Sunday, December 9, 2012

ရန်ကုန်မြို့တွင် နေ့စဉ်ထွက်ရှိသော အမှိုက်များမှ လျှပ်စစ်ထုတ်ယူရန် မြို့တော်စည်ပင်သို့ ပြည်ပကုမ္ပဏီ ၃၀ ကျော်မှ လာရောက်ဆွေးနွေးနေ

ha-9-12-1
ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် အနောက်မြင်းပြိုင်ကွင်းလမ်းမတွင် စည်ပင်အမှိုက်သိမ်းယာဉ်ကို ဒီဇင်ဘာလ ၈ ရက်ညက တွေ့ရစဉ်

အလားတူ ဂျပန်နိုင်ငံ၊ Mitsubishi ကုမ္ပဏီမှ နည်းပညာနှင့် ငွေကြေးအကူအညီပေးသွားရန် စီစဉ်နေကြောင်း Mitsubishi Heavy Industries, Ltd(MHI) မှတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ''ကျွန်တော်တို့အနေနဲ့ကတော့ ရန်ကုန်မြို့ကနေ နေ့စဉ်ထွက်နေတဲ့ အမှိုက်တွေကို လျှပ်စစ်ဓါတ်အား  ပြန်ပြီးထုတ်လုပ်တဲ့ နည်းပညာတွေ စက်ရုံတွေတည်ဖို့ လာရောက်ခဲ့တာပါ'' ဟု Mitsubishi Heavy Industries, Ltd(MHI) မှဒုတိယဥက္ကဋ္ဌ Mr.Yukinori ကပြောကြားခဲ့သည်။
ရန်ကုန်မြို့တွင် ယင်းကဲ့သို့ အမှိုက်မှလျှပ်စစ်ထုတ်ယူနိုင်ရေးအတွက်

Thursday, December 6, 2012

မြို့သစ်မြို့၌ မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်

မကွေးတိုင်းဒေသကြီး မကွေးခရိုင် မြို့သစ်မြို့နယ် မြို့နယ်စည်ပင်သာယာဈေးကြီး အတွင်း ဒီဇင်ဘာ (၄)ရက်နေ့ နံနက်(၉း၀၀)အချိန်က မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက် လေ့ကျင့်သရုပ်ပြမှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဝင်များ အရံမီးသတ် တပ်ဖွဲ့ဝင်များ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ ပူးပေါင်း၍ မီးဘေး ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်းအခမ်းအနားကို မြို့သစ်မြို့နယ် စည်ပင်သာယာဈေးကြီးအတွင်း လေ့ကျင့်ကြောင်း သိရသည်။ အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ရာတွင် မြို့နယ်စည်ပင်သာယာရေးမှ

ဘယ်လိုခြိုးခြံချွေတာမလဲ?

အသုံးအဖြုန်းကြီးတာရဲ့ ဆန့်ကျင်  ဘက်ကတော့ ခြိုးခြံချွေတာခြင်းပါပဲ။ ခြိုး ခြံချွေတာဖို့ဆိုတာဒီခေတ်မှာတော့ တော်တော်မလွယ်လှပါဘူး။ ခြိုးခြံချွေတာ  ဖို့စိတ်ရှိသူသာလျှင် မိမိဆန္ဒအလျှောက်  လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ ၀င်ငွေအပေါ်မှာဘယ်လိုချွေတာမလဲဆို တဲ့ ရွေးချယ်မှုတစ်ရပ်ပါပဲ။ ခြိုးခြံချွေတာ   ခြင်းရဲ့ ရလဒ်ကတော့အသုံးစရိတ်ရဲ့ပိုငွေ တွေကို ဘဏ်မှာစုဆောင်းထားခြင်းပဲဖြစ် ပါတယ်။
ချွေတာစုဆောင်းထားတဲ့ငွေတွေကို နေ့စဉ် စုရာက၊ လစဉ်၊ နှစ်စဉ်၊ ဆယ်စုနှစ်များ အထိ တိုးတက်လာမှာဖြစ်ပါတယ်။ အဲဒီ အခါမှာတော့ ကိုယ့်စုဆောင်းငွေတွေဟာ  ပျော်စရာအတိဖြစ်လာပါတယ်။ ပထမ တော့

သံဃာ့သတ္တိ

အကြောင်းတရားကို နားလည်ရင် အကျိုးတရားက ပြေလည်သွားတယ်။ ဥပမာဘာနဲ့ တူသလဲဆိုတော့ လူတစ် ယောက်ကို ခွေးလိုက်ကိုက်နေရင် အဲဒီ ခွေးကို ခဲသာပစ်ပေးလိုက် ခွေးကလူကို မကိုက်တော့ဘဲ ခဲနောက်ကိုလိုက်သွား လိမ့်မယ်။ နောက် ခြင်္သေ့ကလိုက်လာလို့ ခြင်္သေ့ကိုခဲပစ်ပေးလိုက်ရင် ခြင်္သေ့က ခဲကို သွားမကိုက်ဘူး။ အဲဒီခဲကိုဘယ်သူက ပစ်တာလဲဆိုပြီး ကြည့်တယ်။ ပြီးမှ အဲဒီလူကိုကိုက်မှာ အဲဒီလိုပဲ ပြဿနာ တစ်ခု ဖြစ်ပြီဆိုရင် သူ့ရဲ့နောက်ကွယ် မှာ  driven force ခေါ်တဲ့အကြောင်း တရားတွေရှိတယ်။ အဲဒီတော့ ပြဿနာ တစ်ခုကို ဖြေရှင်းတော့မယ်ဆိုရင် ခဲကို ကိုက်တဲ့ခွေးလိုတော့မဖြစ်သင့်ဘူး။ ခဲ ဘယ်ကပစ်လိုက်သလဲ လိုက်ကြည့်တတ် တဲ့ ခြင်္သေ့လိုမှ ပြဿနာကပြေလည် သွားမှာ။
သီတဂူဆရာတော်
ကိုယ်တွေ အယ်ဒီတာအဖွဲ့ဝင်အဖြစ် 

ကျည်ဆံမဲ့စစ်ပွဲများ

တလောကဆောင်းပါးတစ်ပုဒ်ဖတ် ရပါတယ်။ လူဦးရေနဲ့သက်ဆိုင်တဲ့ ကိန်းဂဏန်းတွေအကြောင်းပါ။ ကမ္ဘာ့လူဦးရေ  ဟာ ၂၀၁၂ခုနှစ်၊သြဂုတ်လကုန်ပိုင်းမှာ   (၇၀၅၅)သန်းရှိပြီဆိုတာရယ်၊ကမ္ဘာပေါ် မှာ တစ်ရက်ကို လူနှစ်သိန်းလောက်တိုး နေတာရယ် သိရပါတယ်။ ၂၀၁၁ခုနှစ်၊ အောက်တိုဘာလ(၃၁)ရက်မှာ သန်း  (၇၀၀၀)ဦး မြောက်ကမ္ဘာ့လူသားကို မွေး ဖွားခဲ့ပြီး (၁၀)လအကြာ အခုလို(၅၅)သန်း  ထပ်တိုးတာဖြစ်ပါတယ်။(၁၀)လကို(၅၅) သန်းနှုန်းတိုးသွားရင် သက္ကရာဇ်(၂၀၂၇) ခုနှစ်မှာ သန်း(၈၀၀၀)ရှိမှာဖြစ်ပါတယ်။
လူနေထိုင်ရာတိုက်ကြီး (၆)တိုက် အနက် အာရှတိုက်ရဲ့လူဦးရေက(၄၂၁၆) သန်းဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့  တရုတ်က (၁၃၇၄)သန်း၊အိန်္ဒိယက (၁၂၄၁)သန်းနဲ့ ဘင်္ဂလားဒေ့ရှ်က(၁၅၁)  သန်း၊(၃)နိုင်ငံပေါင်း(၂၇၆၆)သန်းဟာ  အာရှတိုက်လူဦးရေရဲ့ ၆၆ရာခိုင်နှုန်းနီးပါး  ဖြစ်ပါတယ်။ ဆောင်းပါးမှာပါတဲ့

စုံစမ်းစစ်ဆေးရေး ကော်မရှင်တွင် ၈၈ ကျောင်းသားများ မပါသော်လည်းပံ့ပိုးပေးမည်

Photo

လက်ပံတောင်းတောင်ကိစ္စရပ်နှင့်ပတ်သက်သော စုံစမ်းစစ်ဆေးရေးကော်မရှင်တွင် ၈၈ ကျောင်းသားများအနေဖြင့် ပါဝင်ခြင်းမပြုဘဲ ဒေသခံ
များ၊ တက်ကြွလှုပ်ရှားသူများနှင့် စဉ်ဆက်မပြတ်ထိတွေ့ဆက်ဆံ၍ ခိုင်မာသော အချက်အလက်များကို ကော်မရှင်သို့ပေးပို့နိုင်ရန် စီစဉ်ဆောင်
ရွက်မည်ဖြစ်ကြောင်း ၈၈ ကျောင်းသားများအဖွဲ့မှ ကိုမင်းကိုနိုင်က ပြောကြားသည်။
“ကော်မရှင်ထဲမှာက ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်လုံး ပါဝင်ထားပြီဖြစ်တဲ့အတွက် ကျွန်တော်တို့ပါဝင်ဖို့ မလိုအပ်တော့ဘူးလို့ ယူဆပါတယ်။ ကျွန်တော်တို့အနေနဲ့ကလည်း လက်ပံတောင်းတောင်မှာဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်တဲ့တိကျတဲ့အချက်အလက်တွေကို

ငရုတ်သီးမှုန့်နှင့် နနွင်းမှုန့်အချို့တွင် ကင်ဆာနှင့် မျိုးရိုးဗီဇကို ထိခိုက်စေနိုင်သည့် ဆိုးဆေးများတွေ့

Photo

မြန်မာတစ်နိုင်ငံလုံးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဈေးကွက်များအတွင်း ကင်ဆာဖြစ်စေပြီး မျိုးရိုးဗီဇကိုပါ ထိခိုက်စေနိုင်သည့် ဓာတုဆိုးဆေးများ အသုံးပြုထားသည့် ငရုတ်သီးမှုန့်များနှင့် နနွင်းမှုန့်များ စစ်ဆေးတွေ့ရှိရကြောင်း သတင်းရရှိသည်။
၂၀၁၂ ခုနှစ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဈေးကွက်များအတွင်း ရောင်းချနေသည့် ငရုတ်သီးမှုန့်၊ နနွင်းမှုန့် နမူနာပေါင်း ၁၀၀၀ နီးပါးအား ကောက်ယူကာ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခဲ့ပြီး ငရုတ်သီးမှုန့် အမှတ်တံဆိပ် ၂၀ နှင့် နနွင်းမှုန့်ထုတ်လုပ်သည့် အမှတ်တံဆိပ်နှစ်မျိုးတို့တွင် စားသုံးရန်မသင့်သည့် ဓာတုဆိုးဆေးများ အသုံးပြုထားကြောင်း ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
“ထုတ်လုပ်သူတွေဆီ အကြောင်းကြားထားတယ်။ ဥပဒေနဲ့ အညီ အရေးယူသွားမှာပါ” ဟု မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
သက်ဆိုင်ရာ ကြီးကြပ်စစ်ဆေးသည့် အဖွဲ့အစည်းကလည်း

