Sunday, November 11, 2012

၇ ကြိမ်မြောက် ကိုရီးယားရုပ်ရှင်ပွဲတော်သို့ မင်းသား Choung Kyung Ho နှင့် မင်းသမီး Chae Jung An တို့တက်ရောက်ဖွင့်လှစ်

နိုဝင်ဘာလ ၉ ရက်နေ့က ရန်ကုန်မြို့၊ သမ္မတရုပ်ရှင်ရုံတွင် ကျင်းပခဲ့သည့် ၇ ကြိမ်မြောက် ကိုရီးယားရုပ်ရှင်ပွဲတော် ဖွင့်ပွဲသို့ ကိုရီးယားအနုပညာရှင်များဖြစ်သည့် မင်းသား Cho Kyung Ho နှင့် မင်းသမီး Chae Jung An တို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါ ရုပ်ရှင်ပွဲတော်သို့ မြန်မာပရိသတ်များ နှစ်သက်တဲ့ Song Seung Hyun (ဂျွန်စော) နှင့် Song Hye Kyo (အွန်စော) တို့ကို ဖိတ်ခေါ်ရန် ကြိုးစားခဲ့သော်လည်း အဆင်မပြေမှုများ ရှိခဲ့သဖြင့် Cho Kyung Ho နှင့်  Chae Jung An တို့ကို ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Choung Kyung Ho သည်
'I'm Sorry, I Love You'၊ 'Time of  Dog and Wolf' ဇာတ်ကားများဖြင့် အောင်မြင်မှုရရှိထားသူဖြစ်သည်။ မင်းသမီး Chae Jung An သည် 'Coffee Prince No.1'၊ 'Queen of Turn Around ' ဇာတ်ကားများဖြင့် အောင်မြင်မှုရရှိထားသူဖြစ်သည်။
ကိုရီးယားရုပ်ရှင်ပွဲတော်ကို နိုဝင်ဘာလ ၉ ရက်နေ့မှ ၁၂ ရက်နေ့ အထိ ကျင်းပသွားမည်ဖြစ်ပြီး တစ်ရက်လျင် ပွဲချိန်နှစ်ပွဲစီ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ ကိုရီးယားရုပ်ရှင်ပွဲတော်တွင် ပြသခဲ့သည့်ဇာတ်ကားများမှာ Flying Penguin၊ Late Blossom (I love You)၊ Bunt၊ Highway Star  စသည့် ရုပ်ရှင်ဇာတ်ကားများဖြစ်ပြီး ယခုနှစ်အတွင်း ကိုရီးယားနိုင်ငံ၌ အောင်မြင်မှုရရှိထားသည့် ရုပ်ရှင်ဇာတ်ကားများဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment