Sunday, November 11, 2012

ဒီမိုကရေစီဖော်ဆောင်သူတို့ သိထားကြဖို့ (၆၆)နှစ်ပြည့်အောင်ဆန်း အက်တလီစာချုပ်

နိုင်ငံရေးသုတေသီ- ““စာရေးဆရာကြီး၊ ဒေါက်တာမောင်မောင်ရေးသားပြုစုတဲ့  မြန်မာနိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီးနေ၀င်း စာအုပ် ဒုတိယအကြိမ်ထွက်လာတယ်။ တက္ကသိုလ်စိန်တင်၊ စာအုပ်ကြော်ငြာ ဖတ်မိသေးသလား””။
တက္ကသိုလ်စိန်တင်- ““ဖတ်ပါတယ်။ အဲ ဒီစာအုပ်နဲ့အတူ ဒေါက်တာမောင်မောင် ရဲ့ နိုင်ငံတော်လုပ်ကြံမှု စာအုပ်၊ သား မောင်စစ်သည်သို့ စာအုပ်တွေပါ ထွက် လာတယ်။ ဘာကြောင့် မေးတာပါလိမ့်””။
နိုင်ငံရေးသုတေသီ- ““သြော်.. ဒီလိုပါ ဗျာ။ ဗိုလ်ချုပ်ကြီးနေ၀င်းစာအုပ် စာမျက် နှာ (၂၈၅)မှာ၊ စာရေးဆရာ ဒေါက်တာ မောင်မောင်က ဒီလိုရေးသားခဲ့တယ်။ ““၁၉၄၇ခုနှစ်၊ ဇန်န၀ါရီလ(၂၇)ရက်၊ တနင်္လာနေ့တွင် အဓိကအချက်အလက်တို့ အပေါ်၌ သဘောတူညီချက်စာချုပ်ကို ဗိုလ်ချုပ်အောင်ဆန်းနှင့် နန်းရင်းဝန် အက်တလီတို့ လက်မှတ်ရေးထိုးကြသည်။ ရာဇ၀င် ““တွင်””သော
အောင်ဆန်းအက်တ လီစာချုပ်သည် မြန်မာပြည်လွတ်လပ်ရေး ၏ အုတ်မြစ်ဖြစ်သည်…တဲ့””။
တက္ကသိုလ်စိန်တင်- ““ဟုတ်ပါတယ်။ အဲဒါနိုင်ငံရေးသုတေသီ ဘာကိုရည်ရွယ် ပြီး ပြောချင်တာလဲ””။
နိုင်ငံရေးသုတေသီ- ““ဒီရွေ့၊ ဒီမျှ မြန်မာ့ လွတ်လပ်ရေးအတွက် အသက်တမျှ အရေးပါအရာရောက်ခဲ့တဲ့ အောင်ဆန်း အက်တလီစာချုပ်ချုပ်ဆိုခဲ့တာ ယခုလာ မည့် ၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလ (၂၇)ရက် မှာ (၆၆)နှစ်ခရီးကို ရောက်ခဲ့ပြီဗျ။ ဒီလို အရေးပါအရာရောက်ခဲ့တဲ့ မြန်မာ့လွတ် လပ်ရေးရဲ့ အခြေခံအုတ်မြစ်စာချုပ်ကြီး ချုပ်ဆိုနိုင်ဖို့ နှစ်ပေါင်းများစွာ မြန်မာပြည် သူတွေ အသက်ပေါင်းများစွာ စတေးပေး ဆပ်ခဲ့ရတယ်ဆိုတာကို ဒီကနေ့ ဒီမိုကရေ စီ မြန်မာ့ခေတ်သစ် ဦးဆောင်မယ့် လူငယ်တွေ သတိထားဖို့ လိုအပ်လှတယ်””။