၂၀၁၃ တွင် ပြည်တွင်းအတွက် သဘာဝဓာတ်ငွေ့ နှစ်ဆနီးပါး တိုးရမည်

Photo

ကမ်းလွန်သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းများဖြစ်သော ရတနာ၊ ရွှေနှင့် ဇောတိကစီမံကိန်းများမှ လာမည့်နှစ်တွင် ပြည်တွင်းသုံးစွဲမှုအတွက် သဘာဝဓာတ်ငွေ့ နှစ်ဆနီးပါး  တိုးမြှင့်ရဖွယ်ရှိနေကြောင်း သတင်းရရှိသည်။
လက်ရှိအချိန်တွင် ပြည်တွင်း သုံးစွဲမှုအတွက် ရတနာသဘာဝ ဓာတ်ငွေ့စီမံကိန်းမှ နေ့စဉ်သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၁၉၀ ၀န်းကျင် ပို့လွှတ်နေပြီး လာမည့်နှစ်တွင် တိုးမြှင့်ပို့လွှတ်နိုင်ရန် စီစဉ်နေကြောင်း တိုတယ်အီးအမ်ပီ မြန်မာမှ သိရသည်။
စီမံကိန်းအသစ်များဖြစ်သော ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ ၂၀၁၃ ခုနှစ် မေလအတွင်း ပြည်တွင်းသုံးစွဲမှုအတွက် နေ့စဉ်သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၁၀၀ ပို့လွှတ်မည်ဖြစ်ပြီး ဇောတိက သဘာဝဓာတ်ငွေ့စီမံကိန်းမှ လာမည့်နှစ် နောက်ဆုံးလပတ်တွင် ပြည်တွင်းသုံးစွဲမှုအတွက် နေ့စဉ်

ပြုပြင်ပြောင်းလဲမှုများ ရှိခဲ့သော်လည်း ခြစားမှုအဆိုးဆုံး နိုင်ငံများစာရင်းတွင် မြန်မာ ဆက်လက် ပါဝင်နေ

thn-6-12-5
မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်အတွင်း ပြုပြင်ပြောင်းလဲမှုများ မကြုံစဖူး ဆောင်ရွက်ခဲ့သော်လည်း ခြစားမှုတိုက်ဖျက်ရေး အဆင့်သတ်မှတ်ချက်တွင် သိသိသာသာတိုးတက်ခဲ့ခြင်းမရှိဘဲ ခြစားမှုအဆိုးဆုံးနိုင်ငံများစာရင်းတွင် ပဉ္စမမြောက်နေရာ၌ သတ်မှတ်ခံခဲ့ရသည်။
ဘာလင်အခြေစိုက် Transparency International က နှစ်စဉ်ထုတ် ပြန်သည့် Corruption Perceptions Index စာရင်းတွင် ပါဝင်သည့် ၁၇၆ နိုင်ငံ၌ မြန်မာနိုင်ငံက အဆင့် ၁၇၂ ရရှိခဲ့သည်။ ဒီဇင်ဘာလ ၅ ရက်နေ့က ထုတ်ပြန်ခဲ့သော အဆိုပါ စာရင်းတွင် ခြစားမှုအားသုညမှ ၁၀၀ အထိ အမှတ်ပေးခဲ့ပြီး သုညအဆင့်သည် ခြစားမှုအဆိုးဆုံးအဖြစ် သတ်မှတ်ခဲ့ရာ မြန်မာနိုင်ငံသည် ၁၅ မှတ်ရရှိခဲ့သည်။
ခြစားမှုကို အဆင့်အတန်း သတ်မှတ်ရာတွင်

လှည်းတန်းခုံးကျော်တံတားအား ၂၀၁၃ ခုနှစ် ဧပြီလကုန်၌ အပြီးသတ်ဆောက်လုပ်နိုင်ရန် ဆောင်ရွက်မည်ဟု သိရ

56
လှည်းတန်းခုံးကျော်တံတား တည်ဆောက်ရေးလုပ်ငန်းအား ဒီဇင်ဘာလ ၁ ရက်နေ့ကတွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံတွင် တည်ဆောက်နေသည့် လှည်းတန်းခုံးကျော်တံတားအား လာမည့် ၂၀၁၃ ခုနှစ် ဧပြီလကုန်တွင် အပြီးသတ် တည်ဆောက်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၁ ရက်နေ့က ပြုလုပ်ခဲ့သော လှည်းတန်းခုံးကျော်တံတားနှင့် ပတ်သက်သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် တံတားအား တာဝန်ယူတည်ဆောက်နေသည့် ရွှေတောင်ကုမ္ပဏီမှ အတိုင်ပင်ခံ အင်ဂျင်နီယာ ဦးခင်မောင်ဦးက ပြောကြားခဲ့ပါသည်။
လှည်းတန်းခုံးကျော်တံတား တည်ဆောက်ရန်အတွက်

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုတွင် ရှင်းလင်းထင်ရှားသည့် တည်ဆောက်ပုံကို မတွေ့ရသည့်အတွက် အနည်းငယ်စိုးရိမ်မိသည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

thn-6-12-6
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုတွင် ရှင်းလင်းထင်ရှားသည့် တည်ဆောက်ပုံကို မတွေ့ရသည့်အတွက် မိမိအနေနှင့် အနည်းငယ် စိုးရိမ်မိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က  ဒီဇင်ဘာလ ၆ ရက် နေ့၊ ဆီဒိုးနားဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သော Asean 100 Lead-ership Forum တွင် ပြောကြားခဲ့သည်။
'' မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ ရှင်းလင်းထင်ရှားတဲ့ တည်ဆောက်ပုံကို မတွေ့ရတဲ့အတွက်ကြောင့် ကျွန်မအနည်း ငယ် ပူပန်မိတာရှိပါတယ်။ အခုဆိုရင် နိုင်ငံအနှံအပြားမှာ ပြဿနာတွေ အမျိုးမျိုးပေါ်ပေါက်နေပါတယ်။ လက်ရှိအစိုးရရဲ့ ပွင့်လင်း မြင်သာမှုအဆင့်ကိုလည်း ကျွန်မ ကျေနပ်နေပြီလို့ မဆိုလိုပါဘူး'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
အဆိုပါဖိုရမ်တွင် ဒေါ်အောင်ဆန်းစုကြည်က

င်ငံရေးမှုဖြင့် လိုင်စင်ရုပ်သိမ်းခံထားရသော ရှေ့နေ ၃၂ ဦးအနက် ၁၄ ဦး လိုင်စင်ပြန်လည်ရရှိ

နိုင်ငံရေးမှုဖြင့် လိုင်စင်ရုပ်သိမ်းခံထားရသော ရှေ့နေ ၃၂ ဦးအနက် ၁၄ ဦးလိုင်စင် ပြန်လည်ရရှိခဲ့ပြီဖြစ်ကြောင်း ရှေ့နေများကွန်ရက်မှ သိရသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်၏မေးခွန်းကို ပြည် ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးချုပ်ဦးထွန်းထွန်းဦးက ဖြေကြားခဲ့ရာ၌ ၁၉၇၂ မှ ၂၀၁၂အထိ အကြောင်း အမျိုးမျိုးကြောင့် လိုင်စင်ရုပ်သိမ်းခံထားရသော ရှေ့နေ ၂၀၀ ကျော်ရှိကြောင်း သိရသည်။ ၃၂ ဦးမှာ နိုင်ငံရေးအမှုကြောင့် လိုင်စင်ရုပ်သိမ်းခံခဲ့ရခြင်းဖြစ်ကြောင်း ရှေ့နေများကွန်ရက်မှသိရသည်။
''ကျွန်တော်က ၁၉၉၀ ကနေ ၂၀၀၁ အထိ နိုင်ငံရေးအမှုနဲ့ ထောင်ကျခဲ့တယ်။ ထောင်ကပြန်လွတ်တော့ ကျွန်တော်တို့ အမှုတွေပြန်လိုက်တယ်။ အဲဒီမှာ

ဖမ်းဆီးမှုကြားမှ တာမွေနှင့်ရေကျော်၌ ဆန္ဒထုတ်ဖော်

Myint shared Infinity Power's photo.
ဖမ်းဆီးမှုကြားမှ တာမွေနှင့်ရေကျော်၌ ဆန္ဒထုတ်ဖော် -

ထက်အောင်ခန့် (မြစ်မခ)
by Myit Makha Mediagroup on 5 Dec, 2012

 လက်ပံတောင်းကြေးနီစီမံကိန်းရှိ သပိတ်စခန်းများအား အကြမ်းဖက်ဖြိုခွင်းခဲ့မှုများနှင့်ပတ်သက်၍ ရန်ကုန်တွင် ကန့်ကွက်ဆန့်ကျင် ဆန္ဒထုတ်ဖော်နေသူများအား သက်ဆိုင်ရာမှအရေးယူဆောင်ရွက် လျက်ရှိသော်လည်း ဒီဇင်ဘာလ(၄)ရက်နေ့က တာမွေနှင့်ရေကျော်၌ ဆန္ဒဖော်ထုတ်မှုများ ဆက်လက်ပြုလုပ်လျက်ရှိနေဆဲဖြစ်သည်။

အကြမ်းဖက်ဖြိုခွင်းမှုများအပေါ်ကန့်ကွက်ဆန့်ကျင်ဆန္ဒထုတ်ဖော်မှုများအား နိုဝင်ဘာလ (၃၀) ရက်နေ့ နှင့် ဒီဇင်ဘာလ (၁) ရက်နေ့များတွင်  သံဃာများနှင့် ပြည်သူများဆန္ဒထုတ်ဖော်ပြသခဲ့ပြီး ဒီဇင်ဘာလ (၂) ရက်နေ့ တစ်ကြိမ်၊ (၄) ရက်နေ့၌ တာမွေဗလီအနီးတွင် လူဦးရေ(၄)ယောက်ပါဝင်သည့် ဆန္ဒထုတ်ဖော်မှု ဖြစ်ပွား ခဲ့ပြီး၊ ရေကျော်၌ ကိုတိုးကျော်လှိုင်က ဆိုက်ကားပေါ်မှ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

တာမွေဆန္ဒထုတ်ဖော်သူများတွင် ကိုထင်ကျော်နှင့်ကိုငြိမ်းချမ်းအပါအ၀င် (၅)ဦး ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၂၆) ရက်နေ့ကလည်း ကြေးနီစီမံကိန်း ရပ်တန့်ရန် ပြည်သူများ ဆန္ဒထုတ် ဖော်ပြသခဲ့ပြီး ၎င်းဆန္ဒထုတ်ဖော် သူထဲမှ (၆) ဦးကို ဖမ်းဆီးအရေးယူခဲ့ကာ ဒီဇင်ဘာလ (၂) ရက်နေ့တွင် ကိုမိုးသွေးနှင့် ကိုအောင်စိုးတို့ကို ထပ်မံဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။

ထို့သို့ သက်ဆိုင်ရာမှ ဖမ်းဆီးအရေးယူနေခဲ့သော်လည်း ပြည်သူများက အကြမ်းဖက်ဖြိုခွင်းမှုအပေါ် ဆက်လက် ဆန္ဒထုတ်ဖော်နေဆဲဖြစ်သည်။

“ဒီမိုကရေစီနိုင်ငံလွတ်လပ်တဲ့နိုင်ငံမှာတော့ လွတ်လပ်တဲ့နိုင်ငံသား တစ်ယောက်ဟာ မိမိရဲ့ မကျေနပ်မှုကို မကျေနပ်ဘူးဆိုတာကို ပြောဆိုပိုင်ခွင့်ရှိတယ်။ကိုယ့်အခွင့်အရေးကို ကိုယ်အသုံးချ တာပဲ။”ဟု နိုင်ငံရေးအကျဉ်း သားဟောင်းတစ်ဦးဖြစ်သူ ကိုငြိမ်းချမ်းက ပြောသည်။

ဆန္ဒထုတ်ဖော်သူများအား ဖမ်းဆီးအရေးယူမှုနှင့် သံဃာတော်များအား ဆေးဝါးများလုံလောက်စွာ မကုသပေးခြင်းများကို တာဝန်ယူတာဝန်ခံဖြေရှင်းပေးစေချင်ကြောင်း ဆန္ဒထုတ်ဖော်သူများထံက သိရသည်။

“ဒီလိုဖမ်းဆီးမှုတွေက မကောင်းပါဘူး။ ဒါမျိုးတွေက မလုပ်သင့်ပါဘူး။ လက်ရှိသံဃာတော်တွေကို လုံလောက်စွာ ဆေးကုသမှု မပေးသေးဘူး။ ဒါတွေကိုကျွန်တော်ပြောချင်ပါတယ်။ ဒါတွေကိုတာဝန်ယူ၊ တာဝန်ခံပြီး ဖြေရှင်းပေးပါ လို့ပြောချင်ပါတယ်။”ဟု ကိုငြိမ်းချမ်းက ဆက်ပြောသည်။

စုံစမ်းစစ်ဆေးရေးကော်မရှင်သည် လွတ်လပ်ပြီးတရားမျှတသော စုံစမ်းစစ်ဆေးရေးကော်မရှင် တစ်ခုဖြစ်သင့်ကြောင်း ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ ဖွဲ့စည်းသည့် စုံစမ်းစစ်ဆေးရေးမျိုး ဖြစ်လျှင် လက်ခံနိုင်မည်မဟုတ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း  ကိုငြိမ်းချမ်းက ဆိုသည်။
 
လက်ပံတောင်းကြေးနီစီမံကိန်းရှိ သပိတ်စခန်းများအား အကြမ်းဖက်ဖြိုခွင်းခဲ့မှုများနှင
့်ပတ်သက်၍ ရန်ကုန်တွင် ကန့်ကွက်ဆန့်ကျင် ဆန္ဒထုတ်ဖော်နေသူများအား သက်ဆိုင်ရာမှအရေးယူဆောင်ရွက် လျက်ရှိသော်လည်း ဒီဇင်ဘာလ(၄)ရက်နေ့က တာမွေနှင့်ရေကျော်၌ ဆန္ဒဖော်ထုတ်မှုများ ဆက်လက်ပြုလုပ်လျက်ရှိနေဆဲဖြစ်သည်။

အကြမ်းဖက်ဖြိုခွင်းမှုများအပေါ်ကန့်ကွက်ဆန့်ကျင်ဆန္ဒထုတ်ဖော်မှုများအား နိုဝင်ဘာလ (၃၀) ရက်နေ့ နှင့် ဒီဇင်ဘာလ (၁) ရက်နေ့များတွင် သံဃာများနှင့် ပြည်သူများဆန္ဒထုတ်ဖော်ပြသခဲ့ပြီး ဒီဇင်ဘာလ (၂) ရက်နေ့ တစ်ကြိမ်၊ (၄) ရက်နေ့၌

ဆူပူအကြမ်းဖက်မှုများကြောင့် စာမေးပွဲမဖြေဆိုလိုက်ရသည့် စစ်တွေတက္ကသိုလ် နေ့သင်တန်း ကျောင်းသား၊ ကျောင်းသူများ မောင်တော အ .ထ .က တွင် ဖြေဆိုခွင့်ရ

ဆူပူအကြမ်းဖက်မှုများကြောင့် စာမေးပွဲမဖြေဆိုလိုက်ရသည့် စစ်တွေတက္ကသိုလ် နေ့သင်တန်းကျောင်းသား၊ ကျောင်းသူများကို မောင်တော အ.ထ. က တွင် ဖြေဆိုခွင့်ပြုထားကြောင်း သတင်းရရှိသည်။
ယခုစစ်ဆေးနေသည့် စာမေးပွဲမှာ ၂၀၁၂-၁၃ ပညာသင်နှစ် စက်တင်ဘာလတွင် ကျင်းပခဲ့သည့် စစ်တွေတက္ကသိုလ် ဒုတိယနှစ်ဝက် နေ့သင်တန်း စာမေးပွဲဖြစ်ပြီး ဇွန်လ ၈ ရက် ဆူပူအကြမ်းဖက်မှုများကြောင့် မဖြေဆိုလိုက်ရသည့် ကျောင်းသား၊ ကျောင်းသူ နှစ်ရာကျော် ဖြေဆိုနေကြကာ အများစုမှာ ဘင်္ဂါလီကျောင်းသားများဖြစ်ကြောင်း သိရသည်။ စာမေးပွဲကို

မြန်မာတစ်နိုင်ငံလုံးတွင် ရုပ်ရှင်ရုံစုစုပေါင်း ၁၁၆ ရုံရှိသည့်အနက် အမှန်တကယ် ရုပ်ရှင်ပြသလျက်ရှိသည့် ရုပ်ရှင်ရုံအရေအတွက်မှာ ၄၉ ရုံသာရှိပြီး ရုံအချို့၏ ဝန်ဆောင်မှု အဆင့်အတန်းများမှာ များစွာလိုအပ်ချက်များ ရှိနေ

ha-5-12-9

မြန်မာတစ်နိုင်ငံလုံးတွင် ရုပ်ရှင်ရုံစုစုပေါင်း ၁၁၆ ရုံရှိသည့်အနက် အမှန်တကယ် ရုပ်ရှင်ပြသလျက်ရှိသည့် ရုပ်ရှင်ရုံအရေအတွက်မှာ ၄၉ ရုံသာရှိကာ ရုပ်ရှင်ရုံအချို့၏ ဝန်ဆောင်မှု အဆင့်အတန်းများမှာလည်း များစွာလိုအပ်ချက်များ ရှိနေသေးသည်ဟု မြန်မာအနုပညာရှင်များနှင့် ပြည်ပမှ အနုပညာရှင်များ ပူးပေါင်းဆွေးနွေးသည့် ရုပ်ရှင်လောက တိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ထည့်သွင်းပြောကြားသွားခဲ့သည်။
ယင်းသို့ ရုပ်ရှင်ရုံလိုအပ်ချက်များ ဖြစ်ပေါ်နေမှုမှာ ရုပ်ရှင်လောကသားများကိုယ်တိုင် ဖြေရှင်းရန် လွယ်ကူမည်မဟုတ်ဘဲ နိုင်ငံတော်အဆင့် ဖြေရှင်းရမည်ဖြစ်ကြောင်းကို ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“ရုပ်ရှင်လောကရဲ့ ကျဆင်းနေတဲ့ အခြေအနေကို

လက်ပံတောင်းတောင် သပိတ်စခန်းများအတွင်း ဖြစ်ပွားခဲ့သည့် ကိစ္စရပ်များနှင့် သံဃာတော်များနှင့် ပတ်သက်သည့် ကိစ္စရပ်များကို စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တာဝန်ယူဆောင်ရွက်မည်

thn-6-12-4
လက်ပံတောင်းတောင်ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ပထမဆုံးအစည်းအဝေးကို တွေ့ရစဉ်
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းများအတွင်း ဖြစ်ပွားခဲ့သည့် ကိစ္စရပ်များနှင့် သံဃာတော်များနှင့် ပတ်သက်သည့်ကိစ္စရပ်များကို စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်  တိုင်တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာလ ၄ ရက်နေ့တွင် နေပြည်တော်လွှတ်တော်ဝင်း I-12 ၌ ပြုလုပ်ခဲ့သော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင် ၁/၂၀၁၂ အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။
လက်ပံတောင်းတောင်တွင် ဖြစ်ပွားခဲ့သော ကိစ္စများသည် ပွင့်လင်းမြင်သာမှု အားနည်းခဲ့ခြင်းကြောင့် ဖြစ်ကြောင်း၊ အဆိုပါကိစ္စကို ကိုင်တွယ် ဖြေရှင်းရာတွင် ပြည်သူလူထု၏ ပူး ပေါင်းဆောင်ရွက်မှုနှင့် ဥပဒေစိုးမိုးမှု

Wednesday, December 5, 2012

“အစိုးရအနေနဲ့ တာဝန်ယူစေချင်တယ်၊ အမှန်အတိုင်း ပြောစေချင်တယ်”

လက်ပံတောင်းတောင်သပိတ်စခန်း အင်အားသုံးဖြိုခွဲစဉ် အနီး၌ရှိနေသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်ကို တွေ့ဆုံခြင်း

ရေးသားသူ- အောင်ခိုင်၊ မျိုးမင်းဦး

နိုဝင်ဘာ ၂၉ရက် နံနက်ပိုင်းအဓိကရုဏ်း ဖြစ်ပွားတဲ့နေရာမှာ ရှိနေခဲ့တယ်လို့ သိရပါတယ်။ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ တစ်ယောက်
အနေနဲ့ ဒီဖြစ်ရပ်အပေါ်ဆရာ့ရဲ့ အမြင်ကို သိချင်ပါတယ်။
အဲဒီနေ့မနက် (၃) နာရီမှာ ကျွန်တော်က ကံကုန်းရွာထဲမှာရှိ နေပါတယ်။ သပိတ်စခန်းကနေ “စပြီးဖြစ်နေပြီ” လို့ ဖုန်းနဲ့လှမ်းပြော ပါတယ်။ နာရီဝက်လောက်အကြာ မှာ ဒဏ်ရာရလူနာတွေ များနေလို့ ဆေးရုံတင်ဖို့ လှမ်းပြောပါတယ်။ ဒေါ်ခင်စန်းလှိုင်လှမ်းဆက်သွယ်တဲ့အခါမှာ လမ်းတွေပိတ်ထားတဲ့အတွက် လာလို့မရဘူးလို့ သိရပါတယ်။ ဒါ့ကြောင့် သက်သေခံအနေနဲ့ ရအောင် လုံခြုံရေးတွေကြားထဲ ဖောင်းကားကျေးရွာ ဒက္ခိဏာရာမကျောင်းကို ကျွန်တော်သွားပါတယ်။ ကျောင်းအ၀င်မှာ

