မကွေးတိုင်းဒေသကြီး မကွေးခရိုင် မြို့သစ်မြို့နယ် မြို့နယ်စည်ပင်သာယာဈေးကြီး အတွင်း ဒီဇင်ဘာ (၄)ရက်နေ့ နံနက်(၉း၀၀)အချိန်က မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက် လေ့ကျင့်သရုပ်ပြမှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဝင်များ အရံမီးသတ် တပ်ဖွဲ့ဝင်များ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ ပူးပေါင်း၍ မီးဘေး ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်းအခမ်းအနားကို မြို့သစ်မြို့နယ် စည်ပင်သာယာဈေးကြီးအတွင်း လေ့ကျင့်ကြောင်း သိရသည်။ အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ရာတွင် မြို့နယ်စည်ပင်သာယာရေးမှ
လက်ပံတောင်းတောင်ကိစ္စရပ်နှင့်ပတ်သက်သော စုံစမ်းစစ်ဆေးရေးကော်မရှင်တွင် ၈၈ ကျောင်းသားများအနေဖြင့် ပါဝင်ခြင်းမပြုဘဲ ဒေသခံ
များ၊ တက်ကြွလှုပ်ရှားသူများနှင့် စဉ်ဆက်မပြတ်ထိတွေ့ဆက်ဆံ၍ ခိုင်မာသော အချက်အလက်များကို ကော်မရှင်သို့ပေးပို့နိုင်ရန် စီစဉ်ဆောင်
ရွက်မည်ဖြစ်ကြောင်း ၈၈ ကျောင်းသားများအဖွဲ့မှ ကိုမင်းကိုနိုင်က ပြောကြားသည်။
“ကော်မရှင်ထဲမှာက ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်လုံး ပါဝင်ထားပြီဖြစ်တဲ့အတွက် ကျွန်တော်တို့ပါဝင်ဖို့ မလိုအပ်တော့ဘူးလို့ ယူဆပါတယ်။ ကျွန်တော်တို့အနေနဲ့ကလည်း လက်ပံတောင်းတောင်မှာဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်တဲ့တိကျတဲ့အချက်အလက်တွေကို