ဒီဘလောက်သည် သတင်းဝါသနာရှင်များ တစ်နေရာတည်းတွင် သတင်းများ စုံလင်စွာ ဖတ်ရှုနိုင်ရန်အတွက် ၀ါသနာ အလျောက် လွှင့်တင်ထားသော ဘလောက်ဖြစ်ပါတယ်ခင်ဗျာ။သတင်းဌာနကြီးများ၏ မူရင်းသတင်းများကိုလည်း ခရတ်ဒစ် ပေးသွားမှာဖြစ်ပါတယ်။
Wednesday, November 7, 2012
အဝေးသင်တက္ကသိုလ်တွင် ၀ိဇ္ဇာဘာသာရပ် ဦးစားပေးတက်ရောက်သူ များပြား
အဝေးသင်တက္ကသိုလ် တက်ရောက်သူအများစုသည် ၀ိဇ္ဇာဘာသာရပ်များကို အဓိကဦးစားပေး ရွေးချယ်သင်ယူနေကြကြောင်း ရန်ကုန်အဝေးသင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာလှတင့် ကပြောသည်။
အင်္ဂလိပ်ဘာသာစကား အခက်အခဲရှိနေခြင်းကြောင့် မြန်မာစာဘာသာရပ်ကို ကျောင်းသားအများစု ရွေးချယ်နေကြပြီး သိပ္ပံဘာသာရပ်များကို ရွေးချယ်သင်ယူသူနည်းပါးနေကြောင်း သိရသည်။
“ပြောရရင်တော့ စိတ်မကောင်းစရာပဲ။ ဘာလို့လဲဆိုတော့ ၀ိဇ္ဇာတွေများတယ်။ တချို့ကလည်း လွယ်လွယ်ကူကူ ဘွဲ့ရချင်ကြတယ်။ ၀ိဇ္ဇာထဲမှာဆိုရင်
မြန်မာစာအဓိက ယူတာများတယ်။ အင်္ဂလိပ်စာအခက်အခဲရှိကြတော့
မြန်မာစာယူတာပါ။ သမိုင်းနဲ့ပထ၀ီလည်း များတယ်။ ဥပဒေနဲ့ စီးပွားရေးကတော့ သူတို့နောက်ကပေါ့။ အဝေးသင်က ပေါပေါလောလော အောင်တယ်လို့ ပြောကြတာများတော့ ဆရာတို့အရည်အသွေးပါ ပြန်ပြင်တော့မယ်။
ရေရှည်ရည်မှန်းချက်ကတော့ အွန်လိုင်းကနေ အဝေးသင်ပညာရေးစနစ်ကို လုပ်မယ်” ဟုဒေါက်တာ လှတင့်ကပြောသည်။
အထက်တန်းအဆင့်တွင် ၀ိဇ္ဇာဘာသာတွဲ ရွေးချယ်သင်ယူသူဦးရေ နည်းပါးနေသော်လည်း တက္ကသိုလ်အဆင့်တွင် ဘွဲ့ဒီဂရီ ရရှိမှု လွယ်ကူလိုသော ရည်ရွယ်ချက်ဖြင့် ကျောင်းသားများက ၀ိဇ္ဇာဘာသာရပ်များကို ရွေးချယ်သင်ယူနေကြခြင်း ဖြစ်သည်။ ပြီးခဲ့သည့် တက္ကသိုလ်ပညာသင်နှစ်တွင် ၀ိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များနှင့် နိုင်ငံခြားဘာသာတက္ကသိုလ်များသို့ ၀င်ခွင့်ရရှိသူ ၆၆၉၅၃ ဦး၊ အဝေးသင်တက္ကသိုလ်သို့ ၀င်ခွင့်ရရှိသူ ၅၅၉၀၄ ဦး၊
အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များသို့ ၀င်ခွင့်ရရှိသူ (စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆေးကုသရေး၊ သစ်တောတက္ကသိုလ်များမပါ) ၄၄၉၆၉ ဦး ကျောင်း ၀င်ခွင့်ရရှိခဲ့ကြကြောင်း သိရသည်။
နေလင်းထွန်း
7Day News

No comments:
Post a Comment