 ပြည်တွင်းမှ ရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာရှင်များ၊ နိုင်ငံတကာမှ ရုပ်ရှုင်ပညာရှင်များ ပါဝင်ခဲ့သည့် ရုပ်ရှင်အလုပ်ရုံ ဆွေးနွေးပွဲအား နှစ်ရက်တိုင် ပြုလုပ်

ha-5-12-8

ပြည်တွင်းမှ ရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာရှင်များ၊ နိုင်ငံတကာမှ ရုပ်ရှင်ပညာရှင်များ ပါဝင်ခဲ့ သည့် ရုပ်ရှင်လောက တိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား ဒီဇင်ဘာလ ၁ ရက်နေ့နှင့် ၂ ရက်နေ့များတွင် ရန်ကုန်မြို့ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်၌ နှစ်ရက်တိုင် ပြုလုပ်ခဲ့သည်။ အလုပ်ရုံဆွေးနွေးပွဲတွင် ပထမဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဦးဇင်ဝိုင်းက ရုပ်ရှင်လောက၏ လတ်တလောရင်ဆိုင်နေရသည့် အခြေအနေများ၊ ဈေးကွက်ကျဆင်းမှုများနှင့် လိုအပ်ချက်များကို ပြောကြားသွားခဲ့သည်။
ဆွေးနွေးပွဲအား စတင်ခဲ့ရာ ဦးဇာဂနာက

ရိုဟင်ဂျာဟု တောင်းဆိုမှုများကြောင့် ပေါက်တောမြို့နယ်အတွင်း ခိုးဝင်ဘင်္ဂါလီ ရှိ၊ မရှိ စစ်ဆေးခြင်း နှောင့်နှေးနေ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း ခိုးဝင်ဘင်္ဂါလီ ရှိ၊ မရှိ စစ်ဆေးခဲ့ရာတွင် ရိုဟင်ဂျာဟု တောင်းဆိုနေမှုများကြောင့် စစ်ဆေးမှုများ နှောင့်နှေးနေခဲ့ရကြောင်း သတင်းရရှိပါသည်။
စစ်ဆေးရာတွင် အသက် ၁၈ နှစ် ပြည့်သူ ဘင်္ဂါလီများ၏ ဘိုးဘွားများ၊ အဖေအမေများ၏ မွေးရာဇာတိ၊ လုပ်ကိုင်ခဲ့သော အလုပ်အကိုင်၊ သေဆုံးခဲ့သောနေရာ အစရှိသည်များကို မေးမြန်းခြင်းသာဖြစ်ပြီး ယင်းမေးမြန်းချက်များကို လ၀ကအဖွဲ့မှ မှတ်တမ်းတင် ရေးသားခြင်းမျိုးဖြစ်ကြောင်းလည်း သိရသည်။ သို့ရာတွင် ဘင်္ဂါလီများသည် ၈၂ ဥပဒေအတိုင်း မျိုးဆက်သုံးဆက်အထိကို စစ်ဆေးမည်ဖြစ်သဖြင့် လက်မှတ်မထိုးဘဲ ရိုဟင်ဂျာဟုသာ လက်မှတ်ရေးထိုးပေးရန်နှင့် မှတ်တမ်းတင်ပေးရန် တောင်းဆိုမှုများရှိခဲ့ကြောင်းလည်း သိရသည်။
ပေါက်တောမြို့နယ်အတွင်း အသက် ၁၈ နှစ်ပြည့်ပြီးသူများကိုသာ

နိုဝင်ဘာလ ၂၇ ရက်နေ့မှစပြီး နမ္မတီး-တနိုင်းလမ်းတွင် အစိုးရတပ်များနှင့် ကေအိုင်အေအကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိ

thn-5-12-12-1
နှောင်းမှီလယ်ကွင်းတွင် ဒဏ်ရာရသော ကလေးငယ်တစ်ဦးအား မြစ်ကြီးနားဆေးရုံတွင် ဒီဇင်ဘာလ ၄ ရက်နေ့က တွေ့ရစဉ်
ကချင်ပြည်နယ်အတွင်း နမ္မတီး-တနိုင်းလမ်းတွင် နိုဝင်ဘာလ ၂၇ ရက်နေ့မှစ၍ ဒီဇင်ဘာလ ၃ ရက်နေ့အထိ တပ်မတော်နှင့် KIA အကြား ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်းသိရပြီး ဒီဇင်ဘာလ ၃ ရက် နံနက်က ကြက်ဥတောင်အနီး နောင်းမှီလယ်ကွင်းတွင် စပါးရိတ်နေသော လယ်သမားမိသားစု အပစ်ခံရကာ ၁၂ နှစ် အရွယ် ကလေးငယ်တစ်ဦး ညာဘက် တံတောင်ဆစ်တွင် ကျည်ဆံထိမှန်ပြီး မြစ်ကြီးနားဆေးရုံ၌ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရကြောင်း သတင်းရရှိပါသည်။
''ကျွန်တော်တို့မိသားစု လယ်ထဲမှာ စပါးရိတ်နေတုန်း တပ်ရင်းကားတွေ အစီး ၄၀ လောက် တနိုင်းဘက်ကိုတက်သွားတာ တွေ့လိုက်ပါတယ်။ ခဏနေတော့ ရှေ့ဆုံးကကားတွေ အပစ်ခံရတယ်။ ကျွန်တော်တို့လည်း ၀ပ်နေရတယ်။ အမှန်ခံရတဲ့သားက ကုန်းမြင့်ကျတဲ့နေရာမှာဝပ်မိလို့ ညာဘက်တံတောင်ဆစ်ကို မှန်သွားတယ်။  စပါးရိတ်နေတာ

 ရန်ကုန်မြို့တွင် အခြေခံလူတန်းစားများ အားထားစီးနင်းနေရသော မြို့ပတ်ရထား ထွက်ချိန်မမှန်ခြင်းများရှိနေ

thn-2-12-12-4
အခြေခံလူတန်းစားအလွှာမှ အဓိကအားထားနေရသော မြို့ပတ်ရထား စီးနင်းမှု မြင်ကွင်းတစ်ခု
ရန်ကုန်မြို့တွင် အခြေခံလူတန်းစားများ အားထားစီးနင်းနေရသော မြို့ပတ်ရထား အချိန်မမှန်ခြင်းများ ရှိနေကြောင်း နိုဝင်ဘာလ ၃၀ ရက်နေ့က ပြုလုပ်သော ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ် အစည်းအဝေး(ဒုတိယနေ့)တွင် ဗဟန်းမြို့နယ်မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်း မေးမြန်းသော မေးခွန်းအရ သိရှိရသည်။
ယင်းနေ့တွင် ဒေါက်တာညိုညိုသင်းက ''အခုအခါမှာ  ရန်ကုန်တိုင်းဒေသကြီးမှာ  အခြေခံလူ တန်းစားများအားထား စီးနင်းနေရတဲ့ မြို့ပတ်ရထားများဟာ မကြာခဏ ပျောက်ဆုံးလျက်ရှိပါတယ်။ နှစ်စင်းပေါင်းသော်လည်းကောင်း၊ သုံးစင်းပေါင်းသော်လည်းကောင်း၊ ရန်ဖန်ရံခါပြေးဆွဲတာကို တွေ့ရပါတယ်။ အထောက်အထား ခိုင်ခိုင်မာမာနဲ့ ပြောရမယ်ဆိုရင် ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့က ရန်ကုန်ဘူတာကြီးကနေ ညနေ ၄ နာရီမှ ၆ နာရီအထိ ထွက်ရမဲ့ ရထားသုံးစင်းဟာ နောက်ဆုံးရထားသာလျင်

ပုဂံတွင် နိုင်ငံခြားသားကားနှင့် ကမ္ဘာလှည့်ခရီးသွားကားတို့ တိုက်မိပြီး နိုင်ငံခြားသားစီးလာသော စက်ဘီးနှင့် ထပ်မံတိုက်မှု ဖြစ်ပွား

ha-3-12-4
ဂျာမန်နိုင်ငံသား မောင်းနှင်သောကား နိုင်ငံခြားသားတစ်ဦးစီးနင်းလာသည့် စက်ဘီးကိုပါ ဆက်၍တိုက်ကာ လမ်းဝဲဘက်သစ်ပင်တစ်ပင်ကို ထပ်မံဝင်တိုက်ခဲ့စဉ်
ပုဂံမြို့ တောင်ဘီကျေးရွာအနီး မင်းမျော်ရာဇာဘုရား မြောက်ဘက်ကားလမ်းတွင် နိုဝင်ဘာလ ၂၉ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က နိုင်ငံခြားသားကားနှင့် ကမ္ဘာလှည့်ခရီးသွားကားတို့ တိုက်မိပြီး နိုင်ငံခြားသားတစ်ဦးစီးလာသော စက်ဘီးနှင့် ထပ်မံတိုက်မှု ဖြစ်ပွားခဲ့သည်။
ဂျာမန်နိုင်ငံသားတစ်ဦးကိုယ်တိုင် မောင်းနှင်လာသော ပုဂံမြို့ဟောင်းမှ ညောင်ဦးဘက်သို့လာသည့် တိုရိုတာ ဟိုင်းလပ်အဖြူရောင်ကားနှင့် အင်္ဂလန်နိုင်ငံသား စုံတွဲတစ်တွဲ လိုက်ပါလာသော ဒေသခံယာဉ်မောင်းတစ်ဦး မောင်းနှင်လာသည့် ညောင်ဦးဘက်မှ မြို့ဟောင်းဘက်သို့လာသော မစ်ဆူဘီရှီ၊ အဖြူရောင်ကားတစ်စီးတို့ မျက်နှာချင်းဆိုင်အနေအထား တိုက်မှုဖြစ်ပွားရာမှ ဂျာမန်နိုင်ငံသား မောင်းနှင်သောကားသည် နိုင်ငံခြားသားတစ်ဦး စီးနင်းလာသည့် စက်ဘီးကိုပါ ဆက်၍တိုက်ကာ လမ်းဝဲဘက်သစ်ပင်တစ်ပင်ကို

နိုင်ငံခြားငွေများ ရောင်းဝယ်လဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်လိုသော ဘဏ်မဟုတ်သည့် ကုမ္ပဏီ၊ အဖွဲ့အစည်းများ ဗဟိုဘဏ်တွင် စတင်လျောက်ထားနိုင်