တက္ကသိုလ်စိန်တင်- ““မှန်ပါပေတယ်။ ၁၈၈၅ ခုနှစ်၊ မြန်မာ ဦးစွန်းမြေသို့ ယွန်း ခဲ့စဉ်က ကမ္ဘာမကြေဘူးဟေ့လို့ ဟစ် ကြွေးပြီး နယ်ချဲ့ဗြိတိသျှအစိုးရကို လက် နက်ကိုင် တော်လှန်ရင်း ကျဆုံးခဲ့တဲ့ နတ် မောက်နယ်က မင်းကြီးရွှေလရောင်၊(ဗိုလ် ချုပ်အောင်ဆန်း၏အဘိုး)၊ ပုဂံဗိုလ်ချိုတို့ ကအစ ဗြိတိသျှ ဘုရင်ခံအုပ်စိုးတဲ့ခေတ် မှာ အသက်ပေးခဲ့ကြတဲ့ ဆရာတော် ဦးဝိစာရ၊ ဆရာတော် ဦးဥတ္တမ၊ လယ်သမားခေါင်းဆောင်ကြီး ဆရာစံ၊ ၁၃၀၀ ပြည့် အရေးတော်ပုံက အာဠာဝက သခင်ဖိုးလှကြီး၊ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် ပြောရရင် မဆုံး နိုင်တဲ့ သူရဲကောင်းတွေရှိခဲ့တယ်””။
နိုင်ငံရေးသုတေသီ- ““အဲဒါအပြင် ၁၉၄၂ ခုနှစ်၊ အင်္ဂလိပ်-မြန်မာ စတုတ္ထစစ်ပွဲကြီး မှာ ရှေ့တန်းက စွမ်းစွမ်းတမန် သွေးပွက် ပွက်လျှံတဲ့ တိုက်ပွဲတွေနဲ့အတူ ကျဆုံးခဲ့ ကြတဲ့ ရဲဘော်သုံးကျိပ် ဗိုလ်စောအောင်၊ ဗိုလ်မြဒင်၊ ဗိုလ်မိုး ရဲ့ သွေးတွေ မခြောက်သေးမီ အဲဒီ အောင်ဆန်း အက်တလီစာချုပ်ကို ချုပ်ဆိုခဲ့ကြတာပဲ။ ပြောချင်တာက အဲဒီလောက် ခက်ခက် ခဲခဲ အသက်တွေ စတေးခံပြီးချုပ်ဆိုခဲ့တဲ့ အောင်ဆန်းအက်တလီစာချုပ်ကို တရား ၀င် ဆန့်ကျင်ဝံ့တဲ့ နိုင်ငံရေးခေါင်းဆောင် (၄)ဦးပေါ်လာခဲ့တယ်””။
တက်္ကသိုလ်စိန်တင်- ““နိုင်ငံရေးသုတေသီ က ဘယ်သူတွေကို ပြောလိုတာလဲ””။
နိုင်ငံရေးသုတေသီ- ““ပထမကန့်ကွက်သူ နှစ်ဦးက လန်ဒန်မြို့၊ ဒေါင်းနင်းလမ်း ဗြိ တိသျှနန်းရင်းဝန်အိမ်မှာ စာချုပ်ချုပ်ဆို ခဲ့စဉ် လက်မှတ်မထိုးခဲ့ကြတဲ့ ၀န်ကြီးအဖွဲ့ ၀င် ဂဠုန်ဦးစော နဲ့ သခင်ဗစိန်တို့ပါပဲ။ ဒုတိယကန့်ကွက်သူနှစ်ဦးကတော့မြန်မာ ပြည်က ကွန်မြူနစ်ခေါင်းဆောင် သခင် သန်းထွန်းနဲ့ သခင်စိုးတို့ပါပဲ””။
တက္ကသိုလ်စိန်တင်- ““နေဦးဗျ၊ ဒီပုဂ်္ဂိုလ် (၄)ဦးက အောင်ဆန်း အက်တလီစာချုပ် ကို ဆန့်ကျင်ရှုမြင်ရာမှာ အကြောင်း အမျိုးမျိုးရှိခဲ့တယ်ဗျ။ အဲဒီနောက်ကြောင်း ကိစ္စတွေကို ရှုမြင်သုံးသပ်နိုင်ရင် အောင် ဆန်းအက်တလီစာချုပ်ရဲ့ တန်ဖိုးကို ပို ပြီးသိသာထင်ရှားလာမယ်””။
