အလုပ်သမားများအလုပ်မဆင်း

ရခိုင်ပြည်နယ်၊ ကျောက်ဖြူ မြို့နယ်၊ သဘာဝဓာတ်ငွေ့စီမံကိန်း တွင် အလုပ်လုပ်ကိုင်နေသော ကုမ္ပဏီတစ်ခုကအလုပ်သမားများ  ၏ လစာကိုမပေးဘဲထားသဖြင့် အလုပ်သမားများက အလုပ်မဆင်း ဘဲနေကြကြောင်း သိရသည်။
မြန်မာအလုပ်သမားအများ စုမှာ ဒေသခံများဖြစ်ကြပြီးနေ့စား အလုပ်သမားများအဖြစ်လုပ်ငန်း  မျိုးစုံတွင် ပါဝင်လုပ်ကိုင်နေကြသူ များဖြစ်သည်။
ထိုအိန်္ဒိယကုမ်္ပဏီသည်လုပ် အားခ ၁၀၀၀ ကျပ်ပေးစရာရှိလျှင်  ၁၀၀ ကျပ်သာပေးကြောင်း၊ ငွေ များကို ပုံမှန်ထုတ်မပေးသဖြင့် ထိုကုမ္ပဏီတွင် ကန်ထရိုက်ယူပြီး အလုပ်လုပ်နေကြသော မြန်မာ  ကုမ္ပဏီများမှာ အလုပ်သမားများ ကို လုပ်အားခရှင်းမပေးနိုင်ကြောင်း  သိရသည်။
ယခုကဲ့သို့အိန်္ဒိယတစ်ခုက
အလုပ်သမားများအား လုပ်အားခ ရှင်းမပေးသည့်ကိစ္စကိုမည်သည့် နေရာကိုမှတိုင်ကြား၍မရနိုင် ကြောင်း ခရိုင်မြို့နယ်အုပ်ချုပ်ရေး  မှူးများကလည်း ဘာမှလုပ်မပေး နိုင်ကြောင်း၊ နိုင်ငံတော်၏စီမံကိန်း  များဖြစ်၍ အလုပ်သမားများမှာ မည်သူ့ကိုမှမပြောကြားဘဲဖြစ်နေ ကြောင်း သိရသည်။
တစ်နေ့လုပ်မှတစ်နေ့စားရ သောအလုပ်သမားများမှာ အိန်္ဒိယ ကုမ္ပဏီတစ်ခု၏ ခေါင်းပုံဖြတ် အမြတ်ထုတ်မှုကို မကျေနပ်၍ မဆင်းဘဲနေကြခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။
ဖော်ပြပါပုံမှာ ရွှေသဘာဝဓါတ်ငွေ့စီမံကိန်းလုပ်ငန်းခွင် တစ်ခု၏ပုံဖြစ်ပါသည်။


နိုင်လင်း
Hot News

No comments:

Post a Comment