55
ဘဏ်များ စုစည်းဖွင့်လှစ်ထားသည့် သိမ်ဖြူငွေလဲစင်တာအတွင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်နေကြစဉ်
နိုင်ငံခြားငွေများ ရောင်းဝယ်လဲလှယ်ရေးလုပ်ငန်းတွင် ဘဏ်မဟုတ်သော ကုမ္ပဏီ၊ အဖွဲ့အစည်းများကို ဆောင်ရွက်ခွင့် စတင်ခွင့်ပြုပေးခဲ့ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်၌ စတင်လျောက်ထားနိုင်ပြီဖြစ်ကြောင်း ဒီဇင်ဘာလ ၃ ရက်နေ့က တရားဝင်ထုတ်ပြန်ခဲ့ပါသည်။
လိုင်စင်ရရှိရန် လျောက်ထားသူများသည် ငွေလဲကောင်တာ လုပ်ငန်းတစ်ခု ဆောင်ရွက်ခြင်းအတွက် ကနဦး မတည်ရင်းနှီးငွေ အနည်းဆုံး ကျပ်သန်း ၃၀ ထည့်ဝင်လုပ်ကိုင်ရမည်ဖြစ်ပြီး ယင်းမတည်ငွေရင်းကို နိုင်ငံခြားငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရ ဘဏ်တစ်ခုခုတွင် စာရင်းဖွင့်လှစ် ထည့်သွင်းရမည်ဖြစ်ကြောင်းနှင့် ငွေလဲကောင်တာ တစ်ခုထက်မက ဆောင်ရွက်လိုပါက ကောင်တာတစ်ခုစီအတွက် မတည်ငွေရင်း ကျပ် ၁၀ သန်းစီ ထပ်မံထည့်ဝင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရပါသည်။
လိုင်စင်လျောက်ထားသူအတွက် သတ်မှတ်ထားသော

Tuesday, December 4, 2012

တရုတ်-မြန်မာ ကုန်သွယ်မှုလမ်းတစ်လျှောက် အဖွဲ့ဖြင့် မှောင်ခိုဖမ်းဆီးရာ တစ်နိုင်တစ်ပိုင် ကုန်သည်လေးများသာ အများဆုံးဖမ်းမိ

ha-5-12-3
တရုတ်နိုင်ငံမှ တရားမဝင် တင်သွင်းလာသော ကျန်းမာရေးအာမခံချက်မရှိသည့် စားသောက်ကုန်များကို သိမ်းဆည်းပြီးဖျက်ဆီးစဉ်

တရုတ်-မြန်မာ ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက် (မူဆယ်ကုန်သွယ်ရေး လမ်းကြောင်း) တွင် တရားမဝင် ကုန်သွယ်မှုများအား Mobile Team ဖွဲ့ကာ စိစစ်ရာ၌ တစ်နိုင်တစ်ပိုင် ကုန်သည်လေးများ အများဆုံးဖမ်းမိကြောင်း သိရသည်။
နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနမှ ဦးဆောင်ကာ Mobile Team အဖွဲ့ဖြင့် စိစစ်ရာ စားသောက်ကုန်နှင့် လူသုံးကုန်စည်များအား တစ်နိုင်တစ်ပိုင် တရားမဝင် သယ်ယူသူများဖမ်းမိပြီး သတ်မှတ်ကြေညာထားသည့် အရေးယူမှုအတိုင်း တိကျစွာ အရေးယူထားကြောင်း သိရသည်။
အချို့စားသောက်ကုန်များမှာ တရားဝင်တင်သွင်းခွင့် ပိတ်ပင်ထားသည့်အတွက် မီးရှို့ဖျက်ဆီးကြောင်း၊ ဥပမာအားဖြင့် အေးခဲကြက်သား၊ ကြက်အူချောင်းကဲ့သို့သော စားသောက်ကုန်များကိုမူ သိမ်းဆည်းကာ ဖျက်ဆီးသည့်စနစ် ကျင့်သုံးကြောင်း နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနမှ သတင်းရရှိသည်။
Mobile Team ဖြင့် ဖမ်းဆီးရာတွင်

ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့တွင် ၁၉၉၆ ခုနှစ်မှ စတင်၍ ပိတ်ပင်ထားသော ပထမနှစ် ဂုဏ်ထူးတန်းများ ပြန်လည်ဖွင့်လှစ် သင်ကြားမည်

54
မန္တလေးတက္ကသိုလ် အ၀င်ဂိတ်အား ဒီဇင်ဘာလ ၄ ရက်နေ့က တွေ့ရစဉ်
ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်၌ ၁၉၉၆ ခုနှစ်မှ စတင်ကာ ဖွင့်လှစ်သင်ကြားခြင်း မရှိခဲ့သော ပထမနှစ် ဂုဏ်ထူးတန်းများကို ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
၂၀၁၂-၂၀၁၃ ပညာသင်နှစ်အတွက် ဂုဏ်ထူးတန်း အထူးပြုဘာသာရပ်များဖြစ်သည့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထ၀ီ၊ သမိုင်း၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ ကွန်ပျူတာ၊ စာကြည့်တိုက်နှင့် သုတပညာရပ်၊     ဒဿနိကဗေဒ၊ စိတ်ပညာ၊ အရှေ့တိုင်းပညာ၊ နိုင်ငံတကာ ဆက်ဆံရေးပညာ၊ မနုဿဗေဒ၊ ရှေးဟောင်း သုတေသနပညာ၊ Biotechnology ဘာသာရပ်များကို ရန်ကုန်တက္ကသိုလ်တွင် ပြန်လည်ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ပြီး မန္တလေးတက္ကသိုလ်တွင်

သပိတ်စခန်းတွင် ဖြစ်ပွားခဲ့သော ကိစ္စရပ်များ၊ သံဃာတော်များနှင့်ပတ်သက်သည်ကိစ္စများကို ဒေါ်အောင်ဆန်းစုကြည်တာဝန်ယူဆောင်ရွက်မည်

ရန်ကုန်၊ ဒီဇင်ဘာ -၅
လက်ပံတောင်းတောင် သပိတ်စခန်းတွင် ဖြစ်ပွားခဲ့သည့် ကိစ္စရပ်များ သံဃာတော်များနှင့် ပတ်သက်သည့်
ကိစ္စရပ်များကို မိမိကိုယ်တိုင် တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်စပ်လျဉ်း၍ ကြေးနီမိုင်းလုပ်ငန်း ဆက်လက်ဆောင်ရွက်ခွင့်ပြုရန်
သင့်၊ မသင့်အတွက် ဒေါ်အောင်ဆန်းစုကြည်ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး အဖွဲ့ဝင် စုစုပေါင်း ၁၆ ဦးပါဝင်သော
စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ဒီဇင်ဘာ ၄ ရက်က ပြုလုပ်ခဲ့သော ပထမဆုံးအစည်းအဝေး အဖွင့်အမှာစကားပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်က
အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာများက သတင်းဖော်ပြသည်။

စုံစမ်းစစ်ဆေးရေးကော်မရှင်ကို အဖွဲ့ သုံးဖွဲ့ ဖွဲ့စည်း၍

အစ္စရေးနှင့် ရှစ်ရက်ကြာ ပဋိပက္ခအတွင်း ဂါဇာတွင် ဒေါ်လာတစ်ဘီလျံကျော် ပျက်စီးဆုံးရှုံး

ha-28-11-4
ဂါဇာကမ်းမြောင်ကို အစ္စရေးက ရှစ်ရက်ကြာ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် တိုက်ရိုက်နှင့် သွယ်ဝိုက်ဆုံးရှုံးမှုမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလျံကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဟားမားစ်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက နိုဝင်ဘာလ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
အစ္စရေးလေကြောင်းမှ ဗုံးကြဲမှုများကြောင့် တိုက်ရိုက်ပျက်စီးဆုံးရှုံးမှုမှာ အမေရိကန်ဒေါ်လာ ၅၄၅ သန်းနှင့် သွယ်ဝိုက်ပျက်စီးဆုံးရှုံးမှုမှာ ဒေါ်လာသန်း ၇၀၀ အထိရှိကြောင်း ယင်းပြောခွင့်ရပုဂ္ဂိုလ် တာဟာအယ်လ်နူနူက ပြောကြားခဲ့သည်။ လေကြောင်း တိုက်ခိုက်မှုများအတွင်း

ရခိုင်ပြည်နယ်အတွင်း ပုဏ္ဏားကျွန်းဓာတ်အားခွဲစက်ရုံ အပါအ၀င် ၂၃၀ ကေဗွီအေ ပင်မဓာတ်အားခွဲရုံများ တည်ဆောက်ရေးလုပ်ငန်းများ စတင်

ha-3-12-3
ပုဏ္ဏားကျွန်းဓာတ်အားခွဲစက်ရုံ အပါအ၀င် ၂၃၀ ကေဗွီအေ ပင်မဓာတ်အားခွဲရုံနှစ်ခု၏ တည်ဆောက်ရေးလုပ်ငန်းခွင်ကို တွေ့ရစဉ်

ရခိုင်ပြည်နယ်အတွင်း ပုဏ္ဏားကျွန်းဓာတ်အားခွဲစက်ရုံ အပါအ၀င် ၂၃၀ ကေဗွီအေ ပင်မဓာတ်အားခွဲရုံနှစ်ခု၏ တည်ဆောက်ရေးလုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်သွယ်တန်းမည့် ပင်မဓာတ်အားခွဲရုံကို ၂၀၁၂ ခုနှစ် နှစ်လယ်ပိုင်းမှ အောင်မေတ္တာကုမ္ပဏီမှ စတင်ကာ တည်ဆောက်နေခြင်းဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့ပေါ်ရပ်ကွက်ဖြစ်သည့် ရွာဟောင်းရပ်ကွက်နေ တောင်သူကိုးဦးပိုင်လယ်မြေဧက (၁၆.၃၈) ဧကပေါ်တွင် တည်ဆောက်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။
တည်ဆောက်သည့်အခါ စီမံကိန်းဧရိယာတွင် ပါဝင်သွားသည့်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ သပိတ်စခန်းများအား ဖြိုခွင်းပြီးနောက် နှစ်ရက်အကြာတွင် ဆန္ဒပြမှု ထပ်မံဖြစ်ပေါ်

27
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်းရှိ သပိတ်စခန်းများအား ရဲတပ်ဖွဲ့ဝင်များက နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၃ နာရီအချိန်ခန့်တွင် အင်အားသုံး ဖြိုခွင်းခဲ့ပြီးနောက် ၂ ရက် အကြာ၌ ဆန္ဒပြမှုများ ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန္ဒပြမှုကို ဒီဇင်ဘာလ ၂ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က ဆားလင်းကြီးမြို့နယ် တုံရွာထိပ်၌ ပြုလုပ်ခဲ့ပြီး ဒေသခံလူအင်အား ၅၀၀ ခန့်က ဆားလင်းကြီးမြို့နှင့် ညောင်ပင်ကြီးမြို့နယ်သို့သွားရာ လမ်းဘေးဝဲယာတစ်လျောက်တွင် ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း၊ ယင်းဆန္ဒဖော်ထုတ်မှုမှာ ၁ နာရီခန့် ကြာချိန်တွင် လူစုခွဲသွားခဲ့ကြကြောင်း သိရှိရပါသည်။
''ဒီနေ့ဆန္ဒပြဖြစ်တဲ့ အကြောင်းအရင်းက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းသွားဖို့ရာနဲ့ ဆန္ဒဖော်ထုတ်တဲ့သူတွေကို ဖမ်းဆီးထားတာ

