“ရိုဟင်ဂျာ” ဟုသုံးနှုန်းမှသာအိမ်ထောင်စုစာရင်းကိုလက်ခံမည်ဖြစ်ပြီး င်္ဘဂါလီဟုသုံးနှုန်းပါက အိမ်ထောင်စုစာရင်းကို လက်မခံသည့်ပြဿနာဖြစ်ပွားနေကြောင်း သိရှိရသည်။ဒေသခံများနှင့် ရဲSB(သတင်းတပ်ဖွဲ့) သို့ Hot News မှမေးမြန်းရာတွင်မှန်ကန်ကြောင်းပြောကြားခဲ့ပြီး ယင်းကိစ္စမှာဟုတ်မှန်ကြောင်းပြောကြားခဲ့သည်။ပေါက်တောမြို့နယ်တွင်
ဒေသခံရခိုင်တိုင်းရင်းသားကျေးရွာ ၁၈ရွာရှိ၍ ရခိုင်လူမျိုးလူဦးရေ ၇၀၀ခန့်ရှိကြောင်း၊ဘင်္ဂါလီကျေးရွာမှာ
၃ရွာခန့်ရှိပြီး လူဦးရေမှာ၁၅၀၀၀ခန့်ရှိကြောင်းသိရသည်။လွန်ခဲ့သောရက်များက သားအဖနှစ်ဦး တူမီးသေနတ်ဖြင့် ပစ်ခတ်ခံရသည့်ကိစ္စနောက်ပိုင်းဒေသခံရခိုင်လူမျိုးများသည် လုပ်ကိုင်စာသောက်ရန်ခက်ခဲနေပြီး ကြောက်လန့်နေကြကြောင်းသိရှိရသည်။
တူမီးသေနတ်ဖြင့်ပစ်ခတ်ထွက်ပြေးသွားသောဘင်္ဂါလီလူမျိုး(၅)ဦးကို ရဲတပ်ဖွဲ့မှ လိုက်လံဖမ်းဆီးနေကြောင်းသိရှိရသည်။
မျိုးမြင့်ဇော
Hot News
No comments:
Post a Comment