နိုင်ငံရေးသုတေသီ- ““ဟုတ်လား၊ ဘာများ ပါလိမ့်ပြောပြပါဗျာ””။
လန်ဒန်ခရီးတွင် ဗိုလ်ချုပ်အောင် ဆန်းနှင့်အတူပါဝင်ခဲ့သော ၀န်ကြီးအဖွဲ့ ၀င် ဂဠုန်ဦးစောသည် ဗြိတိသျှနယ်ချဲ့ အစိုးရ၏ ယူဂန်ဒါနိုင်ငံအကျဉ်းထောင် တွင် (၄)နှစ်တိတိ ထောင်ထမင်း၊ထောင် ဟင်းစားနေခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် မြန်မာပြည်ပြန်ရောက်သည်။ မြန်မာပြည် ပြန်ရောက်ပြီး လပိုင်းအကြာတွင် ရန်ကုန်
မြို့၊ မြေနီကုန်းအနီး၊ မဟာမြိုင်ကုန်းတက်၊ ပြည်လမ်းပေါ်တွင် ဂဠုန်ဦးစော သေ နတ်ပစ်ခံရသည်။ ကျည်ဆန်က လူကို မထိ၊ ပစ်သည့်သေနတ်က တစ်ချက် တည်းဟုဆိုသည်။ နိုင်ငံရေးလောကတွင် လူမုန်းများသော ဦးစောကို ကြောက်ရုံ လန့်ရုံ မဟုတ်တာ၊ မမှန်တာ၊ မလုပ်ရဲ အောင် သတိပေးသည့်သဘောဖြစ်မည်။ သေနတ်ကျည်ဆန်က ဦးစောကို မထိ မှန်သော်လည်း ဦးစောမျက်လုံးထဲ ကား မှန်ကွဲစ၀င်သွားသည်ဟု ဆိုသည်။ မှန်စ  သုံးစတွင် တစ်စကို ရန်ကုန်ဆေးရုံကြီး တွင် ပါရဂူဆရာဝန်ကြီး ဒေါက်တာကြည် ပေါက ခွဲစိပ်ကုသ ထုတ်ယူပေးသည်။ နောက်မှန်တစ်စကို အိန်္ဒိယနိုင်ငံ ဒါဂျီလင် ဆေးရုံတွင် ပါရဂူဆရာဝန်ကြီးက ခွဲစိပ် ကုသ ထုတ်ယူပေးသည်။ နောက်ကျန် နေသော မှန်တစ်စမှာ မျက်လုံးအိမ်သွေး ကြောထဲတွင် ၀င်နေသဖြင့် ခွဲစိတ်ထုတ် ယူရန် ခက်ခဲနေသည်။  ထိုသို့ ဂဠုန်ဦးစော မျက်စိဒဏ်ရာနှင့် လန်ဒန်၊  ဒေါင်းနင်း လမ်း အစည်းအဝေးသို့ တက်လာပုံကို စာရေးဆရာ ဒေါက်တာမောင်မောင်က ဤသို့ ထောက်ပြသည်။
လန်ဒန်အစည်းအဝေးသို့ သခင် ဗစိန်နှင့်ဦးစောကို ဘုရင်ခံက ရွေးချယ် စေလွှတ်လေသည်။ ရန်ကုန်မြို့တွင် ၁၉၄၆ ခုနှစ်စက်တင်ဘာလအတွင်းက မော် တော်ကားဖြင့် သွားနေစဉ် ဦးစောအား အနားမှကပ်၍ အမည်မသိသူတို့ သေ နတ်ဖြင့် ပတ်ခတ်သွားကြသည်။ မှန်ကွဲ ထိဝင်သဖြင့် ဦးစောမျက်စိတွင် ဒဏ်ရာ ရသည်။ ထို့ကြောင့် ဦးစောသည် အမှု ဆောင်ကောင်စီသို့ အနာနှင့်ဝင်သည်။ လန်ဒန်သွား ကိုယ်စားလှယ်အဖွဲ့တွင် လည်းကောင်း၊ ခေါင်းဆောင်ကြီး မလုပ် ရသည်က ဦးစောပို၍ နာကျင်လေ သည်။