ရန်ကုန်နည်းပညာတက္ကသိုလ် (အဆင့်မြင့်) ၏ ဝင်ခွင့်ရမှတ်မှာ အခြားအသက်မွေးဝမ်း ကျောင်းတက္ကသိုလ်များ၏ အမှတ်သတ်မှတ်ချက်ထက် အမြင့်ဆုံးနေရာ၌ ရှိနေ

ha-2-12-5
အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်) တွင် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များ၏ ဝင်ခွင့်အနိမ့်ဆုံး အမှတ်စာရင်း ကြည့်ရှုနေကြသူများကို တွေ့ရစဉ်

ရန်ကုန်နည်းပညာတက္ကသိုလ် (အဆင့်မြင့်) ၏ အနိမ့်ဆုံးဝင်ခွင့်ပြု ရမှတ်များမှာ အခြားအသက်မွေးဝမ်း ကျောင်းတက္ကသိုလ်များ၏ အနိမ့်ဆုံး ဝင်ခွင့်ပြုရမှတ်များထက် အမြင့်ဆုံးနေရာ၌ ရှိနေကြောင်း ၂၀၁၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအား အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များသို့ ဝင်ခွင့်စိစစ်ရွေးချယ်မှု အခြေအနေပြဇယားပါ အချက်အလက်များအရ သိရှိရပါသည်။ ရန်ကုန်နည်းပညာတက္ကသိုလ် (အဆင့်မြင့်) သို့ အနိမ့်ဆုံးဝင်ခွင့်ပြု ရမှတ်များမှာ ဆေးတက္ကသိုလ်များသို့ ဝင်ခွင့်ရခဲ့သည့် အနိမ့်ဆုံးဝင်ခွင့်ပြု ရမှတ်များထက်ပင် ပိုမိုနေကြောင်း သိရှိရပါသည်။
“ဒီနှစ်မှာ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားကြတဲ့အခါ

အသက် ၆၀ နှင့် ၇၀ ကျော် ဘိုးဘွားများ နိုင်ငံပိုင်ဆေးရုံကြီးများတွင် အခမဲ့ဆေးကုသခွင့်နှင့် ကျန်းမာရေးစစ်ဆေးခွင့်များ ရရှိတော့မည်

ha-5-12-2
ဦးလှထွန်း ကင်ဆာဖောင်ဒေးရှင်းမှ သက်ကြီးရွယ်အိုလူနာတချို့အား တွေ့မြင်ရစဉ်

အသက် ၆၀ နှင့် ၇၀ ကျော်အရွယ် ဘိုးဘွားများ နိုင်ငံပိုင်ဆေးရုံကြီးများတွင် အခမဲ့ဆေးကုသခွင့်နှင့် ကျန်းမာရေးစစ်ဆေးခွင့်များ ရရှိတော့မည်ဖြစ်ကြောင်း ဒီဇင်ဘာလ  ၃ ရက်နေ့က ပြုလုပ်ခဲ့သော ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက ပြောကြားခဲ့သည်။
ယင်းနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း၏ အသက် ၇၀ ကျော် ဘိုးဘွားများအား နိုင်ငံပိုင်ဆေးရုံများတွင် အခမဲ့ဆေးကုသခွင့်နှင့် ဆေးစစ်ဆေးခွင့်အစီအစဉ် ရှိ၊ မရှိနှင့် ပတ်သက်သည့် မေးမြန်းမှုအပေါ် လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက

ဧရာဝတီ၊ ရန်ကုန်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ရိတ်သိမ်းပြီး/ရိတ်သိမ်းဆဲ စပါးပမာဏများစွာ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့၍ အရေးပေါ်အကူအညီ လိုအပ်နေကြောင်းသိရ

ဧရာဝတီ၊ ရန်ကုန်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း နိုဝင်ဘာလအတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ရိတ်သိမ်းပြီး/ရိတ်သိမ်းဆဲ စပါးပမာဏများစွာ ပျက်စီးဆုံးရှုံးနေသဖြင့် အရေးပေါ်အကူအညီ လိုအပ်နေကြောင်း သိရှိရသည်။
ယင်းသို့ အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုများကို သိရှိနိုင်ရန်နှင့် ပျက်စီးသည့်  စပါးများအား အချိန်မီပြုပြင်နိုင်ရေးအတွက် မြန်မာနိုင်ငံ တောင်သူလယ်သမား အသင်းသည် ဒီဇင်ဘာလ ၁ ရက်နေ့တွင် အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့ပြီး နိုင်ငံတော်က အကူအညီပေးရန် တင်ပြတောင်းဆိုခဲ့ကြောင်း သိရသည်။
မိုးရွာသွန်းမှုကြောင့် ဧရာဝတီတိုင်းဒေသကြီး

Monday, November 19, 2012

သမ္မတ အိုဘားမားနှင့် ဟီလာရီ ကလင်တန်တို့ မြန်မာနိုင်ငံမှ ထွက်ခွာ

အိုဘားမား၏ သမိုင်းဝင်ခရီးစဉ်မှာ မြန်မာနိုင်ငံသို့ နံနက်
၉ နာရီ မိနစ် ၃၀ တွင် ရောက်ရှိပြီး၊ ညနေ ၃ နာရီ ၃၀ မိနစ်တွင် မြန်မာနိုင်ငံမှ ပြန်လည
်ထွက်ခွာသွား၍ ၆ နာရီကြာသည်။ ယခုခရီးစဉ်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နှင့် သမ္မတအိုဘားမားတို့ ပြည်ပသို့ အတူတကွ သွားရောက်မှု၏ နောက်ဆုံးခရီးစဉ်ဖြစ်ဖွယ်ရှိသည်။ အကြောင်းမှာ ဟီလာရီကလင်တန်မှာ မကြာမီတွင် နိုင်ငံခြားရေး ၀န်ကြီးတာဝန်မှ အနားယူတော့

သမ္မတအိုဘားမားသည် ရန်ကုန်တက္ကသိုလ်၌ မိန့်ခွန်းမပြောကြားမီတွင် မြန်မာနိုင်ငံရှိအရပ်ဘက်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များနှင့် သီးသန့်တွေ့ဆုံ

ရန်ကုန်မြို့သို့ရောက်ရှိနေသော သမ္မတအိုဘားမားသည် ရန်ကုန်တက္ကသိုလ်၌ မိန့်ခွန်းမပြောကြားမီတွင် မြန်မာနိုင်ငံရှိအရပ်ဘက်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များနှင့် သီးသန့်တွေ့ဆုံခဲ့သည်။

ထိုသို့ သီးသန့်တွေ့ဆုံရာတွင် သမ္မတက နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများကို တန်ဖိုးထားလေးစားပြီး ဒီမိုကရေစီဖြစ်စဉ်တွင် အရပ်ဘက်လူ့အဖွဲ့အစည်းများသည်

အမေရိကန်သမ္မတခရီးစဉ် တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တစ်ခုတည်းသာကန့်သတ်ချက်တစ်ခုတည်းဖြင့် ပြည်တွင်းသတင်းထောက်(၁၃)ဦး၊အမေရိကန်သတင်းထောက်(၁၃)ဦးသာ သတင်းရယူခွင့်ရှိပြီး ပြည်တွင်းမီဒီယာတွင် STATE  သတင်းထောက် (၈)ဦး ၊စကိုင်းနက်မှ(၂)ဦး၊PRESS များမှ (၃)ဦး စုစုပေါင်း (၁၃)ဦးသာသတင်းရယူခွင့် ရှိသည်။ထို့ကြောင့် သတင်းများကိုအချိန်နှင့်တပြေးညီ ထုတ်ပြန်သွားရန်စီစဉ်ထားကြောင်းသိရသည်။ရန်ကုန်လေဆိပ်နှင့် ရန်ကုန်တက္ကသိုလ်တို့တွင် မီဒီယာကန့်သတ်ချက်မထားပဲ နေရာဝင်ဆံနိုင်မှုအနေအထားအရာ အင်အားအနည်းဆုံးဖြင့် အဖွဲစုံလင်စွာတက်ရောက်ပေးပါရန် အမေရိကန်သံရုံးက မေတ္တာရပ်ခံထားပြီး မီဒီယာများအလိုက် အမေရိကန်သံရုံးသို့ သတင်းပေးပို့ထားမှုအပါအ၀င် ပြန်ကြားရေးဝန်ကြီးဌာနသို့ စာရင်းပေးပို့ထားသူတို့ကိုလည်း လုံခြုံရေးတာဝန်ရှိသူများကိုတစ်ဆင့်ပေးပို

အမေရိကန်ပြည်ထောင်စု၏ သမ္မတဘားရတ်ဟူစိန်အိုဘားမား၏ နာရီပိုင်းမြန်မာပြည်ခရီးစဉ်အတွင်း  ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းဘသင် ခန်းမ၌ မိန့်ခွန်းပြောကြားခဲ့ပြီး မြန်မာ့နိုင်ငံရေးနှင့် ပြည်တွင်းရှိ ငြိမ်းချမ်းရေးအကျိုးဆောင်များနှင့် တွေ့ဆုံခဲ့ပြီး။ လက်ရှိအစိုးရ၏ လုပ်ဆောင်ချက်၊ ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းစဉ်များနှင့် ပတ်သက် ၍ အပြုသဘောဆောင်သော အကြံပြုချက်များနှင့် ပတ်သက်၍ ဗေဒါအင်စတီကျူမှ ဒါရိုက်တာ ဦးမျိုးရန်နောင်သိမ်းအား သဘော  ထားအမြင်များအား တွေ့ဆုံမေး မြန်းဖြစ်ခဲ့ပါသည်။
သမ္မတအိုးဘားမားရဲ့ မြန်မာ ပြည်ခရီးစဉ်မှာ လက်ရှိအစိုးရရဲ့ ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းစဉ်

နိုဝင်ဘာလ ၁၉ ရက်နေ့ အာဆီယံ ဆက်စပ် အစည်းအဝေးများသို့ နိုင်ငံတော် သမ္မတ ကိုယ်စား သမ္မတရုံး ပြည်ထောင်စု ၀န်ကြီး ဦးတင်နိုင်သိန်း တက်ရောက်

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ Peace Place အဆောက်အအုံ၌ ဆက်လက်ပြုလုပ်နေသော (၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးများ အနက် နိုဝင်ဘာလ ၁၉ ရက်နေ့ အစည်းအဝေး အစီအစဉ်များတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကိုယ်စား နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စု ၀န်ကြီး ဦးတင်နိုင်သိန်း တက်ရောက်လျက် ရှိပါသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် အမေရိကန် သမ္မတ အိုဘားမားနှင့်

မာအစိုးရ၏ တင်ပြမှုများကို အာဆီယံ ခေါင်းဆောင်များ ထောက်ခံ

(၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ၌ မြန်မာ အစိုးရ၏ တင်ပြမှုများကို အာဆီယံ ခေါင်းဆောင်များ အနေဖြင့် ထောက်ခံကြောင်း ကမ္ဘောဒီးယားနိုင်ငံ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Kao Kimhuom က နိုဝင်ဘာလ ၁၈ ရက်နေ့ ညနေပိုင်းတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Kao Kimhuom သည်

ကမ္ဘောဒီးယားနိုင်ငံ၏ နာမည်ကျော် ဥပဒေနှင့် စီးပွားရေး အကြံပေး ကုမ္ပဏီ မြန်မာနိုင်ငံ၌ ရုံးခန်း ဖွင့်မည်

၂၀၁၅ ခုနှစ် အာဆီယံ စီးပွားရေး အသိုက်အမြုံ အသက်ဝင်ချိန် မတိုင်မီအချိန်တွင် ကမ္ဘောဒီးယား နိုင်ငံ၏ နာမည်ကျော် ဥပဒေနှင့် စီးပွားရေး အကြံပေး ကုမ္ပဏီ  Sciaroni and Associates က မြန်မာနိုင်ငံနှင့် လာအို နိုင်ငံများသို့ သွားရောက်ပြီး ရုံးခွဲ ဖွင့်လှစ်မည် ဖြစ်ကြောင်း နိုဝင်ဘာလ ၁၈ ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့သည်။

ထိုသို့ ရုံးခွဲဖွင့်မည့် အကြောင်းကို (၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ ပြုလုပ်နေသော ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ရှိ Peace Place အဆောက်အအုံရှိ မီဒီယာ စင်တာတွင် သတင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော်တို့ရဲ့ လာအို ရုံးခွဲကို ဖွင့်လှစ်ဖို

အာဆီယံ လူ့အခွင့်အရေး ကြေညာစာတမ်း၌ မြန်မာနိုင်ငံ ပါဝင် လက်မှတ်ရေထိုး

အာဆီယံ လူ့အခွင့် အရေး ကြေညာ စာတမ်းကို နိုဝင်ဘာလ ၁၈ ရက်နေ့ မွန်းတည့်ချိန်က မြန်မာ အပါအ၀င် အာဆီယံ ခေါင်းဆောင်များက လက်မှတ် ရေးထိုးပြီး ကြေညာစာ တမ်းကို အတည်အဖြစ် ထုတ်ပြန် လိုက်ပါသည်။

အာဆီယံ ခေါင်းဆောင်များ အနေဖြင့် (၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ကျင်းပရာ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်ရှိ Peace Place အဆောက်အအုံ၌ တွေ့ဆုံခဲ့ပြီးနောက် အာဆီယံ လူ့အခွင့်အရေး ကြေညာ စာတမ်းကို အတည်အဖြစ်

ဘင်္ဂါလီ ရိုဟင်ဂျာအရေး မြန်မာအစိုးရ၏ လုပ်ဆောင်ချက်များကို အာဆီယံ အတွင်းရေးမှူးချုပ် အသိအမှတ်ပြု

ဘင်္ဂါလီ ရိုဟင်ဂျာအရေးနှင့် ပတ်သက်ပြီး မြန်မာအစိုးရ၏ ကြိုးပမ်းမှုနှင့် လုပ်ဆောင်မှုများအပေါ် အသိအမှတ်ပြုကြောင်း အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင်ပစ် ဆူဝမ်က နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်ရှိ (၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ ကျင်းပရာ မီဒီယာ စင်တာတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

အာဆီယံ ဒေသတွင်းနိုင်ငံများအကြား အကြမ်းဖက်မှုများ ဖြစ်လာနိုင်ခြေနှင့် စပ်လျဉ်းပြီး ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ဆူရင် ပြောကြားခဲ့သည့် စကားများကို ပြန်လည် ကောက်နှုတ်ပြီး VOA သတင်းဌာနက မေးမြန်းခဲ့သည့် အပေါ် ပြန်လည် ဖြေကြားရာ၌ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဘင်္ဂါလီ ရိုဟင်ဂျာ အရေးနင့် မြန်မာအစိုးရ၏

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ အိုဘားမားတို့တွေ့ဆုံ၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး အောင်မြင်မှု ရရှိရန်အတွက် တတ်နိုင်သမျှ ကူညီသွားမည် ဖြစ်ကြောင်း အမေရိကန်သမ္မတ ပြောကြား

မြန်မာနိုင်ငံသို့ တစ်ရက်ကြာ ရောက်ရှိနေသာ အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံ ဆွေးနွေးပြီးနောက် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ၄င်း၏ နေအိမ်သို့ သွားရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ဆက်ဆံရေး၊ မြန်မာနိုင်ငံတွင် ဖေါ်ဆောင်နေသော ဒီမိုကရေစီရေး ဆောင်ရွက်မှုများ နှင့် စပ်လျဉ်း၍ နာရီဝက်ခန့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ အဆိုပါ တွေ့ဆုံမှုတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်လည်း ပါဝင်ကြောင်း သိရသည်။

ခေါင်းဆောင်နှစ်ဦးသည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အတွင်း

မြန်မာနိုင်ငံ၏ အံ့အားသင့်ဖွယ်ရာ အသွင်ကူးပြောင်းမှုနှင့် ထူးခြားလှသည့် ခရီးစဉ်တို့က ပိုမိုပွင့်လင်းလွတ်လပ်သော ဒီမိုကရက်တစ် အဖွဲ့အစည်းဆီသို့ ဦးတည်နေကြောင်း အမေရိကန်သမ္မတ အိုဘားမားပြောကြား

မြန်မာနိုင်ငံ မင်္ဂလာပါ......
လူသားရဲ့ဂုဏ်သိက္ခာပေါ်မှာ အမေရိကန်ရဲ့ယုံကြည်မှုကြောင့် ကျွန်တော် မြန်မာနိုင်ငံကို ရောက်လာခဲ့တာပါ။ ကျွန်တော်တို့နှစ်နိုင်ငံဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်များစွာမှာ သူစိမ်းတွေလို ဖြစ်နေခဲ့ကြပါတယ်။ ‘ဒါပေမဲ့ ဒီနေ့မှာတော့ ဒီနိုင်ငံရဲ့ ပြည်သူတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဟာ အမြဲတမ်းမျော်လင့်နေခဲ့တယ်ဆိုတာကို ကျွန်တော် ပြောနိုင်ပါပြီ။ မြန်မာပြည်သူတွေက ကျွန်တော်တို့ကို မျော်လင့်ချက်တွေ ပေးခဲ့ပါတယ်။ ခင်ဗျားတို့ရဲ့ ရဲရင့်မှုကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါပြီ။ တနင်္ဂနွေနေ့တွေမှာ နိုင်ငံရေးအကျဉ်းသားမိသားစုတွေဆီကို အဖြူရောင်ဝတ်စုံနဲ့ တက်ကြွလှုပ်ရှားသူတွေ လည်ပတ်တာကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်။ သံဃာတော်တွေက ငြိမ်းချမ်းစွာကန့်ကွက် ဆန္ဒပြကြတာကိုလည်း ကျွန်တော်တို့မြင်တွေ့ခဲ့ရပါပြီ။
ဆိုင်ကလုန်းဒဏ်ကို ခံခဲ့ရတဲ့သူတွေကို ကူညီဖို့အတွက်

နိုဝင်ဘာလ ၁၉ ရက်(ယနေ့) နံနက်ပိုင်းတွင် မန္တလေး၊ အိုးဘို အကျဉ်းထောင်နှင့် ကလေးမြို့ အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသည့် အကျဉ်းသားပေါင်း (၄) ဦး နိုဝင်ဘာလ ၁၉ ရက်နေ့တွင် မန္တလေး အိုးဘိုအကျဉ်းထောင်မှ လွတ်မြောက်လာခဲ့ပြီး အဆိုပါလေးဦးမှာ ပုဒ်မ၁၇(က) ဖြင့် ပြစ်ဒဏ်ကျခံနေရသူများ ဖြစ်ကြသော ကိုအောင်သီဟ၊ ကိုစိုင်းကျော်အောင်၊ ကိုကျော်ဌေး၊ ကိုမောင်မောင်ဦး တို့ဖြစ်ကြောင်း သိရှိရသည်။

ထို့အတူ ကလေးမြို့ အကျဉ်းထောင်မှလည်း

Sunday, November 18, 2012

အမေရိကန်သမ္မတ မစ္စတာ ဘာရက်အိုဘားမား မြန်မာနိုင်ငံသို့ အလုပ်သဘော လာရောက်လည်ပတ်မှု နောက်ဆုံးရသတင်းများ

Nov 19 - 10 : 00 AM
အမေရိကန်သမ္မတ အိုဘားမား ယနေ့နံနက် ၉ နာရီ မိနစ် ၃၀ တွင် ရန်ကုန်သို့ရောက်ရှိ

အမေရိကန်သမ္မတ အိုဘားမားသည် ယနေ့နံနက် ၉ နာရီ မိနစ် ၃၀ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

အမေရိကန်သမ္မတ အိုဘားမားနှင့်အတူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ပါ လိုက်ပါလာခဲ့ပြီး အိုဘားမားနှင့် အဖွဲ့အား ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာ ဒဲရစ်မီရှဲတို့ လာရောက်ကြိုဆိုခဲ့ကြကြောင်း သိရသည်။
သမ္မတ အိုဘားမားနှင့်အဖွဲ့သည် ယနေ့နံနက် ၁၀ နာရီ မိနစ် ၂၀ ၀န်းကျင်တွင် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်သို့ ရောက်ရှိခဲ့ပြီး ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် လွှတ်တော်တွင် တွေ့ဆုံနေကြောင်း သိရသည်။

အမေရိကန်သမ္မတ အိုဘားမားနှင့်အဖွဲ့သည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် လွှတ်တော်တွင် တွေ့ဆုံပြီးပါက တက္ကသိုလ်ရိပ်သာလမ်းရှိ အမေရိကန်သံရုံးသို့ သွားရောက်မည်ဖြစ်ကာ ယင်းမှတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ သွားရောက်တွေ့ဆုံမည်ဖြစ်ကြောင်းသိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမသို့ သွားရောက်ကာ သမ္မတအိုဘားမားက မိန့်ခွန်းပြောကြားမည် ဖြစ်သည်။

ယနေ့အမေရိကန်သမ္မတ အိုဘားမား ခရီးစဉ်တစ်လျှောက် မြန်မာပြည်သူ အများအပြားက ကြိုဆိုခဲ့ကြကြောင်း သတင်းရရှိပါသည်။

Nov 19 - 11 : 45 AM
အမေရိကန်သမ္မတ အိုဘားမားသည် လွှတ်တော်မှ ထွက်ခွာပြီးနောက် ရွှေတိဂုံစေတီတော်သို့ သွားရောက်ဖူးမြှော်မည်ဖြစ်ကာ မြောက်ဘက်မုဒ်မှ ရင်ပြင်တော်ပေါ်သို့ တတ်ရောက်မည်ဖြစ်ကြောင်းနှင့် လက်ရှိအချိန်တွင် သမ္မတအိုဘားမား၏ လုံခြုံရေး တပ်ဖွဲ့ဝင်များ ရွှေတိဂုံစေတီတော်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
Nov 19 - 11 : 45 AM
အမေရိကန်သမ္မတ အိုဘားမားသည် ယနေ့နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ရန်ကုန်ုတိုင်းဒေသကြီး လွှတ်တော်မှ ပြန်လည်ထွက်ခွာသွားပြီဖြစ်သည်။
Nov 19 - 11 : 35 AM
ယနေ့နေ့လည်ပိုင်းတွင်း အမေရိကန်သမ္မတ အိုဘားမားသည် လူမှုရေးအဖွဲ့အစည်းများ၊တိုင်းရင်းသားအဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများကို တွေ့ဆုံပြီး မိန့်ခွန်းပြောကြားမည်ဖြစ်သည်။
Nov 19 - 11 : 30 AM
နိုင်ငံတော်သမ္မတဦသိန်းစိန်နှင့် အမေရိကန်သမ္မတ အိုဘားမားတို့၏ တွေ့ဆုံမှု နံနက် ၁၁နာရီ ၂၀မိနစ်အချိန်တွင် ပြီးစီးခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် အမေရိကန် သမ္မတ အိုဘားမားက ယခုကဲ့သို့ အပြုသဘောဆောင်သောတွေ့ဆုံမှုသည် အမေရိကန် မြန်မာ နှစ်နိုင်ငံ ရေရှည်ဆက်ဆံရေးအတွက် ပထမဆုံးခြေလှမ်းဖြစ်ကြောင်း၊ နိုင်ငံတော် သမ္မတ၏ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုသည် မြန်မာနိုင်ငံအား တိုးတက်မှုကိုဖြစ်ပေါ်စေ ကြောင်း၊ အမေရိကန် မြန်မာနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသည် အမေရိကန်နှင့်မြန်မာနိုင်ငံ နှစ်နိုင်ငံအတွက်သာမက အရှေ့တောင်အာရှအပြင် တစ်ကမ္ဘာလုံးတိုးတက်မှုအတွက် အထောက်အကူပြုနိုင်ကြောင်း နိုင်ငံတော်သမ္မတကြီး၏ ကလေးစစ်သားဆိုင်ရာ ဆောင်ရွက်မှုများနှင့် လက်နက်ကြီးတပ်ဆင်မှု ထိန်းချုပ်မှုဆိုင်ရာ ဆောင်ရွက်မှုများသည် ကောင်းမွန်ပါကြောင်း၊ မြန်မာနိုင်ငံသို့ နောက်တစ်ကြိမ် ထပ်မံ လာရောက်နိင်မည် ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။
Nov 19 - 11 : 00 AM
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်သမ္မတ အိုဘားမားသည် တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် နာရီဝက်ကြာ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း၊ ယင်းနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် အိုဘားမားသည် ပြည်တွင်းပြည်ပ မီဒီယာများနှင့် တွေ့ဆုံမည်ဖြစ်ပြီး တစ်ဦးလျှင် ၅ မိနစ်ခန့် ၄င်းတို့၏ တွေ့ဆုံမှုနှင့် ပတ်သတ်၍ မှတ်ချက်စကားပြောကြားမည် ဖြစ်သော်လည်း မီဒီယာများမှ မေးမြန်းခွင့်မရှိကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော် သတင်းထုတ်ပြန်ရေး ဌာနမှ တာဝန်ရှိသူတစ်ဦးက မီဒီယာများသို့ ပြောကြားခဲ့သည်။
Nov 19 - 10 : 20 AM
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်သမ္မတအိုဘားမားတို့ စတင်တွေ့ဆုံနေပြီဖြစ်ကြောင်း သိရှိရသည်။

ကျန်းမာရေးအသုံးစရိတ် အရှေ့တောင်အာရှတွင် မြန်မာအမြင့်မားဆုံး

အရှေ့တောင်အာရှတွင်းနိုင်ငံများတွင် မြန်မာနိုင်ငံသည် ကျန်းမာရေးအသုံးစရိတ်အမြင့်မားဆုံး တွင်ရှိနေပြီး အသုံးစရိတ်၏ ၈၇ ရာခိုင်နှုန်းသည် လူမမာများအနေ ဖြင့် မိမိတို့ဘာသာ အိတ်စိုက်သုံး စွဲနေရခြင်းဖြစ်ကြောင်းသိရသည်။
အောက်ခြေလူတန်းစား အများစုမှာ တစ်နေ့ဝင်ငွေ ၁၅၀၀  ၀န်းကျင်ရှိကြောင်း၊နေမကောင်း၍ ရပ်ကွပ်ထဲရှိ ဆေးခန်းသို့သွား  ပြလျှင် ၃၀၀၀ပေးရကြောင်း၊အထူးကုဆေးခန်းတစ်ခုတွင် သာမန် ရောဂါတစ်ခုပြသလျှင် ဆရာဝန်  ကိုစမ်းသပ်ခ ၄၀၀၀ပေးရကြောင်း၊  သူနာပြုခ၊အရံသူနာပြုခ၊အခန်းခ  စသည့် စရိတ်များအပါအ၀င် ပျှမ်းမျှ ကျပ်(၁)သိန်းမှ (၁)သိန်းခွဲ   ထိ ကုန်ကျနိုင်ကြောင်းသိရသည်။
လူအများစုအားထားနေရ သော ရပ်ကွက်ဆေးခန်းမှာပင် 

Moe&More ကုမ္ပဏီကို သုခမြိုင်ရေနံလုပ်သားများ ဆန္ဒပြမည်

သုခမြိုင်ရေနံလုပ်သားများ အထက်ချင်းတွင်းဒေသလူငယ်များကွန်ရက်အဖွဲ့ဝင်များ(၈)လေး လုံးအင်အားစု ကလေးမြို့အဖွဲ့ဝင်များနှင့် Moe&More ကုမ္ပဏီ   တာဝန်ရှိသူတို့သည် နိုဝင်ဘာ(၈)  ရက်တွင်၊ကုမ္ပဏီရှိရာ ကလေးမြို့၊  အောင်သစ္စာရပ်ကွက် ကုမ္ပဏီ ရုံးခန်း၌ ဆွေးနွေးညှိနှိုင်းပွဲတစ်ရပ်   ပြုလုပ်ခဲ့ကြောင်း အထက်ချင်းတွင်း     ဒေသလူငယ်များကွန်ရက်မှ ကို မင်းမင်း ပြောပြချက်အရ သိရပါ သည်။
အဆိုပါ ညှိနှိုင်းပွဲတွင် ကုမ္ပဏီ   တာဝန်ရှိသူများနှင့်ရေနံလုပ်သား များ ညှိနှိုင်းမှုအဖြေအား ရေနံ လုပ်သားများဘက်မှ ကျေနပ်ခြင်း   မရှိသောကြောင့် ငြိမ်းချမ်းစွာ ဆန္ဒပြကြတော့မည်ဖြစ်ကြောင်း နိုဝင်ဘာ(၁၆)ရက်တွင် သုခမြိုင်

ထူးခြားသောရေစက်တစ်ခု

အင်းတင်ကျေးရွာနှင့် ချယ်ရီရိုးမ ကုမ္မဏီသွား တောလမ်းတွင်ဦးအောင်ဝင်း+ဒေါ်ခင်မာဌေးတို့၏ ဈေးဆိုင်လေးတစ်ဆိုင်သည်
ကြားစခန်းတစ်ခုသဖွယ်တည်ရှိနေသည်
။ ၄င်းဈေးဆိုင်ကလေးတွင်ဘယ်ဘ၀ရေစက်ကြောင့်မသိ ခွေးမလေးတစ်ကောင်နှင့်
မျောက်သားပေါက်လေးတစ်ကောင်တို့ ငြိမ်းချမ်းစွာ အတူနေထိုင်နေကြသည်ကိုအံ့သြဖွယ်တွေ့ရှိခဲ့ရပါသည်။ ထိုမျောက်ကလေး၏အမည်ကို ဂျော်နီလို့
ပေးထားကြောင်းသိရပြီး ခွေးမလေး၏နာမည်မှာ ၀ိုင်းချစ်ဖြစ်ကြောင်းကိုလည်းသိရပါသည်။ မျောက်ကလေးဂျော်နီကို

မြန်မာနိုင်ငံတောင်သူလယ်သမားအသင်းနှင့်အမေရိကန်ပြည်ထောင်စု USAID မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ

အမေရိကန်ပြည်ထောင်စုUSAID အဖွဲ့သည် မြန်မာနိုင်ငံ သို့ (၃၀.၁၀.၂၀၁၂ မှ ၁၇.၁၁. ၂၀၁၂)အထိ နှစ်ပတ်ကြာလာ ရောက်၍ စိုက်ပျိုးရေးကဏ္ဍနှင့် ပတ်သက်၍ လာရောက်လေ့လာ   ခဲ့ကြပြီး Team Leader အဖြစ်  လိုက်ပါလာပြီး အဖွဲ့ ၀င်များအပြင် Mr.Jakson နှင့်   Professor John တို့လိုက်ပါခဲ့ကြပြီး မြန်မာနိုင်ငံမှ MMRD နှင့်ပူးပေါင်း ၍ တောင်သူလယ်သမားများ၏ လိုအပ်ချက်များကိုလေ့လာ၍ စာတမ်းပြုစုပြီး အမေရိကန်ပြည်ထောင် စု အစိုးရသို့ပြန်လည်တင်ပြသွား မည်သိရသည်။
၂၀၁၂ခုနှစ် နိုဝင်ဘာလ(၁၅)  ရက်နေ့ ညနေ (၄း၃၀)အချိန်တွင်

အမေရိကန်အဆိုတော် ဂျေဆန်မရက်ဇ် ရန်ကုန်မြို့တွင် အခမဲ့ လာရောက်ဖျော်ဖြေမည်

အမေရိကန်အဆိုတော် ဂျေဆန်မရက်ဇ်သည် ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ပြည်သူ့ ရင်ပြင်တွင် အခမဲ့ဖျော်ဖြေပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သူ၏၀က်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။ ''အရမ်းစိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ များစွာသော အသိအမှတ်ပြုမှု၊ အလေးထားမှုတွေနဲ့အတူ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်တယ်။ ကွဲပြားမှုရှိတဲ့ ဖျော်ဖြေပွဲတစ်ခုလုပ်နိုင်ဖို့ မျော်လင့်ထားပါတယ်'' ဟု လူကုန်ကူးမှုနှင့် ပတ်သက်ပြီး အသိပညာပေးရန်အတွက် လာရောက်ဖျော်ဖြေမည့် ဂရမ်မီဆုရှင် အဆိုတော် မရက်ဇ် ပြောကြားသည်။
လူကုန်ကူးမှုနှင့် ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရမှုနှင့် ပတ်သက်ပြီး အသိပညာပေးရန်အတွက် MTV EXIT မှစီစဉ်သည့် အဆိုပါဖျော်ဖြေပွဲတွင် မြန်မာနိုင်ငံမှ ဖျော်ဖြေမှုများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။ MTV EXIT Live in Myanmar ဖျော်ဖြေမှုကို USAID၊ AusAID၊ Walk Free နှင့်အာဆီယံမိတ်ဖက်အဖွဲ့များနှင့်