ဒေါက်တာမောင်မောင်က ဤသို့ ဆက်ရေးပါသေးသည်။ ၁၉၄၇ ခုနှစ် အောင်ဆန်းအက်တလီစာချုပ်ကို ဦးစော၊ သခင်ဗစိန်တို့ ကန့်ကွက်ပြီး လက်မှတ် မထိုးခြင်းကို ထိုသို့ သရုပ်ဖော်ရှုမြင်လေ သည်။
စာချုပ်ကို သဘောမတူကြောင်း၊ ဦးစောနှင့် သခင်ဗစိန်တို့က အစည်းအ ဝေးတွင်ထ၍ ကန့်ကွက်ကြသည်။ သို့ရာ တွင် သူတို့သည် ကန့်ကွက်ချင်၍သာ ကန့်ကွက်ကြသည်။ အခြားအကြောင်း မရှိ။ သို့ရာတွင် သူတို့ကို ထောက်ခံမည့် သူ၊ နောက်လိုက်မရှိဟု ဗြိတိသျှနန်းရင်း ၀န် အက်တလီက အကဲခတ်ပြီးလျှင် စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။
အောင်ဆန်းအက်တလီစာချုပ် ချုပ် ဆိုပြီး၍ ဗိုလ်ချုပ်အောင်ဆန်းမြန်မာ ပြည်ပြန်ရောက်သောအခါ ပထမဦးစွာ ဆန့်ကျင်ဝေဖန်သူတို့မှာ ကွန်မြူနစ်ခေါင်း ဆောင်များဖြစ်ကြသော အလံနီသခင်စိုး နှင့် အလံဖြူသခင်သန်းထွန်းတို့ ဖြစ်ကြ သည်။ သူတို့ ကွန်မြူနစ်ခေါင်းဆောင် နှစ်ဦး ဘယ်နေရာ၌ ဘယ်လိုပင် ကွဲကွဲ ပြဲပြဲ၊ ဤနေရာ၌ ထိုသို့ တစ်သံတည်း ထွက်ကြသည်။
မြန်မာပြည်ကို ဗြိတိသျှအစိုးရထံ အောင်ဆန်းရောင်းစားလိုက်ပြီ။
ထိုကွန်မြူနစ်ခေါင်းဆောင်နှစ်ဦးတို့ သည် အောင်ဆန်းအက်တလီစာချုပ်ကို ထိုးနှက်ဝေဖန် ရှုတ်ချကြသည်မှာ စကား လုံးကြွယ်ဝလှကြသည်။ သို့သော် ငါ့ စကားနွားရ၊ ပြောကြသော ထိုကွန်မြူနစ် လူဆိုးခေါင်းဆောင် သခင်စိုးနှင့် သခင် သန်းထွန်းတို့၏ စကားကို မြန်မာပြည်သူ အများက အားထားယုံကြည်ခြင်းမရှိကြ။ မထောက်ခံကြ။ သဘောမတူကြ။ မြန်မာ ပြည်သူတို့၏ နှလုံးသားတွင် ဗိုလ်ချုပ်မှ ဗိုလ်ချုပ် ဖြစ်နေကြပြီ။ နောက်ဆုံး ထို ကွန်မြူနစ်ခေါင်းဆောင်ကြီးတို့သည် အကြံကုန်၍ ဂဠုန်ဆားချက် ကြတော့ သည်။ မင်းသားကြီးမလုပ်ရ၍ ပတ်မ ကြီး ထိုးဖောက်ကြတော့သည်။ ဤသို့ ဖြင့် အောင်ဆန်းအက်တလီစာချုပ်၏ အသီးအပွင့်အဖြစ် ၁၉၄၈ခုနှစ်၊ ဇန်န၀ါရီ လ (၄)ရက် မြန်မာ့လွတ်လပ်ရေးကြီး ကြေညာပြီးသောအခါ၌ ကွန်မြူနစ်၊ ဖြူ နီ၊ ကြောင်ကျား ခေါင်းဆောင်ကြီးများ သည် သိုဝှက်မြေမြှုပ်ထားသော တော် လှန်ရေးပြန် လက်နက် အပျက်အစီးများ  ဖော်ထုတ်ကိုင်စွဲကာ တောနက်ထဲသို့ ပြေးဝင်ကြလေ၏။ ပြည်သူတို့ကို ကျော ခိုင်း၍ မြန်မာပြည် တောရိုင်းနက်ကြီးထဲ သို့ ပြေးဝင်သွားသော သခင်သန်းထွန်း သည် သူ၏ ကွန်မြူနစ်ပါတီဝင် ရောင်း ရင်းသူငယ်ချင်းများဖြစ်ကြသော ဗိုလ်ရန် အောင် (ရဲဘော်သုံးကျိပ်)၊ ရဲဘော် ဘတင်(ဂိုရှယ်)၊ ရဲဘော်ဌေးတို့ကို လည် မျို တုတ်နှင့်ရိုက်၊ ဓားနှင့်ထိုး အမျိုးမျိုး ဖြုတ်ထုတ်သတ် ပယ်ရှင်းခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် သခင်သန်းထွန်းကို တောခို တပ်မတော်သား ရဲဘော်မောင်မြက တောတွင်း၌ လုပ်ကြံသတ်ဖြတ်ခဲ့သည်။ သခင်စိုးမှာ အလံနီကွန်မြူနစ်ပါတီကို ဦး ဆောင်လျက် တောတွင်း၌ ဆင်စွယ်ရွာ လူသတ်ပွဲကြီးအပါအ၀င် ပြည်သူလူထု ကျေးရွာသား၊ ရာပေါင်းများစွာကို သတ် ဖြတ်ညှင်းဆဲပြီး အစိုးရထံတွင် အဖမ်းခံခဲ့ သည်။ နိုင်ငံတော်အစိုးရက သခင်စိုးကို ပြစ်မှုများစွာနှင့် တရားရုံးတင် သေဒဏ် အပြစ်ဒဏ်ချမှတ်၊ ၁၉၈၀ ပြည့်နှစ် အကျဉ်းထောင်ကလွတ်၍ (၈၈)အရေး အခင်းပြီးချိန်၊မကြာမီ အလံနီသခင်စိုး ရန်ကုန်မြို့၌ ကွယ်လွန်သည်။
နိုင်ငံရေးသုတေသီ- ““မြန်မာပြည်နိုင်ငံ ရေးသမိုင်းမှာ သမာသမတ် ဓမ္မဓိဋ္ဌာန် ကျကျရှုမြင်သုံးသပ်နိုင်ခြင်းမရှိသူ၊ နိုင်ငံ ရေးခေါင်းဆောင်တွေ ဘ၀ဇာတ်သိမ်း မကောင်းကြရှာဘူးဗျာ””။
တက္ကသိုလ်စိန်တင်- ““မြန်မာ့ဒီမိုကရေစီ ခရီးရှည်ချီတက်ပွဲ ရဲရဲဝံ့ဝံ့ဆင်နွှဲနေကြသူ ခေါင်းဆောင် နောက်လိုက်အားလုံး ဒီနိုင်ငံရေးသင်ခန်းစာကို ကောင်းစွာကိုင် စွဲကြဖို့  လိုအပ်လှပါတယ်””။


တက္ကသိုလ်စိန်တင်
Hot News      

No comments:

Post a Comment